အရာတိုင်းရဲ့အစဦးအရှင်



ဘ၀မှာ
ဆုံးရှုံးမှုတွေကြုံလာတိုင်း
နာကျင်ရလွန်းလို့
ရင်တစ်ခုလုံးမှာလည်း
ဒဏ်ရာတွေချည်းပါပဲ သခင်......
ကိုယ့်လမ်းကိုယ်ဖောက်
ဖိနပ်မပါဘဲလျှောက်ရတဲ့လမ်းလို့
ကိုယ့်စိတ်နဲ့ ကိုယ့်အထင်
တက်တက်စင်အမြင်လွဲ ........
အရာရာ ငါပဲလို့ထင်ခဲ့မိတယ်။
ကိုယ်တော်လျှောက်ခဲ့တဲ့လမ်း
သွေးလွှမ်းအောင်ကြမ်းမှန်းသိမှ
မှားပါပြီသခင်
ငါသာလျှင်ငါ့အရှင်လို့
ကျနော်ထင်ခဲ့သမျှတွေ .......
ကားတိုင်မှာအစပြု ........
ကိုယ်တော်ထုဆစ်ခဲ့တဲ့
အောင်မြင်မှုတွေပါပဲ ။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites