ကောရိ န္တု သြဝါဒစာပဌမစောင် ( ၁၃း ၄-၈ )

၎မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။ ၅လျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိ သည်ဟု မထင်တတ်၊ ၆မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ဝမ်းမြောက်တတ်၏။ ၇ခပ်သိမ်း သောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ ၈မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက် ဥာဏ်သော်၎င်း၊ အမျိုးမျိုးသောဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။

ဆာလံကျမ်း ( ၉၈း ၁ )

၁ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့၊၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ၊၊ လက်ျာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ၊၊

ရှင်လုကာခရစ်ဝင် ( ၅း ၄ )

စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်း လော့ဟု ရှိမုန်အား မိန့်တော်မူ၏။

ယေရမိအနာဂတ္တိကျမ်း ( ၂၀း ၇ )

၇အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူသည်အတိုင်း၊ အကျွန်ုပ် လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက်အားကြီး၍ နိုင်တော်မူပြီ။

ဧဖက်သြ၀ါဒစာ ( ၄း ၂၆-၂၇ )

၂၆အမျက်ထွက်ရာတွင် အပြစ်မရှိ စေနှင့်။ ၂၇အမျက် မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။

Facing the Giants (Full Movie) 9 subtitles



စိတ်ဓာတ်ကျစရာတွေ၊ အရှုံးတွေနဲ့ရင်ဆိုင်နေရသူတွေအတွက် ဒီဇာတ်ကားလေးအားဖြင့် ဘုရားသခင်စကားပြောမယ်လို့ ယုံကြည်ပြီး တင်ပေးလိုက်ပါတယ်။
ဒီဇာတ်ကားမှာ သင်းအုပ်ဆရာတွေ၊ ယုံကြည်သူတွေ ပါဝင်သရုပ်ဆောင်ထားပြီး
ဘုရားသခင်ရဲ့မစခြင်းကျေးဇူးတော်နဲ့အတူ အခြေအနေပေါ်မှာ မရပ်တည်ဘဲ
 နှုတ်ကပတ်တော်ကို ၀န်ခံခြင်းရဲ့ရလဒ်တွေကို ရှုစားရမှာဖြစ်ပါတယ်။
ဒီဇာတ်ကားအားဖြင့် မျှော်လင့်ချက်တွေ အသစ်တဖန်မွေးဖွားနိုင်ကြပါစေခင်ဗျာ ......

ချစ်ခြင်းအားဖြင့်
သမ္မာအလင်း




သန့်ရှင်းသောဝိညာဉ်တော်



ဓမ္မဟောင်းကာလ၌ သန့်ရှင်းသောဝိညာဉ်တော်သည် လူတစ်ဦးတစ်ယောက်ပေါ်သို့
ခေတ္တခဏသာ ဆင်းသက်၍ လူတစ်ဦးတစ်ယောက်၏အသက်တာကို အသုံးပြုသည်။
ယခုကာလသည် နောက်ဆုံးသောကာလ (သို့) ကျေးဇူးတော်ကာလ (သို့) အသင်းတော်ကာလသို့ ရောက်လာသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်တော်တို့ယုံကြည်သူများ၏
အသက်တာထဲ၌ စရံအဖြစ် ကယ်တင်ခြင်းရရှိသည့်နေ့မှစ၍ လက်ခံရရှိခဲ့ ကြသည်။
ယေရှုသည် ရေနှစ်ခြင်းမင်္ဂလာကို ခံယူချိန်မှစ၍ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝရသည်။
(မာကု ၁း၉၊ မဿဲ ၃း၁၁-၁၇၊ လုကာ ၃း၂၁-၂၂၊ ယော ၁း၂၉-၃၄)
ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝမှသာ အမှုတော်ဆောင်ခြင်းကို စတင်လာသည်။
သို့သော် တပည့်တော်များကတော့ မရိပ်မိဘဲနေကြသည်။ ယေရှုသည် နမိတ်လက္ခဏာများစွာပြသော်လည်း အရင်းအမြစ်ကို တပည့်တော်များသဘောမပေါက်ခဲ့ပါ။ ထို့ကြောင့်ကျမ်းစာကို နားလည်စေခြင်းငှါ တပည့်တော်တို့ ၏ဥာဏ်ကို ဖွင့်တော်မူလျှင်.. လုကာ ၂၄း၄၅
သူတို့လုပ်ရမည့်အလုပ်ဟောရမည့်တရားများကို ပြောပြခဲ့သည်။ သို့သော်ခမည်းတော်၏ ကတိတော်ရှိသည့် အတိုင်း သင်တို့၌ ငါပြုဦးမည်။ သို့ဖြစ်၍ သင်တို့သည် ကောင်းကင်က တန်ခိုးကို မခံမီတိုင်အောင် ယေရုစလင်မြို့၌ နေကြဦးလော့ဟု မိန့်တော်မူ၏။ လုကာ ၂၄း၄၉၊ တမန် ၁း၎
ယေရှုက သူ၏တပည့်တော်များကို ကောင်းကင်ကတန်ခိုးကို စောင့်ဆိုင်းစေသည်။

သန့်ရှင်းသောဝိညာဉ်တော်နှင့်ပတ်သက်သည့် ကတိတော်တချို့

၁။ ယောလ ၂း၂၈-၂၉ - လူမျိုးတကာအပေါ်သို့ (ငါ၏အမှုကိုဆောင်ရွက်သောယောကျာင်္း၊ မိန်းမတို့အပေါ်သို့)
၂။ ဟေရှာယ ၂၈း၁၁ - စကားမပီသောနှုတ်၊ ရိုင်းသောလျှာ (ဝိညာဉ်တော်နှစ်ခြင်းနှင့်ပတ်သက်၍)
၃။ မဿဲ ၃း၁၁ - ငါ့နောက်မှကြွလာသောသူသည် သန့်ရှင်းသောဝိညာဉ်တော်၌၎င်း၊ မီး၌၎င်းဗတ္တိဇံပေးမည်
၎။ မာကု ၁း၈၊ မဿဲ ၃း၁၆၊ လုကာ ၃း၂ - ယေရှုကိုယ်တော်တိုင် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝ၏။

သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်လာခြင်း

၁။ တမန် ၁း၎-၈ - သင်တို့အပေါ်သို့သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍

ကတိတော်ပြည့်စုံခြင်း

၁။ တမန် ၂း၁-၄ - သန့်ရှင်းသောဝိညာဉ်တော်ကို အထက်အရပ်မှသွန်းလောင်းခြင်း
၂။ တမန် ၈း၁၅-၁၇ -ရေနှစ်ခြင်းခံပြီး သန့်ရှင်းသောဝိညာဉ်တော်ကို ခံရကြ၏။ (း၁၆ - တစ်ယောက်အပေါ်မျှ ဝိညာဉ်တော်မသက်ရောက်သေး၊း၁၇ - လက်တင်သောအခါ.. တမန် ၁၉း၆ )
၃။ တမန် ၁၀း၄၄-၄၇ - တရားတော်နာသောသူအပေါင်းတို့အပေါ်၌ သန့်ရှင်းသောဝိညာဉ်တော်သက်ရောက် (း၄၆ - ထိုသူတို့သည် အမျိုးမျိုးသောဘာသာစကားအားဖြင့်ပြော၍ ချီးမွမ်းကြ၏။ ) ယေရှုခရစ်တော်သည် သင့်အား သန့်ရှင်းသောဝိညာဉ်တော်ထဲ၌ နှစ်ခြင်းပေးရန် စောင့်နေပါသည်။
သန့်ရှင်းသောဝိညာဉ်တော်ကို ဟေဗြဲဘာသာစကားအားဖြင့် RUACH (မူရင်း)
သန့်ရှင်းသောဝိညာဉ်တော်ကို ဂရိဘာသာစကားအားဖြင့် PNEUMA (မူရင်း)
တိုက်ခတ်သောလေကို Ruah ဟုခေါ်ဆို၏။ ဝိညာဉ်တော်ဖြစ်သည့်အတိုင်း သဘာဝထက် လွန်ကဲသည်။
သန့်ရှင်းသောဝိညာဉ်တော်သည် ခံစားချက်တန်ခိုးသက်သက်မဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော် တွင်လည်း ဂုဏ်အင်္ဂါရှိပါသည်။ ယော ၃း၈ - လေတွင်လွတ်လပ်ခြင်းရှိသကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်တွင် လွတ်လပ်ခြင်း ရှိသည်။ သို့သော်လည်း ဦးတည်ချက်ရှိသည်။ ဘုရားသခင်၏တန်ခိုးတော်လည်းဖြစ်သည်။
၎။ ယော ၅း၇၊ ၂ကော ၃း၁၇၊ ယော ၄း၂၄ - ဘုရားသခင်သည် ဝိညာဉ်ဖြစ်၍ သူ၏တရားတော်သည် လွတ်ခြင်းချမ်းသာကိုပေးတတ်၏။ ဘုရားသခင်သည် နံဝိညာဉ်ဖြစ်၍ ဝိညာဉ်နှင့်ကိုးကွယ်ရမည်။
၅။ ဆာလံ၁၃၉း ၇-၈ - သန့်ရှင်းသောဝိညာဉ်တော်သည် နေရာတိုင်းတွင်ရှိသည်။ (ပုဂ္ဂိုလ် Person ဖြစ်သည်။)
၆။ ရောမ ၈း၂၇ - စဉ်းစားတွေးတောတတ်၏။ စိတ်နှလုံးကို စစ်သောသဘောရှိသည်။
၇။ ၁ကော ၁၂း၁၁၊ ယော ၁၆း၁၃၊ ၁၆း၇၊ တမန် ၁၃း၂ - သန့်ရှင်းသောဝိညာဉ်တော်သည် ဆန္ဒရှိ၍ အလိုရှိသည့်အတိုင်း လုပ်ဆောင်တတ်သည်။
၈။ ဗျာဒိတ် ၃း၆၊ ၃း၁၃၊ ၂၂၊ ၂း၇၊ ၁၁၊ ၁၇၊ ၂၉ - သန့်ရှင်းသောဝိညာဉ်တော်၌ အသံတော်ရှိ၏။ ဝိညာဉ်တော်၏အသံကို ကြားနိုင်သည်။ စကားပြောတတ်၏။ နားရှိသောသူမည်သည်ကား ကြားပါစေ။
၉။ ရောမ ၁၅း၃၀-၃၁၊ ဧဖက် ၄း၃၀ - Emotion ခံစားချက်ရှိသည်။ ချစ်ခြင်းမေတ္တာကရုဏာချစ်ခြင်းရှိသော ဝိညာဉ်တော်ဖြစ်သည်။ စိတ်နာတတ်၏။
၁၀။ မဿဲ ၁၂း၃၁-၃၂၊ ဟေရှာ ၆၃း၁၀ - ပုန်ကန်၍ သန့်ရှင်းသောဝိညာဉ်တော်ကိုစိတ်နာစေကြ၏။ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားသောသူသည် ယခုဘဝ၊ နောင်ဘဝအပြစ်လွှတ်ခြင်းမရှိ။

သန့်ရှင်းသောဝိညာဉ်တော်၏ပုံဆောင်ချက်အမျိုးမျိုး

၁။ ချိုးငှက် (Dove) - မာကု ၁း၁၀ ၊ နူးညံ့သိမ်မွေ့ခြင်း၊ သန့်ရှင်းခြင်း၊ ငြိမ်သက်ခြင်းကို ပုံဆောင်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် နူးညံ့သိမ်မွေ့သောကြောင့် လူတို့၏ဆန္ဒမပါဘဲ အဘယ်အမှုကိုမျှမပြု။
၂။ ဆီ (Oil) - ထွက်မြောက် ၂၉း၇၊ ၂၈း၄၁၊ လုကာ ၄း၁၈ ၊ ဆီနှင့်လိမ်းသဖြင့်၊ ဆီကိုယူ၍ သူ၏ခေါင်းပေါ်မှာလောင်းသဖြင့်၊ ဟောပြောခြင်းငှါ ဘိသိက်ခြင်း
၃။ မီး (Fire) - တမန် ၂း၁-၄၊ ဝတ်ပြု ၂း၂၄၊ ၁၀း၂၊ ၃ရာ ၁၈း၃၈-၃၉၊ ထွက် ၃း၂၊
၎။ ဝတ်ရုံ (Clothes) - ၄ရာ ၂း၈-၁၃၊ တမန် ၁-၈
၅။ အာမခံပစ္စည်း (Pledge, Ransom) - ၂ကော ၁း၂၂
၆။ တံဆိပ် (Seal) - ၂ကော ၁း၂၂၊ မဿဲ ၂၇း၆၆၊ ဧဖက် ၁း၁-၎
၇။ ရေ (Water) - ယော ၇း၃၇-၃၉၊ ၄း၁၉၊ ယေဇ ၃၆း၂၅-၂၇၊ ဟေရှာ ၁၂း၃၊ ယောလ ၂း၂၈
၈။ လေ (Wind) - ယော ၃း၈၊ ၁ကော ၁၂း၁၁

သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးအချို့ (၁ကော ၁၂း၇-၁၁)

၁။ တန်ခိုးတော်ဆု -
၁) တန်ခိုးကိုပြနိုင်သောနမိလက္ခဏာဆု၊ ၂) ယုံကြည်ခြင်းဆု၊ ၃) အနာရောဂါငြိမ်းခြင်းဆု
၂။ ဗျာဒိတ်တော်ဆု -
၁) ပညာ၊ ၂) ထိုးထွင်းခြင်း၊ ၃) စိတ်ဝိညာဉ်ပိုင်းခြားခြင်း၊
၃။ မှုတ်သွင်းခြင်းဆု -
၁) ပရောဖက်ပြုခြင်းဆိုင်ရာဆုကျေးဇူး၊ မြင်ခြင်း၊ ကြားခြင်း၊ ၂) အမျိုးမျိုးသောဘာသာစကား ပြောခြင်း၊
၃) အမျိုးမျိုးသောဘာသာစကား၏အနက်ပြန်ခြင်း
ဆုကျေးဇူး (၃) မျိုးစလုံးသည် သဘာဝထက်လွန် ဆုကျေးဇူးများဖြစ်၍ ခရစ်တော်အပေါ်အုတ်မြစ်ချကာ ညီညွတ်ခြင်း၊ ချစ်ခြင်းမေတ္တာတိုင်ဖြင့်ဆက်လက်၍ ထပ်ဆင့်တည်ဆောက်သည်။
၁ကော ၁၂ - ဆုကျေးဇူးအကြောင်းဖော်ပြ၍ ယေရှုခရစ်တော်၏ခန္ဓာ၌ရှိသောအင်္ဂါ၊
၁ကော ၁၃ - ချစ်ခြင်းမေတ္တာနှင့်ဆုကျေးဇူးမေတ္တာအရင်းခံ၍အသုံးပြုရန်
၁ကော ၁၄ - ဆုကျေးဇူးများစွာရှိသော်လည်း ဘုရားတစ်ပါးတည်းရှိကြောင်း
ရောမ ၅း၅ - သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းပေးသော ဘုရားသခင်၏မေတ္တာသည် Agape ချစ်ခြင်းမေတ္တာဖြစ်ပြီး အတုမဲ့(တုနှိုင်းမဲ့) မေတ္တာဖြစ်သည်။

ပရောဖက်ပြုခြင်းဆိုင်ရာဆု (Prophecy )

ပရောဖက်ပြုခြင်းကို ဟေဗြဲဘာသာဖြင့် NABA ၊ ဂရိဘာသာဖြင့် Prophecy ဟုခေါ်သည်။
၁ကော ၁၂-၁၄ ဤစကားလုံး ၂၂ ကြိမ်ရှိသည်။ ပရောဖက်ပြုခြင်းသည် သာမန်ဘာသာစကားအားဖြင့် သဘာဝထက်လွန်ကဲသောအရာများကို ဖော်ပြသည်။
၁) ပရောဖက်ပြုခြင်းဆုသည် လိုအပ်သောနေရာ၊ လိုအပ်သောအချိန်၌ လိုအပ်သလိုအသုံးပြုရန်ဖြစ်သည်။ အချိန်တိုင်းပြုလုပ်စရာမလိုပါ။
၂) ပရောဖက်ပြုခြင်းဆိုင်ရာဆုကျေးဇူးနှင့်အမှုတော်ဆောင်ခြင်းသည် အသက်တာ၌ ပရောဖက်ပြုခြင်းနှင့် သာ အမှုတော်ဆောင်ရခြင်း။

စစ်မှန်သောပရောဖက်ပြုခြင်း (၁ကော ၁၄း၃)

၁) တည်ဆောက်ခြင်း
၂) တိုက်တွန်းသွေးဆောင်ခြင်း
၃) လူများကိုသက်သာစေခြင်း
တန်ခိုးနှင့်ဆိုင်သောဆုကျေးဇူး
၁) နိမိတ်လက္ခဏာပြနိုင်ခြင်း
၂) ယုံကြည်ခြင်းတန်ခိုး
၃) အနာရောဂါငြိမ်းခြင်းဆုကျေးဇူး
၎) ဗျာဒိတ်ရူပါရုံဆုကျေးဇူး
၅) ထိုးထွင်းခြင်းဆုကျေးဇူး
၆) ကြိုတင်မြင်နိုင်သောဆု
၇) အတွင်းထဲ၌ စီးထွက်သောပရောဖက်ဆု
၁ကော ၁၃း၉ - မစုံမလင်သောအရာ၊ မစုံမလင်စွာပရောဖက်ပြုတတ်သေးသည်။
၁သက် ၅း၁၉-၂၀ - ပရောဖက်ပြုခြင်းကို မထီမဲ့မြင်မပြုရ။ မှန်၊ မမှန်ပရောဖက်ပြုခြင်းခံသောသူသာ စစ်ဆေးနိုင်သည်။ လေးစားရမည်။
ယောန ၃း၎-၁၀ - နိနဝေမြို့ဖျက်ဆီးမည့်အကြောင်း ပရောဖက်ပြုပြီး၊ ဘုရားသခင်သည် ပရောဖက်ပြုချက် ပြည့်ဝစွာ အကျိုးရှိစေကာ နိနဝေမြို့ကို မဖျက်ဆီးဘဲနေ၏။ ဘုရားအကြံကိုပြောင်းလဲစေသည်။
၁ကော ၁၄း၁ - ပရောဖက်ပြုခြင်းဆုကို အလွန်အလိုရှိပါ။
၁ကော ၁၄း၃၁ - လူတိုင်းပရောဖက်ပြုနိုင်၊ တစ်ယောက်ကိုတစ်ယောက်ပရောဖက်ပြုနိုင်၊ အတွင်းထဲက မှုတ်သွင်းခြင်းခံရသောဆုဖြစ်သည်။

ဗျာဒိတ်တော်ဆုကျေးဇူး

၁) အိပ်မက်ရူပါရုံကို စကားလုံးအားဖြင့်ဖော်ပြသည်။ ဥာဏ်ပညာ (ဘုရားသခင်ထံမှလာသောပညာ)
၁ကော ၂း၆-၈ - ဘုရားသခင်၏ဝှက်ထားသောစကားသည် မဖြစ်သေးသောအရာကို ဖော်ပြ၍ ဘုရားသခင်ထံမှ လာသောပညာဖြစ်သည်။
ကမ္ဘာ ၄၁း၆ - ယောသပ်က ဖာရောဘုရင်၏အိပ်မက်ကို ပြန်ပေးသောပညာဥာဏ်သည် ဘုရားသခင်ထံမှဖြစ်သည်။
၂) ထိုးထွင်းခြင်းဥာဏ်ပညာ (အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို ဖော်ပြသည်)
၎ရာ ၆း၁၁-၁၂ - ဧလိရှဲသိသောဥာဏ်ပညာသည် ထိုးထွင်းခြင်း
ယော ၄း၁၆ - ယေရှုခရစ်တော်က ရှာမာရိမိန်းမကိုသိသောဥာဏ်သည် ထိုးထွင်းခြင်း
ကောလောသဲ ၂း၃ - ဘုရားသခင်ထဲ၌ နက်နဲသောပညာဘဏ္ဍာကိုဝှက်ထားရှိ
၁ကော ၁၂း၁၀ - စိတ်ဝိညာဉ်ကိုပိုင်းခြားခြင်း (ဘုရားသခင်ထံမှလော၊ စာတန်ထံမှလော )
ယော ၁း၄၇ - နာသနေလထဲရှိသောအရာကို ယေရှုခရစ်တော်မြင်ခြင်း
ယော ၂း၂၅ - လူ၏အထဲ၌ရှိသမျှကို ပိုင်းခြားသိခြင်း
တမန် ၁၆း၁၆-၁၈ - နတ်ဆိုးစွဲသောသူအားစိတ်ဝိညာဉ်ပိုင်းခြားသိ၍ နတ်ဆိုးနှင်ထုတ်၊ ဝိညာဉ်ပိုင်းခြားသောဆု ဖြစ်သည်။

ယုံကြည်ခြင်းဆု

ကောင်းကင်မှလာသော ဘုရားသခင်၏ သဘာဝထက်လွန်ကဲ၍ လိုအပ်သောအချိန်၌ သက်ရောက်လာ၏။

သန့်ရှင်းသောဝိညာဉ်တော်၌ပါသော အရည်အချင်းအချို့

၁) ဟေရှာယ ၁၁း၂ - ထာဝရဘုရား၏ဝိညာဉ်တော်တည်းဟူသော
(က) ဥာဏ်ပညာကိုပေးသောဝိညာဉ်
(ခ) ကြံစည်တတ်စွမ်းနိုင်သောသတ္တိကိုပေးသောဝိညာဉ်
(ဂ) ထာဝရဘုရားကိုသိ၍ ကြောက်ရွံ့ခြင်းကိုပေးသောဝိညာဉ်

၂) ယော ၁၄း၁၆-၁၈ -
(က) သမ္မာတရားကိုဖော်ပြသောဝိညာဉ်
(ခ) အစဉ်မပြတ်အတူရှိနေသောဝိညာဉ်

၃) ယော ၁၆း၇-၈ -
(က) ဒုစရိုက်အပြစ်ကိုဖော်ပြမည်
(ခ) အပြစ်ကင်းခြင်းကိုဖော်ပြမည်
(ဂ) အပြစ်စီရင်ခြင်းကို ဖော်ပြမည်။

၎) ယော ၁၄း၂၆ -
(က) ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်မည်
(ခ) ငါပြောသမျှကို မှတ်မိနိုင်သောဥာဏ်ကို ပေးမည်။

၅) ယော ၁၆း၉-၁၀ - (က) ငါ့ကိုမယုံကြည်သောကြောင့် ဒုစရိုက်အပြစ်ကိုဖော်ပြ။
(း၁၀) ဤလောကို အစိုးရသောမင်းသည် အပြစ်စီရင်ခြင်းကိုခံရသောကြောင့် အပြစ်စီရင်ခြင်းကိုဖော်ပြမည်။
(း၁၃)
၁။ သမ္မာတရားနှင့် ပြည့်စုံသောဝိညာဉ်တော်၊
၂။ သမ္မာတရားကိုသင်တို့အား အကြွင်းမဲ့သွန်သင် ပြသလိမ့်မည်။
၃။ ထိုဝိညာဉ်တော်သည် ကိုယ့်အလိုအလျှောက်ဟောပြောသည်မဟုတ်၊ ကြားသမျှဟောပြောလိမ့်မည်။
(း၁၄)
၁။ ထိုသူသည် ငါ၏ဘုန်းကို ထင်ရှားစေလိမ့်မည်။
၂။ ငါနှင့်စပ်ဆိုင်သောအရာကို သင်တို့အားဖော်ပြလိမ့်မည်။

၆) ရောမ ၈း၁၆ - ဘုရားသခင်၏သားဖြစ်ကြောင်း ဝိညာဉ်တော်က သက်သေခံသည်။
၇) ဧဖက် ၃း၁၆ - သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ငါတို့၏အတွင်းလူကို ခွန်အားဖြင့်ပြည့်စေတယ်။
၈) ဧဖက် ၁း၁၄ - ချီဆောင်ခြင်းမခံမီ သန့်ရှင်းသောဝိညာဉ်တော်သည် ငါတို့၏စားရန်ဖြစ်သည်။
၉) ဧဖက် ၁း၁၃ - ကယ်တင်ခြင်းလက်ခံချိန်၌ သန့်ရှင်းသောဝိညာဉ်တော်က တံဆိပ်ခတ်သည်။
၁၀) ဒံယေလ ၄း၉ - သန့်ရှင်းသောဝိညာဉ်တော်က နက်နဲသောအရာရှိသမျှကို ဖွင့်ပြမည်။

သန့်ရှင်းသောဝိညာဉ်တော်၏အသီး

ဂလာတိ ၅း၂၂ - ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း။
သန့်ရှင်းသောဝိညာဉ်တော်လုပ်ဆောင်ပေးသောအရာအချို့ (ကူညီသော)
၁။ ယုဒ ၁း၂ - သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဌနာပြုခြင်း
၂။ ၁ပေ ၁း၁၂ - သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဟောပြောသောအရာကို ကောင်းကင်တမန်တို့သည် စေ့စေ့ ကြည့်ရှုစဉ်းစားလိုသောစေတနာစိတ်ရှိကြ၏။
၃။ ၁တိ ၁း၁၄ - သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ပေးသောအရာကို စောင့်ရှောက်ပေးခြင်း
၎။ ၂ကော ၃း၈ - သန့်ရှင်းသောဝိညာဉ်တော်သည် ဘုန်းအာနုဘော်တော်နှင့် ပြည့်စုံရလိမ့်မည်။
၅။ ၂ကော ၃း၆ - သန့်ရှင်းသောဝိညာဉ်တော်မူကား ရှင်စေတတ်၏။
၆။ ၁ကော ၂း၁၁ - သန့်ရှင်းသောဝိညာဉ်တော်သည် လူ၏နက်နဲသောအရာ၊ ဘုရားသခင်၏နက်နဲသောအရာကို သိသည်။
၇။ ရောမ ၁၅း၁၃ - သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် မျှော်လင့်ခြင်းပါရမီနှင့်ကြွယ်ဝစေတယ်။ ယုံကြည်သောစိတ်ရှိ၍ ဝမ်းမြောက်သက်သာခြင်းအမျိုးမျိုးတို့နှင့် ပြည့်စုံမည်အကြောင်း
၈။ တမန် ၉း၁၁ - ပေါလုရှိသည့်နေရာ၊ အခြေအနေကိုသိတယ်။
၉။ ဇာခရိ ၄း၆ - အောင်မြင်ခြင်းပေးတယ်။
၁၀။ တမန် ၂း၁၇-၁၈ - ပရောဖက်ဥာဏ်အားဖြင့် ဟောပြောခွင့်ပေးတယ်။
၁၁။ ရောမ ၈း၂၆-၂၇ - ဘုရားသခင်၏အလိုတော်နှင့်အညီ ဆုတောင်းပေးတယ်။
၁၂။ ရောမ ၈း၁၄ - ဘုရားသားသမီးများကို ဆုံးမပဲ့ပြင်တယ်။

ဆရာမဒေါ်ခင်သန်းမြင့်







ရင့်ကျက်သောအသက်တာ


ရှင်ယာကုပ် သြ၀ါဒစာသည် ယုံကြည်သူများအသက်တာမည်ကဲ့သို့ရင့်ကျက်စေရမည်ကို သွန်သင်လမ်းပြပေးသောစာ ဖြစ်သည်။ ရင့်ကျက်ခြင်းဆိုသည်မှာ သမ္မာတရားကိုသိပြီး         သမ္မာတရားအတိုင်း အသက်ရှင်လျှောက်လှမ်း ခြင်း ဖြစ်သည်။
ဘုရားကျောင်းတစ်ခုတွင် သင်းအုပ်ဆရာ တစ်ယောက်က ဤသို့ မေးခွန်းထုတ်ခဲ့သည်။
“ ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်ထဲက ကတိတော်တွေကို တွေ့ရင် ဘာလုပ်သလဲ”
အမျိုးသမီးတစ်ယောက်က -
“အဲ့ဒီ ကျမ်းပိုဒ်ကို မျဉ်းတားပြီး Underline လုပ်လိုက်တယ်”  ဟု ပြန်ဖြေခဲ့သည်။ 
ယနေ့ ကျမ်းစာထဲရှိ ဘုရားရှင်ပေးထားသော ကတိတော်များကို underline အနီ အဝါ တားရုံမျှက မလုံလောက်ပါ။ လိုက်လျှောက်ပြီး အသက်တာတွင် လက်တွေ့ခံစားရန် ဖြစ်ပါသည်။ အသင်းတော်ထဲတွင် ယုံကြည်သူ နှစ်မျိုးနှစ်စားရှိတတ်သည်။ တစ်မျိုးမှာ ကလေးဆန်သော ယုံကြည်သူနှင့် ရင့်ကျက်သော ယုံကြည်သူ ဖြစ်သည်။ ကလေးဆန်သော ယုံကြည်သူများသည် ကောင်းကြီးမင်္ဂလာကို မျှော်ကိုးပြီး ဘုရားကျောင်းသို့ လာတတ်ကြသည်။  ကောင်းကြီးရလျှင် ပျော်ကြသည်။ မရလျှင် မပြုံးတတ်တော့ပေ။ 
ထိုကဲ့သို့ မရင့်ကျက်သော ယုံကြည်သူတွေအတွက် ဘုရားရှင်ရဲ့ Commands ( မိန့်မှာချက်) များကို               လိုက်လျှောက်ဖို့ ခက်ခဲနေတတ်သည်။ ရင့်ကျက်သော ခရစ်ယာန်အသက်တာသည် ဘုရားသခင် အလိုတော်ရှိသော အသက်တာ ဖြစ်သည်။
ယာကုပ် ၁း၁၉-၂၇
နှုတ်ကပတ်တော်ကို ကြားနာခံယူရန် အရေးကြီးသည်။ ကြားနာပြီးလျှင် လိုက်နာရမည်၊ လက်တွေ့ လုပ်ဆောင်ရမည်။ သို့မှသာ ကောင်းကြီးပြည့်ဝသော အသက်တာကို ဦးတည်လာမည်။
နှုတ်ကပတ်တော်ကို သိလျှက်နှင့် မလုပ်ဆောင်သူများသည် “ကိုယ့်ကိုယ်ကို လိမ်ညာသူ”၊ “မိမိကိုယ်ကိုယ်လှည်းဖျားသူများ” ဖြစ်သည်။ စာတန်သည်လှည့်ဖျားသောသူ ဖြစ်သည်။ သို့သော်မိမိကိုယ်ကို လိမ်လည်ခြင်းသည် အဆိုးရွားဆုံးဖြစ်သည်။

ရှင်ယာကုပ်သြ၀ါဒစာမှသွန်သင်သော ယုံကြည်သူများလုပ်ဆောင်ရမည့်တာဝန် Responsibilities (၃) ချက်

(၁) ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်ကို လက်ခံရယူရမည်။ (to receive His Words)


ရှင်ယာကုပ် ၁း၁၉-၂၁
“စိုက်ပျိုးခြင်းခံရသော နှုတ်ကပတ်တော်” ဟု ဖော်ပြထားသည်။
စိုက်ပျိုးခြင်းခံရ သောနှုတ်ကပတ်တော်ဆိုသည်မှာ နှလုံးသားထဲမှာ အမြစ်စွဲနေသော နှုတ်ကပတ်တော်ကို ဆိုလိုသည်။ ရှင်ဟာကုပ်ပြောသော ထိုနှလုံးသားမြေသည် ကောင်းသောမြေဖြစ်သည်။  ထိုကောင်းသောမြေမှသာ အဆ ၃၀၊ ၆၀ ၊၁၀၀ တိုးပွားစေမည်ဖြစ်သည်။
ကယ်တင်ခြင်းစိတ်ချမှုဖြစ်စေ ၊ ယုံကြည်သူအသက်တာ ရင့်ကျက်ခြင်းကိုဖြစ်စေ အသီးနှင့် ဆုံးဖြတ်ကြသည်။ နှုတ်ကပတ်တော်ကို နားထောင်ခြင်း၌ စိတ်အားထက်သန်ရမည်။ 
သို့သော် စကားပြောရာတွင် နှေးရမယ်။   ကလေးငိုခြင်းကို မိခင်ဖြစ်သူက လျှင်မြန်စွာ ကြားတတ်ကြသကဲ့သို့  ဘုရားရှင်က သူ့သားသမီးများကို ထိုကဲ့သို့ ဖြစ်စေချင်သည်။ နှုတ်ကပတ်တော်ကို ကြားသောအခါ မိမိအတွက်ခံယူနားထောင်ရမည်။ “သူကြားရင်ကောင်းမယ်”ဟု သူတစ်ပါးအတွက် နားမထောင်ရ။ “နားရှိသူတိုင်းကြားပါစေ” ဟုရှင်ယာကုပ် ပြောခြင်းသည် နားရှိလျှက်နှင့်လည်း မကြားတတ်သော သူရှိသောသူဖြစ်သည်။  ထို့ကြောင့် နားရှိသူပီပီ လျှင်မြန်စွာကြားတတ်ဖို့ လိုသည်။
ဓမ္မရာဇဝင်ဒုတိယစာစောင်တွင် ဒါဝိဒ်မင်းသည်ဗက်လင်မြို့မှ ရေကို သောက်ချင်သည်ဟု နှုတ်မှညည်းရုံလေး  ညည်းသောအသံကို ကြားပြီး သူ၏ နောက်လိုက်သုံးယောက်သည်   
ရန်သူ ဖိလိတ္တိတပ်ကို မကြောက်မ့ရွံ ဖြတ်ကာ အသက်စွန့်ပြီး ရေသွားခပ်ပေးကြသည်။                နှုတ်ကပတ်တော်အတွက် ထိုကဲ့သို့ဖြစ်ရမည်။ နှုတ်ကပတ်တော်ကို ရဖို့အတွက် အဖိုးအခပေးပြီး လုပ်ဆောင်ရမည်။ ကျမ်းစာကပြောလာလျှင် Yes နဲ့ Amen ဖြစ်သည်။ (ပြောသည့်အတိုင်းဖြစ်သည်)            ဘုရားရှင်က ဖြစ်နိုင်သည်ဟု ပြောနေခြင်းကိုမဖြစ်နိုင်ဟု မပြောပါနှင့်။                                                 နှုတ်ကပတ်တော် ကျွန်တော်တို့ နှလုံးသားမှာ အမြစ်စွဲဖို့ လိုအပ်သည်။ ထို့ကြောင့်
         (၁) နားကြားခြင်းငှာလျှင်မြန်ရမည်။
         (၂) စကားပြောရာမှာ နှေးရမယ်။
         (၃) ဒေါသအရာမှာလည်း နှေးရမည်ဖြစ်သည်။
တချို့သောသူတို့သည် နှုတ်ကပတ်တော်ကိုနားထောင်ပြီး ဒေါသထွက်တတ်သောသူများ ရှိသည်။
ပေတရုသည် စကားပြောမြန်ပြီး  နားထောင်ရာတွင်နှေးသောသူတစ်ဦး ဖြစ်ခဲ့သည်။                             ထို့ကြောင့် သခင်ယေရှု ကိုယ်တိုင်က “စာတန် ငါ့နောက်သို့ဆုတ်လော့”ဟုပြင်းထန်သောစကားကို ပြောခဲ့သည်။ ဘုရားသခင် “ဘာဖြစ်စေချင်သလဲ” ဆိုတာ ကောင်းကောင်းနားမထောင်သောအခါ လုပ်ဆောင်မှုများတွင် အမှားဖြစ်လာသည်။ နှလုံးသားတွင်ရှိသော ချုံနွယ်များအား ဘုရားရှင်ရဲ့စကားတော် ပေါက်ရောက်နိုင်ဖို့ရှင်းထုတ်ရမည်။ ပေါင်းသင် မြက်နှုတ် ပေးရမည်။ သို့မှသာ နှုတ်ကပတ်တော် မျိုးစေ့သည် ကောင်းမွန်စွာ အပင်ပေါက်မည်ဖြစ်သည်။

(၂) နှုတ်ကပတ်တော်ကိုလက်တွေ့လုပ်ဆောင်ပါ။ (practice the Word of God)



သမ္မာကျမ်းစာဟာ ကြည့်မှန်ကဲ့သို့ ဖြစ်သည်။ မိမိ၏ အခြေအနေမှန် အဖြစ်မှန်ကို မြင်တွေ့စေသည်။            မိမိကိုယ်ကို ထိုကြည့်မှန်အားဖြင့် စစ်ဆေးနိုင်သည်။ မှန်ကို ကြည့်ပြီး မိမိရဲ့ဝက်ခြံ (pimple) များကို တွေ့သောအခါ ပယ်ရှားပစ်ရန်နည်းလမ်းကိုရှာကြသကဲ့သို့ ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်မှန်ကို ကြည့်ခြင်းဖြင့်မြင်လာသော အားနည်းချက်၊ မပြည့်စုံမှု၊ ဒုစရိုက်များကို ပယ်ရှားပစ်ရန် ဖြစ်သည်။              မှန်ကိုကြည့်ပြီး မိမိမျက်နှာတွင် မြင်ရသောညစ်ပေမှုများကို မပယ်ရှားသောသူတစ်ယောက်မျှမရှိပါ။
ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်ဟာ ကြည့်မှန်ကဲ့သို့ အပြစ်ကိုသာဖော်ပြနေခြင်းမဟုတ်ဘဲ                        ပြန်လည် တည်ဆောက်ခြင်းအမှု (restoration)ကိုလည်း လုပ်ဆောင်ပေးသည်။                                       နှုတ်ကပက်တော်သည် ရေကဲ့သို့ ဖြစ်ပြီးအသက်တာကို ဆေးကြောသန့်စင်စေသည်။
တဲတော်တွင် သန့်ရှင်းရာဌာနတော်ထဲမ၀င်ခင် လက်ဆေးရန် အင်တုံကိုထားရှိသည်။ ယဇ်ပရောဟိတ်တို့သည် သန့်ရှင်းရာတဲတော်ထဲမဝင်ခင် မိမိကိုယ်ကို ထိုရေဖြင့်သန့်စင်စေရသည်။     ထိုနည်းတူစွာ ဘုရားသခင်ရှေ့တော်မှာ မိမိကိုယ်ကို နှုတ်ကပတ်တော် ရေအားဖြင့် သန့်စင်စေရမှာဖြစ်တယ်။

(၃) နှုတ်ကပတ်တော်ကို ဝေမျှရမည်။ (Share the Word of God)


ဘာသာရေးသက်သက် လုပ်ဆောင်ခြင်းသည် အပြင်ပန်းလုပ်ဆောင်ခြင်းမျှသာ ဖြစ်သည်။                   ဘုရားသခင်သည် နှလုံးသားကိုမြင်သော ဘုရားဖြစ်သည်။ အစေခံနှလုံးသားဖြင့် နှုတ်ကပတ်တော်ကို ဝေမျှရမည်။ ကျွန်ုပ်တို့ နှုတ်မှပြောသောအရာများသည် နှလုံးသားမှာဘာရှိသလဲ ဆိုသည့်အရာကို ဖော်ပြနေသည်။       ထို့ကြောင့် နှုတ်ကို ချုပ်တည်းနိုင်သောသူသည် အရာအားလုံးကို ချုပ်တည်းနိုင်သောသူ ဖြစ်သည်ဟု ဖော်ပြထားသည်။ နှလုံးသားထဲတွင် နှုတ်ကပတ်တော်ရှိလျှင် နှုတ်ကပတ်တော်သာ ထွက်ပေါ်လာမည်။
ယာကုပ်အခန်းကြီး(၂)သည် ဘုရားသခင်အား မည်သို့အစေခံရမည်ကို သွန်သင်လမ်းပြထားသည်။      ဘုရားရှင်ရဲ့ သမ္မာကျမ်းစာသည် အပြစ်ကို ဖော်ပြသည်။ ဆေးကြောသန့်စင်စေသည်။
ပုံသဏ္ဏာန် ပြောင်းလဲစေသည်။ နောက်ဆုံးတွင် အစေခံကျွန်ကောင်းဖြစ်စေသည်။
ပရောဖက်ဟေရှာယသည် ဘုရားရှင်ကို မြင်သောအခါ သူ၏အပြစ်မစုံလင်မှုများကို မြင်လာသည်။            ဘုရားရှင်၏ မီးအားဖြင့် ဆေးကြောသန့်စင် ပုံသဏ္ဏာန်ပြောင်းလဲစေပြီး    အစေခံကျွန်ကောင်း တစ်ယောက် ဖြစ်စေသည်။ ယနေ့ ကမ္ဘာကြီးသည်  ပျက်ဆီး၊ ဆိုးညစ်မှုများနှင့် ပြည့်ဝနေပါသည်။                                       ထိုပျက်စီးမှုထဲတွင် ယုံကြည်သူတို့  အသက်ရှင်နေကြရသည်။ သို့သော် လောကနှင့် သီးသန့်နေတတ်သော ယုံကြည်သူများဖြစ်ဖို့ လိုအပ်သည်။ သီးသန့်နေခြင်းဆိုသည်မှာ လောက၏ အညစ်အကြေးများကို ၀င်ရောက်မခံခြင်း ဖြစ်သည်။ အမှန်တကယ်တွင်မူ  ကျွန်ုပ်တို့လိုက်လျှောက်အသက်ရှင်ရန် ဘုရားပေးထားသောမိန့်မှာချက်များမှာ ၀န်ထုတ်ဝန်ပိုးမဖြစ်ပါ။ (၁ယော ၅း၃)       
သို့သော် လောကီ၏အတွေးအခေါ်လွှမ်းမိုးမှုများက ၀န်ထုတ်ဟု ထင်မြင်စေသည်။    ဤလောကနှင့် အပေးအယူလုပ်နေလျှင် ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်ခြင်းသည် သင့်အား လေးလံစေလိမ့်မည်။ လောကီအရာများနှင့် ကင်းဝေးလာလေလေ နှုတ်ကပတ်တော် အတိုင်း အသက်ရှင်ခြင်း၌ ပျော်မွေ့လေလေ ဖြစ်မည်။ ထို့ကြောင့် လောကီသွေးဆောင်ခြင်းအား ငြင်းပယ်တတ်သောသူဖြစ်ရန် လိုအပ်သည်။ နှုတ်ကပတ်တော်အားဖြင့် အနိုင်ယူရမည်။
နှုတ်ကပတ်တော်ကို နှလုံးသားထဲတွင် စွဲမြဲစွာ စိုက်ပျိုးခြင်းကို ခံယူလျှက် လက်တွေ့ အသက်ရှင်ခြင်းအားဖြင့် ဘုရားဘုန်းတော်ထင်ရှားပါစေ။

 Pastor Soon Lee(Pastor, Full Gospel Assembly, Kepong)
19th February 2012@KEPONGmcf
(ဆရာမခင်စန်းမော်၏ ဖေ့ဘုတ်မှ ကူးယူတင်ပြထားခြင်းဖြစ်ပါသည်။)

Share

Twitter Delicious Facebook Digg Stumbleupon Favorites