အသင့်ဖြစ်ပြီလား


လောကမှာ ကိုယ့်ဆီကို ကျိန်းသေရောက်လာမယ့်အရာ (၃)ခုရှိပါတယ်။
အဲဒီအရာတွေကတော့ ..... သေခြင်းတရားရယ်၊ အခွန်အခရယ်၊ အပြောင်းအလဲရယ်ပါပဲ။
တကယ်တော့ ယုံကြည်သူခရစ်ယာန်တစ်ယောက်ရဲ့အသက်တာဟာ
ဘုရားသခင်ရဲ့လက်တော်ထဲမှာ တစ်နေ့ထက်တစ်နေ့ ပြုပြင်ပြောင်းလဲခြင်းခံနေရတဲ့အသက်တာဖြစ်ပါတယ်။
လူ့လောကမှာနေထိုင်ရင်း ကျနော်တို့အားလုံးဟာ ဘုရားသခင်စေခိုင်းတဲ့ Mission ကိုထမ်းဆောင်နေရသူ၊
ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို လူသားတွေဆီ ဆင့်ပွားဝေမျှနေသူတွေဖြစ်ပါတယ်။
လောကဆိုတာ ကျနော်တို့အတွက်တော့ ခေတ္တတည်းခိုရာ ယာယီတဲတစ်ခုဖြစ်တယ်လို့
ကျမ်းစာကလည်းဖော်ပြထားပါတယ်။ ကျနော်တို့ရဲ့ ထာဝရမှီတင်းနေထိုင်ရာအိမ်တော်ကို
ပြန်ဖို့အချိန်မရောက်သေးခင်အချိန်လေးမှာ ကျနော်တို့လုပ်ဆောင်ရမယ့် Mission ကိုအာရုံမစိုက်ဘဲ
ယုံကြည်သူအချင်းချင်းပြစ်တင်ဝေဖန်နေကြမယ်ဆိုရင် ဘုရားသခင်ရှေ့မှာ တကယ့်ကိုရုပ်ဆိုးလှပါတယ်။
ကျနော်တို့ရဲ့အိမ်ပြန်ချိန်က တဖြည်းဖြည်းနဲ့နီးကပ်လာချိန်မှာ ကျနော်တို့ရဲ့မီးခွက်တွေမှာ
ဆီဖြည့်ပြီးရဲ့လားဆိုတာ ပြန်ဆန်းစစ်ဖို့အရေးကြီးနေပါတယ်။
ကဲ..... မိတ်ဆွေ ........ ကျနော်တို့အားလုံးကိုယ်လုပ်ဆောင်နေတဲ့အရာတွေအားလုံးဟာ
ဘုရားသခင်စေခိုင်းတော်မူထားတဲ့ Mission နဲ့စပ်ဆိုင်မနေဘူးဆိုရင် အခုပဲပြင်ဆင်လိုက်ရအောင်ဗျာ။


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites