တစ်နေ့တာဆင်ခြင်စရာ


ဒီနေ့အတွက် ဆင်ခြင်နှလုံးသွင်းဖို့ ကျမ်းပိုဒ်တစ်ပိုဒ်ကို
ဖော်ပြပေးလိုက်ပါတယ်။ နှုတ်ကပတ်တော်ခွန်အားဖြင့်
တစ်နေ့တာရဲ့ စိန်ခေါ်မှုတွေကို အနိုင်ယူကျော်လွှားနိုင်ပါစေ။
( ၁၂၁ ) ခုမြောက်သောဆာလံမှာ ဆာလံဆရာက

ငါ့ကို မစခြင်းအကြောင်းသည် ပေါ်ထွက်ရသော
တောင်ရိုးသို့ ငါမျှော်ကြည့်၏ လို့စပ်ဆိုထားပါတယ်။
ဆာလံဆရာက ဘာကြောင့်ဘုရားသခင်ရဲ့မစခြင်းကို
တောင်ရိုးနဲ့ ဥပမာပေးပြီးဖွဲ့ဆိုထားတာလဲ လို့
မိတ်ဆွေစဉ်းစားဖူးပါသလား။
တောင်ဆိုတာ အမြင်နီးပေမယ့် တကယ်တမ်းသွားကြည့်တဲ့အခါ
တက်လို့ကို မဆုံးပါဘူး။
ဒါ့အပြင် တောင်ကို ဘယ်အရပ်မျက်နှာကပဲ ကြည့်ကြည့်
ထင်ထင်ရှားရှားမြင်တွေ့နိုင်ပါတယ်။
အဲဒီ တောင်လိုပဲထာဝရဘုရားရဲ့ မစခြင်းက
မိတ်ဆွေအထင်မှာ မျက်စိတဆုံးပဲ
မြင်ရပေမယ့် တကယ်တမ်းမှာတော့ ဘုရားသခင်က
ဘ၀တလျှောက်လုံးစာ ပြင်ဆင်ထားပေးတာကို
အသက်တာခရီးမှာ လျှောက်လှမ်းရင်းနဲ့ တဖြည်းဖြည်းချင်း
သိနားလည်လာနိုင်မှာဖြစ်သလို
ဘုရားသခင်ရဲ့ မစခြင်းကျေးဇူးတော်ဟာလည်း
မိတ်ဆွေ မလေးရှားမှာပဲရောက်နေနေ၊ ဂျပန်မှာပဲရောက်နေနေ၊
စင်္ကာပူမှာပဲရှိရှိ၊ အမေရိကန်ဒါမှမဟုတ် မြန်မာပြည်မှာပဲရှိရှိ
ဘယ်အရပ်ကပဲမျှော်ကြည့်ကြည့် မြင်တွေ့ခွင့်ရမှာဖြစ်ပါတယ်။
တစ်နေ့တာလုံးရဲ့ အခက်အခဲတွေကို ဘုရားသခင်ရဲ့ မစခြင်းအားဖြင့်
ကျော်လွှားအောင်မြင်နိုင်ပါစေ။ ။


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites