မေတ္တာကကြိုး


မင်္ဂလာပါ ....... .......
ဒီနေ့တော့ ကျနော့်ညီအစ်ကို၊ မောင်နှမတွေကို ခွန်အားပေးချင်တဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်။
အဲဒီအကြောင်းအရာကတော့ ...... ...... .......
ဟောရှေ ၁၁း၎ မှာဖော်ပြထားတဲ့ လူကိုချည်တတ်သောကြိုး နဲ့ပတ်သက်ပြီးခွန်အားပေးချင်တာပါ။
ဒီနေရာမှာ လူကိုချည်တတ်သောကြိုးဆိုလို့ အလုပ်တာဝန်တွေ၊ ပညတ်တရားတွေမဟုတ်ပါဘူး။
မေတ္တာကြိုးလို့ ကျမ်းစာမှာဖော်ပြထားပါတယ်။
တကယ်တော့ ကျနော်တို့က ဘုရားသခင်ရဲ့မေတ္တာနဲ့ အလေးအနက်ဂရုစိုက်မှုတွေအပေါ်မှာ
သံသယရှိတတ်ပေမယ့် ဘုရားသခင်ကတော့ ကျနော်တို့အပေါ် တကယ့်ကိုဂရုစိုက်တဲ့သူဖြစ်ပါတယ်။
ကျနော်တို့ရဲ့ဘ၀အသက်တာနဲ့ သူ့နှလုံးသားနဲ့ကို ကြိုးတစ်ချောင်းနဲ့ ချည်ပြီးထားတဲ့အထိကို
အချစ်ကြီးသူ၊ အဖြစ်သည်းသူဖြစ်ပါတယ်။ အဲဒီချည်ထားတဲ့ကြိုးက ဘာကြိုးဖြစ်မယ်လို့ထင်လဲ။
အဲဒီကြိုးက ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကြိုးဖြစ်တဲ့သခင်ယေရှုပဲ ဖြစ်ပါတယ်။
မိတ်ဆွေ ဘယ်နေရာပဲရောက်ရောက်၊ ဘယ်နေရာမှာပဲရှိနေနေ
ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကြိုးကနေ လွတ်အောင်မပြေးနိုင်ပါဘူး။
တစ်ခါတရံမှာ ကျနော်တို့စိတ်ကူးတွေ၊ ကျနော်တို့အကြံအစည်တွေနဲ့
လုပ်မိလုပ်ရာတွေလျှောက်လုပ်နေတဲ့အချိန်မှာ ဘုရားသခင်က
အင်း ... ငါ့သား၊ ငါ့သမီးတော့ မိုက်မှားတော့မယ်။အမှားထဲကဆွဲတင်ဖို့ ကြိုးပြန်တင်းမှ .......ဆိုပြီး
စက္ကူစွန်တစ်ခုကို ကြိုးပြန်တင်းလိုက်သလို ပြန်တင်းလိုက်ပါတယ်။
တကယ်တော့ ကျနော်တို့၊ ခင်ဗျားတို့ရဲ့အသက်တာက လူ့လောကမှာ သူ့ဘုန်းတော်ထင်ရှားစေဖို့
ဘုရားသခင်လွှတ်တော်မူထားတဲ့ ဧည့်သည်တွေပါ။
အခုလို အသက်ရှင်ခွင့်ရနေချိန်မှာ ဘုရားရဲ့မေတ္တာကိုနားလည်ပြီး
ဘုရားသခင်ရဲ့မေတ္တာကြိုးဖြစ်တဲ့ သခင်ယေရှုကို လောကလူသားတွေဆီ ပြန်လည်ဝေငှကြရအောင်လားဗျာ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites