ကြေငြာချက်များ


အခုဆိုရင် ဘုရားသခင်ရဲ့ လမ်းဖွင့်ပေးမှုနဲ့ မျက်နှာသာပေးခြင်းကြောင့်
ခရစ်ယာန်ရေဒီယိုအစီအစဉ်ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ စတင်ထုတ်လွှင့်နိုင်ပြီဖြစ်ပါတယ်။
ဒီအစဉ်ဖြစ်မြောက်လာနိုင်ရေးအတွက်
အဓိကကျတဲ့ MAP RADIO မှ တာဝန်ရှိသူများအားလုံးကို အထူးပဲကျေးဇူးတင်ရှိသလို
ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာများစွာကို ခံစားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ခရစ်ယာန်ဘာသာပိုင်းထုတ်လွှင့်မှုအစီအစဉ်ကို အကောင်အထည်ပေါ်လာအောင်
အိပ်ပျက်ညတွေ၊ ခေါင်းခြောက်မတတ်အတွေးတွေနဲ့ ရူးသွပ်ခဲ့တဲ့ဆရာဗညား၊
ကျနော်တို့ရဲ့ ရူးသွပ်မှုအားလုံးကို တန်းဝင်အောင်ထုဆစ်ပုံဖော်ပေးနေသူ ကိုမင်းသူ အပါအ၀င်
လိုအပ်တဲ့နေရာကနေ အမြဲလိုပါဝင်အားဖြည့်ပေးနေသူ ဆရာမချောသူအောင်တို့အားလုံးအပေါ်
ဘုရားသခင်ရဲ့ အသစ်သောရူပါရုံများနှင့်တကွ ငြိမ်သက်ခြင်း၊ ကျန်းမာခြင်း၊
ကြွယ်ဝခြင်းကောင်းကြီးမင်္ဂလာအလုံးစုံတို့ကို ခံစားရပါစေကြောင်းဆုမွန်ခြွေအပ်ပါတယ်။
ဒီအစီအစဉ် ဆက်လက်ထုတ်လွှင့်သွားနိုင်ဖို့ရန်နဲ့
ဒီအစီအစဉ်ကို လုပ်ဆောင်နေကြတဲ့ အထက်မှာဖော်ပြခဲ့တဲ့သူတွေအတွက်ကို
ကျနော်တို့ ဘလော့ဂ်ကိုလာရောက်လည်ပတ်ကြတဲ့ ညီအစ်ကို၊ မောင်နှမတွေကလည်း
ဆုတောင်းပေးခြင်းအားဖြင့် ပါဝင်ကူညီပေးဖို့ တောင်းဆိုပါရစေ။

ခရစ်တော်၏ချစ်ခြင်းအားဖြင့်
thmaralinn

Share

Twitter Delicious Facebook Digg Stumbleupon Favorites