ပေးသောသူ


ဒီနှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကို မြင်တာနဲ့
ဟာ..ဆရာကတော့ပေးကမ်းခြင်းအကြောင်းတွေဟောပြီး အလှူခံတော့မယ်ထင်နေပါသလား။
မိတ်ဆွေရဲ့အထင်တွေကို ခဏလေးဘေးချိတ်ပြီး ကျမ်းစာကိုအရင် လေ့လာကြည့်ကြရအောင်။
တရားဟောရာကျမ်း ၂၈း ၁၂ မှာ ဘုရားသခင်က မိတ်ဆွေရဲ့အသက်တာကို
သူတစ်ပါးဆီက ချေးငှားယူရတဲ့အခြေအနေမျိုးမဖြစ်စေဘဲ မိတ်ဆွေက လူမျိုးတကာကို ချေးငှားပေးရတဲ့အခြေအနေမျိုး၊ တစ်နည်းအားဖြင့် ကောင်းကြီးပေးနိုင်တဲ့အခြေအနေမျိုးဖြစ်ဖို့
အလိုတော်ရှိပါတယ်။ ( တမန်တော် ၂၀း၃၅ )
ဘုရားသခင်ရဲ့အဲဒီအလိုတော်ကို မိတ်ဆွေရဲ့အသက်တာမှာထင်ရှားလာစေဖို့
လုပ်ဆောင်ရမယ့်အချက်ကိုတော့ တရားဟောရာကျမ်း ၂၈း၁မှာ ဖော်ပြထားပါတယ်။
မိတ်ဆွေရဲ့အသက်တာမှာ အချေးငှားခံနေရတဲ့ဘ၀မျိုးမဟုတ်ဘဲ
သူတစ်ပါးကို မိမိကချေးငှားပေးနိုင်တဲ့ ဘ၀အခြေအနေမျိုးဖြစ်လာစေမယ့်
တစ်ခုတည်းသောနည်းလမ်းက ဘုရားသခင်ရဲ့စကားကို စေ့စေ့နားထောင်ဖို့ပါ။
ဒီကျမ်းချက်(၂)ချက်အားဖြင့် ကျနော်တို့ရဲ့အသက်တာမှာ ကိုယ်ကပေးနေတဲ့အသက်တာလား?
ဒါမှမဟုတ် သူများကပေးနေတာကို ကိုယ်ကခံယူနေရတဲ့အသက်တာလားဆိုတာ ပြန်ဆန်းစစ်ဖို့လိုပါတယ်။ အခုကျနော်ဆိုလိုတဲ့ ပေးတယ် ဆိုတဲ့စကားက ဘာတွေကို ဆိုလိုတာလို့မိတ်ဆွေထင်ပါသလဲ။
ကောင်းကြီးမင်္ဂလာ၊ ငွေကြေးတွေလို့ပဲထင်နေပါသလား?
ကျနော်ဆိုလိုတဲ့ ပေးတယ် ဆိုတဲ့အရာမှာ အဲဒီအရာတွေအပြင်
ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ နားလည်ခြင်း၊ တည်ဆောက်ခြင်းတွေလည်း ပါဝင်ပါတယ်။ မိတ်ဆွေရဲ့အသက်တာမှာ ကိုယ်ကသူများကို ဒီအရာတွေကို မပေးနိုင်ဘဲ သူများကကိုယ့်ကို ပေးနေတာဆိုရင်တော့ ဘုရားသခင်ရဲ့အလိုတော်နဲ့ လွဲနေပြီလို့ဆိုရမှာပါ။
ဥပမာပြောရရင်- မိတ်ဆွေက သူတစ်ပါးကိုခွင့်လွှတ်ပေးနေတာ၊
သည်းခံပေးနေတာ၊ နားလည်ပေးနေတာ၊ တည်ဆောက်ပေးနေတာမဟုတ်ဘဲ
မိတ်ဆွေကို သူတစ်ပါးက ခွင့်လွှတ်ပေးနေရတယ်၊ သည်းခံပေးနေရတယ်၊
တည်ဆောက်ပေးနေရတယ်ဆိုတဲ့ အခြေအနေတွေကိုဆိုလိုတာပါ။
ကျမ်းစာမှာ- ပေးကမ်းခြင်းအားဖြင့် များစွာသောအရာတွေကို
ပြန်လည်ရယူခဲ့တဲ့အကြောင်းတွေကို အများကြီးဖော်ပြထားပါတယ်။
အဲဒီအကြောင်းအရာတွေထဲက ပထမဆုံးအနေနဲ့ ဘုရားသခင်ကိုလေ့လာကြည့်ရအောင်။
ဘုရားသခင်က မိမိရဲ့တစ်ပါးတည်းသောသားတော်ဖြစ်တဲ့ ယေရှုကိုလူတွေကိုပေးပြီးတဲ့အခါမှာ
များစွာသောသားတွေကို သခင်ယေရှုအားဖြင့်ပြန်ရခဲ့ပါတယ်။
ယော၃း ၁၆၊ ယော ၁း၁၂

( ဆရာဆလိုင်းရွှေနီ )

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites