ကောရိ န္တု သြဝါဒစာပဌမစောင် ( ၁၃း ၄-၈ )

၎မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။ ၅လျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိ သည်ဟု မထင်တတ်၊ ၆မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ဝမ်းမြောက်တတ်၏။ ၇ခပ်သိမ်း သောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ ၈မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက် ဥာဏ်သော်၎င်း၊ အမျိုးမျိုးသောဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။

ဆာလံကျမ်း ( ၉၈း ၁ )

၁ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့၊၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ၊၊ လက်ျာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ၊၊

ရှင်လုကာခရစ်ဝင် ( ၅း ၄ )

စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်း လော့ဟု ရှိမုန်အား မိန့်တော်မူ၏။

ယေရမိအနာဂတ္တိကျမ်း ( ၂၀း ၇ )

၇အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူသည်အတိုင်း၊ အကျွန်ုပ် လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက်အားကြီး၍ နိုင်တော်မူပြီ။

ဧဖက်သြ၀ါဒစာ ( ၄း ၂၆-၂၇ )

၂၆အမျက်ထွက်ရာတွင် အပြစ်မရှိ စေနှင့်။ ၂၇အမျက် မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။

နှလုံးသားဆုတောင်း (Myanmar Worship Song)


ဒီသီချင်းလေးက ထိုင်းဒါရိုက်တာနဲ့ ရိုက်ကူးထားတဲ့ မြန်မာ Worship Song လေးဖြစ်ပါတယ်။  ကျနော်တို့ ဘလော့ဂ်အဖွဲ့သားတွေနဲ့ သူငယ်ချင်းတစုဝိုင်းဝန်းဖန်တီးထားတာဖြစ်ပါတယ်။ အားပေးကြပါဦးနော်။
ဒေါင်းပြီး သုံးချင်ရင်လည်း အားမနာတမ်းသာ ဒေါင်းပါခင်ဗျား ။

ကြည့်ဖြစ်အောင်ကြည့်ပါ

ရန်သူကိုချစ်ရမယ်ဆိုတဲ့ပညတ်ချက်ကိုအကောင်းဆုံးပုံဖော်ထားတာလေးပါ 





HAPPY NEW YEAR

HAPPY NEW YEAR 
AND MAY GOD BLESS YOU 
ALL OF OURS VISITORS

ဒီတစ်ပါတ်ရဲ့အကြိုက်ဆုံးသီချင်းဖြစ်ပါတယ်

ဒီတစ်ပါတ်ရဲ့အကြိုက်ဆုံးသီချင်းဖြစ်ပါတယ်

 
သီဆိုလို့အဆင်ပြေအောင် သီချင်းစာသားပါတွဲတင်ပေးထားပါတယ်
"Give Me Your Eyes"
Em
Looked down from a broken sky
C
Traced out by the city lights
G
My world from a mile high
D/F
Best seat in the house tonight
Em
Touched down on the cold black tile
C
Hold on for the sudden stop
G
Breath in the familiar shock
D/F          D
Of confusion and chaos
Em               C
Are those people going somewhere?
G          D
Why have I never cared?

Chorus:
Em
Give me your eyes for just one second
             C
Give me your eyes so I can see
          G
Everything that I keep missing
             D/F
Give me your love for humanity
             Em
Give me your arms for the broken hearted
                  C
The ones that are far beyond my reach
             G
Give me your heart for the once forgotten
             ( D )
Give me your eyes so I can see
Em
yeah
C
yeah
G
yeah
D/F
yeah

Step out on a busy street
See a girl and our eyes meet
Does her best to smile at me
To hide whats underneath
Theres a man just to her right
Black suit and a bright red tie
To ashamed to tell his wife
He's out of work
He's buying time
Are those people going somewhere?
Why have I never cared?

Chorus

Ive Been there a million times
A couple of million eyes
Just moving past me by
I swear I never thought that I was wrong
Well I want a second glance
So give me a second chance
To see the way you see the people all alone

Chorus (x2)

နှလုံးသားဆုတောင်း

ကျနော်တို့ရဲ့ သမ္မာအလင်းခရစ်ယာန်မီဒီယာကနေ "နှလုံးသားဆုတောင်း" ဆိုတဲ့ ဓမ္မတေးတစ်ပုဒ်ကို Mtv ရိုက်ဖြစ်ပါတယ် .... သီဆိုသူက " မြတ်သူ " ဖြစ်ပြီး၊ တေးရေးကတော့ " ဇေယျာ " ပဲဖြစ်ပါတယ်.. Edit မပြီးသေးပါဖူးအကြမ်းပဲရှိပါသေးတယ်... ဘုရားရှင်ကို ချီးမွမ်းတဲ့ သီချင်းမို့လို့ အားပေးကြပါဦး....Comment လည်းပေးကြပါဦး....




ချစ်ခြင်းအားဖြင့်
သမ္မာအလင်း

အချစ်ကိုခံစားနားလည်ခြင်း



အထီးကျန်အိပ်မက်ကနေ
နိုးထလာတဲ့အရုဏ်ဦးမှာပေါ့
ငါ့နံနက်ခင်းရဲ့အလင်းရောင်လေးကို
အပြုံးတစ်ပွင့်နဲ့တွေ့လိုက်ရတယ် ။
အချစ်ဆိုတာ....ဒါလားလို့
ဘုရားသခင်ကိုမေးတော့
ဘာမှမဖြေဘဲပြုံးတော်မူတယ် ။
အချစ်ဆိုတာဘာလဲ .......
ပေးဆပ်ခြင်းလား
ရယူခြင်းလား
ေ၀၀ါးလို့နေရင်း
ကိုယ့်ရင်ဘတ်ကိုငုံ့ကြည့်တော့
နံရိုးတစ်ချောင်းမရှိတော့ဘူး
အဲဒီလစ်ဟာမှုတစ်ခုနဲ့
နားလည်သိတတ်လာခဲ့......
အချစ်ဆိုတာ ဒါပါပဲ ........။ ။

လူရိုင်း


ဘယ်သူပြောတာလဲ
လမင်းပျော်တာ
ကောင်းကင်မှာပဲ လို့ ......။
ဟောဟိုက
မသုံးတာကြာတဲ့ ရေတွင်းထဲမှာ ........
အမှိုက်သရိုက်တွေပြည့်နေတဲ့ ရေကန်ငယ်ထဲမှာ ........။
လပြည့်ညတွေမှာ
လရောင်တောက်နေတဲ့ ရေတစ်ခွက် ......
လက်ခုပ်ထဲ ထည့်သောက် ......
ပြီးမှ ......
တစ်တောလုံးကို ခြောက်မယ် ......။
ဝံပုလွေတစ်ကောင်ပါ
ဒါပေမယ့်
ရင်ကွဲဖူးတဲ့အတိတ်တွေရှိတယ်
အညာခံခဲ့ရဖူးတယ်
သစ္စာဖောက်ခံခဲ့ရဖူးတယ်
ကျုပ်ရဲ့ဆိုးညစ်မှုတွေအတွက်
မျက်ရည်လည်လောက်တဲ့
ရာဇ၀င်တစ်ပိုင်းတစ
အကြောင်းပြဖို့သိမ်းထားတယ်။
ကဲ ..... ဘာကွာလဲ
လူဆိုတဲ့ ခင်ဗျားနဲ့ .....။

မိုးစက်နီ



အတ္တသားကောင်



ဘာရယ်မှန်းမသိဘူး
အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရတဲ့
ရင်နာနာဇာတ်ဆိုရင် ......
ငါ ...... မင်းသားဖြစ်တာများတယ်။
ဘ၀တဲ့ ...... မြိုချရခက်တဲ့
မီးတောက်ဆေးခါးတစ်ခွက် ......
ရေပွက်ပမာ ...... တစ်သက်တာဆိုပေမယ့်
ဒီမှာ ...... အပူပြင်းလွန်းတယ်။
ရမ္မက်စိတ်တွေမောင်းတင်ပြီး
တောလိုက်ထွက်တိုင်းမှာ
ငါ ...... အမြဲလိုသားကောင်ရခဲ့တာချည်းပဲ။
ကဲ ..... ဘ၀လည်းအို၊ နေလည်းညိုပြီ
အိမ်အပြန်မျက်နှာပန်းလှပါ့မလားလို့စိတ်ကူးရင်း
အတ္တမှော်ရုံအောက်မှာ
လှတပတဆူးချွန်တွေနဲ့
ငါစီရင်ထားတဲ့ထောင်ချောက်ကို
ဝမ်းသာအားရလှစ်အကြည့် .......
အဲဒီမှာမိနေတဲ့သားကောင်ဟာ
ငါကိုယ်တိုင်ဖြစ်နေပါရောလား ။ ။

အရာတိုင်းရဲ့အစဦးအရှင်



ဘ၀မှာ
ဆုံးရှုံးမှုတွေကြုံလာတိုင်း
နာကျင်ရလွန်းလို့
ရင်တစ်ခုလုံးမှာလည်း
ဒဏ်ရာတွေချည်းပါပဲ သခင်......
ကိုယ့်လမ်းကိုယ်ဖောက်
ဖိနပ်မပါဘဲလျှောက်ရတဲ့လမ်းလို့
ကိုယ့်စိတ်နဲ့ ကိုယ့်အထင်
တက်တက်စင်အမြင်လွဲ ........
အရာရာ ငါပဲလို့ထင်ခဲ့မိတယ်။
ကိုယ်တော်လျှောက်ခဲ့တဲ့လမ်း
သွေးလွှမ်းအောင်ကြမ်းမှန်းသိမှ
မှားပါပြီသခင်
ငါသာလျှင်ငါ့အရှင်လို့
ကျနော်ထင်ခဲ့သမျှတွေ .......
ကားတိုင်မှာအစပြု ........
ကိုယ်တော်ထုဆစ်ခဲ့တဲ့
အောင်မြင်မှုတွေပါပဲ ။ ။

Share

Twitter Delicious Facebook Digg Stumbleupon Favorites