ကောရိ န္တု သြဝါဒစာပဌမစောင် ( ၁၃း ၄-၈ )
၎မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။ ၅လျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိ သည်ဟု မထင်တတ်၊ ၆မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ဝမ်းမြောက်တတ်၏။ ၇ခပ်သိမ်း သောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ ၈မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက် ဥာဏ်သော်၎င်း၊ အမျိုးမျိုးသောဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။
ဆာလံကျမ်း ( ၉၈း ၁ )
၁ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့၊၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ၊၊ လက်ျာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ၊၊
ရှင်လုကာခရစ်ဝင် ( ၅း ၄ )
စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်း လော့ဟု ရှိမုန်အား မိန့်တော်မူ၏။
ယေရမိအနာဂတ္တိကျမ်း ( ၂၀း ၇ )
၇အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူသည်အတိုင်း၊ အကျွန်ုပ် လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက်အားကြီး၍ နိုင်တော်မူပြီ။
ဧဖက်သြ၀ါဒစာ ( ၄း ၂၆-၂၇ )
၂၆အမျက်ထွက်ရာတွင် အပြစ်မရှိ စေနှင့်။ ၂၇အမျက် မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။
လျှို့ ၀ှက်သော ... သော့ချက်
အခြေပြုကျမ်း
ရှင်မဿဲ ၆း၉-၁၄၊ ရှင်လုကာ ၁၁း၁-၄၊ ရောမ ၈း၂၆၊ ၁တိ ၂း၎၊ ဟေဗြဲ ၁၀း၁၇၊ ဂလာတိ ၅း၁၉-၂၁၊ ရှင်မာကု ၁၁း၂၂-၂၆။
                 ''ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။ အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အားယနေ့ပေးသနားတော်မူပါ။ သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကိုလွှတ်တော်မူပါ။ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသော အမှုအရာမှလည်းကယ်နှုတ်တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ရှိပါ၏။ အာမင် ဟု ဆုတောင်းကြလော့။ သင်တို့ သည် သူတပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသောသင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။ သင်တို့သည် သူတပါးတို့၏အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူ။''
                      ယနေ့ယုံကြည်သူများအသက်တာ၌ ပဌနာတော်နှင့်ပတ်သက်၍အယူအဆအမျိုးမျိုးဖြင့် ကွဲပြားစွာခံယူကြသည်။ အချို့က ပဌနာတော်သည် ယေရှုခရစ်တော်ကိုယ်တော်တိုင် သွန်သင်ခဲ့သောအရာ ဖြစ်သောကြောင့် ယနေ့အထိအကျုံးဝင်အရေးပါရုံမျှမက ဆုတောင်းခြင်းအဆုံး၌ ပဌနာတော်ဖြင့်အဆုံးမသတ်ပါက ဆုတောင်းချက်ကို ဘုရားသခင်က နားမညောင်းဟုပင် ယုံကြည်သောသူ အချို့ရှိကြသည်။ ကျမ်းစာကို ဖတ်ရှုဆင်ခြင်သောအခါ ကျွန်ုပ်တို့ဖတ်နေသောအကြောင်းအရာသည် မည်သည့်အချိန်တွင် မည်သူတို့ကို မည်သည့်အတွက်ကြောင့် ရေးသားထားသည်ကို ပိုင်းခြား၍ သိရန် အလွန်အရေးကြီးပါသည်။ ယေရှုခရစ်တော်က တပည့်တော်များကို သွန်သင်ခဲ့သောပဌနာတော်နှင့်ပတ်သက်၍ ပထမဦးစွာ ထိုအချိန်ကာလကို ပိုင်းခြားသိရန်လိုပါသည်။ ထိုအချိန်က ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်များအတွက် လက်ဝါးကပ်တိုင်ပေါ်တွင် အသေမခံသေးပေ။ ဆိုလိုသည်မှာ ထိုကာလသည် ပဋိညာဉ်တရားဟောင်းကာလဖြစ်သည်။ ပဌနာတော်ကို သွန်သင်ခြင်းခံရသူများမှာ ယေရှုခရစ်တော်၏ တပည့်တော်များဖြစ်ပြီး၊ တပည့်တော်များက ဆုတောင်းရန်နည်းလမ်းမသိသောကြောင့် ယောဟန်၏တပည့်များနည်းတူ ဆုတောင်းခြင်းနည်းဗျူဟာကို ယေရှုခရစ်တော်ထံတွင် တောင်းလျှောက်ခြင်းဖြစ်သည်။ (ရှင်လုကာ ၁၁း၁-၄)
(၁) အကျွန်ုပ်တို့အဘ
                         ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘဟု ဆုတောင်းသောအခါ ကျွန်ုပ်တို့ဘုရားသခင်သည် အလွန်ဝေးကွာသော ကောင်းကင်ဘုံ၍ရှိသောကြောင့် ဆုတောင်းသောအခါ ဘုရားသခင်မကြားမည်ကို မချင့်မရဲဖြစ်ရသည်။ ထိုအချိန်က ဘုရားသခင်၏ဝိညာဉ်တော်သည် လူတိုင်းအပေါ်သို့မသွန်းလောင်းသေးဘဲ ယေရှုခရစ်တော်ပေါ်၌သာရှိသောကြောင့် တပည့်တော်များအတွက် ဆုတောင်းသောအခါ ကောင်းကင်ဘုံကိုသာ လိပ်မူ၍ဆုတောင်းစေခြင်းဖြစ်သည်။ သို့သော် ယနေ့ ယေရှုခရစ်တော်ကိုမိမိအသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံယုံကြည်သောသူတိုင်းအထဲတွင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်တော်မူသောကြောင့် ကောင်းကင်ဘုံသို့ တကူးတကလိပ်မူရန်မလိုတော့ပေ။ ယခုကာလသည် သန့်ရှင်းသောဝိညာဉ်တော်အုပ်စိုးသော ပဋိညာဉ်သစ်ကာလဖြစ်သောကြောင့် ဆုတောင်းသောအခါ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လွယ်ကူစွာတောင်းလျှောက်နိုင်ပြီဖြစ်သည်။ (ရောမ ၈း၂၆)
(၂) နိုင်ငံတော်တည်ထောင်ခြင်း
                         ဘုရားသခင်၏နိုင်ငံတော်တည်ထောင်ဖို့ ဆုတောင်းရန်လိုကြောင်းခရစ်တော် သွန်သင်ခဲ့သည်။ ဘုရားသခင်၏နိုင်ငံတော်သည် တည်ထောင်ခြင်းရှိပြီလော။ မတည်ထောင်သေးသလော မေးခွန်းထုတ်စရာဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်ရန် အခြေခံအားဖြင့် (က) ဘုရင်-အုပ်စိုးသူ (ခ) နယ်မြေ (ဂ) နောက်လိုက်-တိုင်းသူပြည်သား ရှိရန်လိုအပ်သည်။ ထိုအခြေအရာ ၃ မျိုးမရှိပါက နိုင်ငံတစ်နိုင်ငံအဖြစ် မသတ်မှတ်နိုင်ပေ။ အချို့က ဘုရားသခင်၏နိုင်ငံတော်သည် တည်ထောင်ပြီးဖြစ်သောကြောင့် ဤအချက်ကိုတောင်းရန်မလိုဟု ခံယူကြသည်။ ဘုရားသခင်၏နိုင်ငံတော်သည် ကောင်းကင်ဘုံ၌တည်ထောင်ခြင်းရှိပြီးဖြစ်သော်လည်း၊ လောကတွင် အာဒံပြစ်မှားသောအပြစ်ကြောင့် စာတန်လက်သို့ကျရောက်ခဲ့ရသည်။ သို့သော် ယနေ့ခရစ်တော်ကို ယုံကြည်လက်ခံသောသူများအားဖြင့် ဘုရားသခင်၏နိုင်ငံတော်နယ်နမိတ်ကို တဖြည်းဖြည်းပြန်လည်သိမ်းပိုက်နေခြင်းဖြစ်သည်။ ဘုရားသခင်၏နိုင်ငံတော်သည် တည်ထောင်ပြီးဖြစ်သော်လည်း ဆက်လက်၍တည်ထောင်နေဆဲလည်း ဖြစ်သည်။ ထို့ကြောင့် ဤအချက်မှာ ဆက်လက်လုပ်ဆောင်ရန်၊ လုပ်ဆောင်ဆဲဖြစ်သောကြောင့် ယနေ့ယုံကြည်သူများဆက်လက်ဆုတောင်းရန်ဖြစ်သည်။
(၃) အလိုတော်ပြည့်စုံခြင်း
                          အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော။ ဘုရားသခင်၏အလိုတော် ပြည့်စုံပါပြီလော။ ဘုရားသခင်ရဲ့အလိုတော်က ဘာများလဲ။''လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင် အလိုတော်ရှိ၏။ (၁တိ ၂း၎)'' ဘုရားသခင်၏အလိုတော်သည် မပြည့်စုံသေးပါ။ လူအချို့မဟုတ်ဘဲ လူအပေါင်းဟုဆိုထားသောကြောင့် မြောက်များစွာသောသူများပါဝင်နေသေးသည်။ အချို့သည် ကယ်တင်ခြင်းသို့ရောက်ရန် ယေရှုခရစ်တော်ကိုလက်ခံယုံကြည်ကြသော်လည်း သမ္မာတရားကို စစ်မှန်စွာမသိကြဘဲရှိနေသေးသည်။ ထို့ကြောင့် ဘုရားသခင်၏အလိုတော်ပြည့်စုံခြင်းရှိရန်အတွက် ဆက်လက်လုပ်ဆောင်ရန် လိုအပ်ရုံမျှမက ဆက်လက်ဆုတောင်းရန်လိုအပ်သည်။
(၄) အသက်မွေးလောက်သောအစာ
                         ယနေ့ယုံကြည်သူအများစုအသက်တာ၌ ကောင်းစားကြွယ်ဝခြင်းမရှိရခြင်းအကြောင်းအရင်းတစ်ရပ်မှာ ဤအချက်ဖြစ်သည်။ ဤနေရာတွင် အသက်မွေးလောက်သောအစာဟု ယေရှုခရစ်တော်က သွန်သင်ထားရာတွင် ကျွန်ုပ်တို့၏စဉ်းစားဥာဏ်က နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်ပုံမှန်စားနေသော ထမင်းကြော်၊ ကြက်ဥကြော်ဟင်းလောက်ကိုသာ ပြေးမြင်ကြသည်။ ဤမျှလောက်သာ တောင်းခွင့်ရကြမည်ဆိုပါက အတော်ပင်ကပ်စေးနဲသောဘုရားကို ကျွန်ုပ်တို့ကိုးကွယ်နေခြင်းဖြစ်လိမ့်မည်။ ဘုရားသခင်၏တတ်စွမ်းနိုင်ခြင်းကို ပုံဖော်ရာ၌ ကျွန်ုပ်တို့စိတ်ကူးများဖြင့်ပင် မမီနိုင်အောင် ဘုရားသခင်ကတတ်စွမ်းနိုင်ကြောင်း ဦးစွာသိထားရန်လိုသည်။ ကျွန်ုပ်တို့အတွက် ထမင်းကြမ်းနှင့်စားရသောတစ်ရက်သည် ငွေသိန်းသန်းနှင့်စားရသောနေ့ရက်နှင့် ဘုရားသခင်ရှေ့တော်၌အတူတူဖြစ်သည်။ ဆိုလိုသည်မှာ ယနေ့အတွက်အသက်မွေးလောက်သောအစာမှာ မသေရုံတမင်စားရသောနေ့ကိုပြန်မြင်ယောင်ရန်မဟုတ်ဘဲ.. အကောင်းတကာ့ အကောင်းဆုံးအနေအထားဖြင့် ကုန်လွန်စေခဲ့သော ဘုရားသခင်၏ကျေးဇူးတော်ခံစားသောနေ့ရက်ကို မြင်ယောင်ပြီး ဘုရားသခင်၏တတ်စွမ်းနိုင်ခြင်းကို နေ့စဉ်ယုံကြည်ခြင်းဖြင့်တောင်းလျှောက်ရန်ဖြစ်သည်။ 
                       ကျွန်ုပ်တို့လက်ထဲ၌ ငွေ သန်းပေါင်းများစွာ ကိုင်ခဲ့ဖူးသောနေ့သည် ကျွန်ုပ်တို့အတွက်အမှတ်တရနေ့ဖြစ်သကဲ့သို့ပင် ဘုရားသခင်သည် သူ၏ကြွယ်ဝခြင်းကို နေ့စဉ်နှင့်အမျှသုံးစွဲနေရန် အလိုရှိသောဘုရားဖြစ်သည်။ သို့သော် ကျွန်ုပ်တို့က မလောက်မငှဘဝများထဲမှ ဘုရားသခင်၏ကျွန်ုပ်တို့အပေါ်ပြုမည့်ကောင်းချီးများကို စိတ်ကူးနှင့်ပင် ရဲဝံ့စွာပုံမဖော်ရဲကြပေ။ သခင်ယေရှုက ခရစ်ဝင်ကျမ်းများထဲတွင် ''သင်ယုံကြည်သည့်အတိုင်း သင်၌ဖြစ်စေ'' ဟုမိန့်ဆိုထားသည့်အတိုင်း ဘုရားသခင်၏တတ်စွမ်းနိုင်ခြင်းကို မယုံကြည်နိုင်သေးသရွေ့လက်တွေ့ခံစားရန် လွန်စွာဝေးနေဦးမည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏တတ်စွမ်းနိုင်ခြင်းကို ယုံကြည်သည့်အတိုင်း နေ့ရက်စဉ်တိုင်းအတွက် ဘုရားသခင်၏ကြွယ်ဝခြင်းကို ယုံကြည်ခြင်းအားဖြင့် သုံးစွဲနေရန်သာဖြစ်သည်။
(၅) သူတစ်ပါး၏အပြစ်ကိုလွှတ်ခြင်း
                           အပြစ်ခွင့်လွှတ်ခြင်းဟု ဆိုရာ၌ တေးမှတ်ထားခြင်း၊ သည်းခံထားခြင်းကို ပြောနေခြင်းမဟုတ်ကြောင်း သတိပြုရန်လိုပါသည်။ တစ်ခါတရံ သူတစ်ပါး၏အပြစ်ကိုလွှတ်လိုက်ပြီဟု ကိုယ့်ကိုကိုယ်ထင်မှတ်သော်လည်း စိတ်ထဲတွင်တေးမှတ်ထားခြင်းမျိုးဖြစ်နေတတ်သည်။ ခွင့်လွှတ်ခြင်းသည် လုံးဝမေ့ပစ်ရန်မဖြစ်နိုင်သော်လည်း မိမိအပေါ်ပြုခဲ့သောမကောင်းမှုအားလုံးအတွက် ဘယ်သောအခါမျှ ပြန်တုံ့မပြန်ရန်ဆုံးဖြတ်ခြင်းဖြစ်သည်။ သို့သော် အချို့သူများက ခွင့်လွှတ်ခြင်းကို မျက်ကွယ်ပြုခြင်း (Ignore) ဖြင့်အစားထိုးကြသည်။ လူတစ်ဦးတစ်ယောက်၏အပြစ်ကို ခွင့်လွှတ်ပါက ထိုသူကို လုံးဝမျက်ကွယ်ပြုခြင်းလည်း မဟုတ်ပေ။
                       ပဋိညာဉ်တရားသစ်၌ ခရစ်တော်လက်ဝါးကပ်တိုင်တွင် အသေခံခဲ့ခြင်းသည် ကျွန်ုပ်အတွက်ဖြစ်သည်။ ခရစ်တော်၏ အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်အတွက်ဖြစ်သည် ဟု ယုံကြည်သူများအတွက် ဘုရားသခင်ရှေ့တော်၌ သေပြစ်မရှိတော့ပေ။  ''တဖန်တုံ၊ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်းအမျိုးမျိုးကို ငါမအောက်မေ့ဘဲ နေမည်ဟု လာသတည်း။ (ဟေဗြဲ ၁၀း၁၇)'' ဘုရားသခင်က ကျွန်ုပ်တို့၏အပြစ်များကို သူ့စာရင်းထဲ၌ မမှတ်သားတော့ဟု ကျမ်းစာက ဆိုထားသည်။ ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ်တို့အပြစ်မရှိတော့သော်လည်း လူလူအချင်းချင်းဆက်ဆံရာတွင် ကျွန်ုပ်တို့၏သြတပ္ပစိတ် မကြည်လင်လျှင် (ဝါ) သူတစ်ပါးကို စိတ်ထဲတွင် ခွင့်မလွှတ်နိုင်ဘဲ ချည်နှောင်ထားမိလျှင် ဘုရားသခင်ကအပြစ်လွှတ်သော်လည်း ကျွန်ုပ်တို့၏ဘုရားသခင်ထံတောင်းလျှောက်သောဆုတောင်းသံများ အချည်းနှီးသက်သက်ပျောက်လွှင့်သွားလိမ့်မည်။ ထို့ကြောင့် မိမိအပေါ်မှားယွင်းခဲ့သောအခြားသူများ၏ အပြစ်ကို ခွင့်လွှတ်ရန်လိုအပ်သည်။
(၆) အပြစ်သွေးဆောင်ရာ
                     အပြစ်သွေးဆောင်ရာ ဟုဆိုလိုက်လျှင် မူးယစ်အရက်သေစာသောက်စားခြင်း၊ မတရားသောမေထုန်မှီဝဲခြင်း စသောအရာများလောက်ကိုသာ မျက်စိထဲပြေးမြင်ကြသည်။ သို့သော်လည်း အပြစ်သွေးဆောင်ရာဆိုသည်မှာ နေ့ရက်စဉ်တိုင်းအသက်ရှင်မှုတွင် - ''ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား၊ သူ့မယားကို ပြစ်မှားခြင်း၊ မတရားသော မေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတစ်ပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊ သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊၊ ယစ်မျိုးကိုသောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သော အကျင့်ပေတည်း။ ထိုသို့သောအကျင့်ကို ကျင့်သော သူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရကြဟု အထက်က ငါပြောနှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။ (ဂလာတိ ၅း၁၉-၂၁)'' 
                     အထက်ပါအကြောင်းအရာအားလုံးတို့သည် ဇာတိပကတိအကျင့်တည်းဟူသော အပြစ်တရားများဖြစ်သည်။ ဤအရာတို့သည် သေပြစ်တည်းဟူသော ထာဝရအသက်ဆုံးရှုံးစေနိုင်သောအရာ များမဟုတ်သော်လည်း ထိုအရာများထဲမှ တစ်ခုခုကိုပြုမိပါက မိမိ၏သြတပ္ပစိတ်(ကိုယ့်ကိုကိုယ်သိသောစိတ်) က မိမိကို အပြစ်တင်နေမည်ဖြစ်သည်။ ထို့ကြောင့် အပြစ်သွေးဆောင်ရာ၊ မကောင်းသောအမှုအရာ တည်းဟူသော ဤအရာများကိုရှောင်ရန်အတွက် မိမိအသက်တာကို နေ့စဉ်ဘုရားသခင်ထံဆက်ကပ်အပ်နှံရန်လိုသည်။ မိမိဆက်ကပ်ထားသည့်အတိုင်းလည်း အသက်ရှင်နိုင်ရန် ဘုရားသခင်ထံ ခွန်အားတောင်းခံရန်လိုသည်။ သို့မှသာ နေ့စဉ်အသက်တာ၌ မကောင်းသောအမှုအရာများနှင့်ကင်းဝေးနိုင်မည်ဖြစ်သည်။ 
(၇) အစိုးပိုင်သောအခွင့်
                      အစိုးပိုင်သောအခွင့်တည်းဟူသော အုပ်စိုးခြင်း၊ လွှမ်းမိုးခြင်းအားလုံးကို အစဉ်အမြဲ ဘုရားသခင်ကို ပေးရန်လိုအပ်သည်။ ဆိုလိုသည်မှာ. ကျွန်ုပ်တို့အသက်တာ၏ အခန်းကဏ္ဍတိုင်းတွင် ဘုရားသခင်၏အုပ်စိုးခြင်းရှိရန်လိုသည်။ ဘုရားသခင်အုပ်စိုးသောအသက်တာသည် မိမိအလိုရှိသည့်အတိုင်း အသက်ရှင်ခြင်းမဟုတ်တော့ပေ။ ဘုရားသခင်၏ဝိညာဉ်တော်တည်းဟူသော သန့်ရှင်းသောဝိညာဉ်တော် ညွှန်ပြသည့်အတိုင်း အသက်ရှင်လျှောက်လှမ်းခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုအခန်းကဏ္ဍတိုင်းတွင် ဘုရားသခင်ကို ဘုရင်အဖြစ်အုပ်စိုးစေနိုင်ရန်အတွက် မိမိ၏ဇာတိပကတိအကျင့်များကို ဆန့်ကျင်ပြီး ဘုရားသခင်အုပ်စိုးခြင်းအောက်၌ ကောင်းမွန်စွာအသက်ရှင်ရန်ဖြစ်သည်။
                     ''ယေရှုကလည်း၊ သင်တို့သည်ဘုရားသခင်ကို ယုံကြည်ခြင်း ရှိကြလော့။ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ယုံမှားသောစိတ်နှင့် ကင်း၍ မိမိဆိုသည်အတိုင်း ဖြစ်မည်ဟု ယုံကြည်လျက်၊ ထိုတောင်ကိုနေရာမှရွေ့လော့၊ ပင်လယ်၌ကျလော့ဟုဆိုလျှင်၊ ထိုသူဆိုသည်အတိုင်း ဖြစ်လိမ့်မည်။ ထိုကြောင့် ငါဆိုသည်ကားသင်တို့သည် ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်သမျှ တို့ကိုရကြလိမ့်မည်။ သင်တို့သည် ဆုတောင်းသောအခါ သူတပါး၌အပြစ်တင်ခွင့်ရှိလျှင်၊ သူ့အပြစ်ကိုလွှတ် ကြလော့။ လွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူ မည်။ သင်တို့သည် သူ့အပြစ်ကိုမလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည်သင်တို့၏ အပြစ်ကိုလွှတ်တော်မမူ ဟု မိန့်တော်မူ၏။ (မာကု ၁၁း၂၂-၂၆)''
                     နိဂုံးချုပ်အားဖြင့်.. ကျွန်ုပ်တို့အသက်တာဟာ သူတစ်ပါးအပြစ်ကို မလွှတ်ဘူးဆိုရင် ယုံကြည်ခြင်းနဲ့ဘယ်လောက်ဘဲ ဆုတောင်းတောင်း အဲဒီဆုကပြည့်မှာမဟုတ်ပါဘူး။ ဘုရားသခင်ဆီမှာ ဆုတောင်းထားတာကြာနေပြီ၊ ဘာဖြစ်လို့ခုထိမရတာလဲ..။ ကိုယ့်ကိုကိုယ်ပြန်လည်ဆန်းစစ်ရမှာက ကိုယ့်အနေနဲ့ခွင့်မလွှတ်နိုင်တဲ့ မိဘ၊ ဆွေမျိုး၊ သူငယ်ချင်း၊ အပေါင်းအသင်း၊ သားသမီး တစ်ယောက်ယောက်များ ရှိနေသလားဆိုတာ အရင်ဆန်းစစ်စေချင်ပါတယ်။ ခွင့်လွှတ်ခြင်းမှရှိရင် ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းနဲ့ဆုတောင်းခြင်း၊ ဘုရားဝတ်၌မွေ့လျှော်ခြင်း စတဲ့အရာအားလုံးဟာ ဘုရားသခင်ရှေ့မှာ အရာမရောက်သောအရာများသာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်.. စိတ်နှလုံးဖြူစင်စွာနဲ့ ဘုရားသခင်ရဲ့တတ်စွမ်းနိုင်ခြင်းနဲ့ ကြွယ်ဝခြင်းကို ယုံကြည်ခြင်းနဲ့ထုတ်ယူသုံးစွဲပြီး နေ့စဉ်အသက်တာအတွက် ဘုရားကျေးဇူးတော်ကို ချီးမွမ်းကြပါစို့...။
ဆရာအောင်မင်းထွန်း (ပြီးပြီး)
ဖူးခက်
The Westminster Confession of Faith 1646 အခန်း(၃) ( ဘာသာပြန် )
The Westminster Confession of Faith (1646)
ဝက်(စ်ထ်) မင်စတာ ယုံကြည်ခြင်းဆိုင်ရာဝန်ခံချက်
Chapter (3) God’s Enternal Decree
အခန်း(၃) ဘုရားသခင်၏ထာဝရစီရင်ချက်
၁။       ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်တော်မူသော ဥာဏ်အမြော်အမြင်နှင့် မိမိ၏သန့်ရှင်းသောအလိုတော်မှ
          နေ၍ ထာဝရအစဉ်တည်နေတော်မူ၍ လွတ်လပ်ပြီးပြောင်းလဲခြင်းမရှိဘဲ ဖြစ်ပေါ်လာလတ္တံသော အရာ
          တို့ကို ခန့်ထားတော်မူ၏။ သို့သော်လည်း ထိုအရာကြောင့် ဘုရားသခင်သည် အပြစ်တရားကိုဖြစ်ပေါ်
          စေသူမဟုတ်ပါ။ အဖန်ဆင်းခံသတ္တ၀ါအပေါင်းတို့၌ ဖောက်ပြန်ပုန်ကန်လိုသော ဆန္ဒကို ဖြစ်သေသူ
          လည်းမဟုတ်ပါ။ ပုန်ကန်ခြင်းငှာ လွတ်လပ်ခွင့်နှင့် ဖြစ်လာစရာအခြေအနေကိုလည်း ဖယ်ရှားခြင်းမပြု။
၂။       ခပ်သိမ်းသောအရာတို့သည် ဖြစ်လာနိုင်ချေရှိသည့်အခြေအနေများဖြင့် ဖြစ်လာကြမည်ကို ဘုရားသခင်
          သိမြင်သော်လည်း ထိုသို့ဖြစ်လာမည်ကို ကြိုခြင်းအပေါ်မူတည်ပြီး ခွဲခန့်မှတ်သားခြင်းပြုခြင်းမဟုတ်
          (သို့မဟုတ်) အခြေအနေတမျိုးမျိုးအပေါ်တည်၍ ဖြစ်လာနိုင်ဖွယ်ရှိသောကြောင့် ဖြစ်ပေါ်စေရန် ခွဲခန့်
          ထားခြင်းလည်း မဟုတ်ပါ။
၃။       ထာဝရဘုရားသခင်၏ ခွဲခန့်ဆုံးဖြတ်တော်မူချက်ဖြင့် မိမိ၏ဘုန်းတော်ထင်ရှားခြင်းရှိစေရန် လူသား
          အချို့နှင့် ကောင်းကင်တမန်များအား ထာဝရအသက်ရှင်စေရန် ကြိုတင်ခွဲခန့်မှတ်သားထားလျှက်
          အခြားသူတို့ကိုလည်း ထာဝရသေခြင်းနှင့်သေဆုံးရန် ကြိုတင်ခွဲခန့်မှတ်သားထားပါသည်။
၎။       ကောင်ကင်တမန်များနှင့် လူသားများအား ကြိုတင်ခွဲခန့်မှတ်သားထားခြင်းသည် သီးခြားကြံစည်ထား
          သော မပြောင်းလဲနိုင်သည့် အကြံအစည်တော်ဖြစ်သည်။ သူတို့၏ အရေအတွက်တို့သည်လည်း ခိုင်
          မာတိကျမှုရှိ၍ အရေအတွက်ကို လျှော့၍မရ၊ တိုး၍လည်းမရပါ။
၅။       ထာဝရအသက်ရှင်ခြင်းသို့ရောက်ရန် ကြိုတင်ခွဲခန့်သတ်မှတ်ခြင်းခံရသော သူတို့ကို ဘုရားသခင်သည်
          ထာဝရဘုန်းထင်ရှားခြင်း ရှိစေရန် ဤကမ္ဘာမတည်ရှိမီကပင် မိမိ၏ မပြောင်းလဲနိုင်သော ထာဝရအကြံ
          အစည်တော်နှင့်အလိုတော်ရှိသည့်အတိုင်း ခရစ်တော်၌ ရွေးကောက်တော်မူခြင်းဖြစ်သည်။ ထိုသို့ပြု
          ခြင်းတွင် သူ၏လုံးဝလွတ်လပ်သော ကျေးဇူးတော်နှင့် မေတ္တာတော်မှဖြစ်၍ ထိုသူတို့၏ ယုံကြည်ခြင်း
          နှင့် ကောင်းမှုကုသိုလ်များကို ကြိုတင်သိမြင်ခြင်းကြောင့်မဟုတ်ပါ။ ထိုသို့သော ယုံကြည်ခြင်းမျိုးနှင့်
          ကောင်းမှုကုသိုလ်ကို မရမနေကြိုးစားအားထုတ်ကြခြင်းအပေါ် ကြိုတင်သိမြင်သောကြောင့်လည်း မ
          ဟုတ်သလို အခြားသော ဖန်ဆင်းခြင်းဆိုင်ရာ မည်သည့်အကြောင်းအရာတစ်ခုခုကြောင့်လည်းမဟုတ်
          ပါ။ ခပ်သိမ်းသောအရာတို့သည်ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေရန်နှင့် ကျေးဇူးတော်ချီးမွမ်းခြင်း
          ရှိစေရန်သာဖြစ်၍ မည်သည့်ကျိုးကြောင်းဆက်နွယ်မှု၊ မည်သည့်သြဇာသက်ရောက်မှုများကြောင့် မဟု
          တ်ပါ။
၆။       ဘုရားသခင်သည် ရွေးကောက်ထားသောလူသားများကို ဘုန်းတော်အတွက် ခွဲခန့်မှတ်သားထားသကဲ့
          သို့ ထိုသို့ဖြစ်စေခြင်းငှာ လိုအပ်သမျှကိုလည်း ထာဝရလွတ်လပ်ခြင်းရှိသော သူ၏အကြံအစည်တော်အ
          တိုင်း ကြိုတင်ပြင်ဆင်သတ်မှတ်ပေးထားပြီးဖြစ်သည်။ ထို့ကြောင့် အာဒံအားဖြင့် ကျဆင်းခဲ့သည့် လူ
          တို့ထဲမှ ခရစ်တော်အားဖြင့် ရွေးနှုတ်ကယ်တင်ခြင်းသို့ ရောက်သောသူတို့ကို ခရစ်တော်၌ ယုံကြည်ခြင်း
          သို့ရောက်စေရန် အချိန်တန်သောအခါမှ ၀ိညာဉ်တော်အားဖြင့် အလိုတော်နှင့်အညီခေါ်ယူတော်မူ၏။
          ထိုသူတို့အား နေရာမှန်၌ထားရှိပြီး မွေးစားတော်မူကာ သီးခြားထားရှိပြီး ယုံကြည်ခြင်းအားဖြင့် ကယ်
          တင်ခြင်းသို့ ရောက်စေရန် တန်ခိုးတော်အားဖြင့်စောင့်ထိန်းပေးလျှက်ရှိသည်။ ရွေးကောက်ခြင်းခံရသူ
          တို့ကိုသာ ခရစ်တော်အားဖြင့် ရွေးနုတ်တော်မူခြင်း၊ အလိုတော်နှင့်အညီ ခေါ်ယူတော်မူခြင်း၊ နေရာမှန်
          ၌ထားရှိခြင်း၊ မွေးစားတော်မူခြင်း၊ သီးခြားထားကာ ကယ်တင်တော်မူ၍ အခြားမည်သူ့ကိုမျှ ယင်းသို့မ
          ပြုပါ။
၇။       ရှာဖွေလိုက်စစ်၍မကုန်နိုင်သော ဘုရားသခင်၏အလိုတော်နှင့်အညီ ကျေးဇူးပြုလိုသူကိုကျေးဇူးပြု၍
          ကျေးဇူးမပြုလိုသူကို ထိန်ချိန်ထားလျက် မိမိဖန်ဆင်းထားသော သတ္တ၀ါတို့အပေါ်၌ အုပ်စိုးခြင်းအာ
          ဏာတော်နှင့်စပ်ဆိုင်သော ဘုန်းတော်အားထင်ရှားစေရန် ဘုရားသခင်သည် ကျန်ရှိသောလူသားတို့
          ကို ကွက်၍ချန်ခဲ့ပြီး သူတို့ပြုသောအပြစ်များကြောင့် သူတို့ကို အရှက်ကွဲအကျိုးနည်းစေရန်နှင့် အားရ
          နှစ်လိုဖွယ်မရှိစေရန် ခွဲခန့်မှတ်သားပေးထားသည်။ ထိုသို့ပြုရခြင်းမှာ မိမိဘုန်းတော်နှင့်ပြည့်ဝသော တ
          ရားစီရင်ခြင်းအပေါ် ချီးမွမ်းကြစေရန်ဖြစ်သည်။
၈။       ဤသို့ကြိုတင်ခွဲခန့်ခြင်းဆိုင်ရာ သွန်သင်ချက်သည် အလွန်တရာလျှို့ဝှက်နက်နဲသည်ဖြစ်၍ အထူးဂ
          ရုစိုက်ကိုင်တွယ်ရန် လိုအပ်သည်။ နှုတ်ကပတ်တော်၌ ဖော်ပြထားသည့် ဘုရားသခင်၏အလိုတော်များ
          ကို ဂရုတစိုက်အာရုံပြုခြင်းအားဖြင့်သော်လည်းကောင်း၊ နာခံလိုက်လျှောက်ခြင်းဖြင့်လည်းကောင်း၊ လူ
          တို့သည် မိမိတို့အားအလိုတော်နှင့်အညီ ခေါ်ယူတော်မူခြင်းအပေါ် စိတ်ချသေချာခြင်းရှိကာ မိမိတို့ကို
          ထာဝရကာလအတွက် ရွေးခြယ်ထားခြင်းဖြစ်ကြောင်းကို စိတ်ချယုံကြည်လာနိုင်မည်ဖြစ်သည်။ ဤသို့
          ဖြင့် ဘုရားသခင်ကို ချီးမွမ်းခြင်း၊ ရိုသေလေးစားခြင်းနှင့် ထာဝရဘုရားသခင်အပေါ် အံ့သြခြင်း၊ ကြိုး
          စားအားထုတ်ခြင်း၊ နှုတ်ကပတ်တော်၏ ၀မ်းမြောက်ဖွယ် ဧ၀ံဂေလိတရားကို နာခံလိုက်လျှောက်သော
          သူတို့၌ ကြွယ်ဝပြည့်စုံသော နှစ်သိမ့်ခြင်းများအား ဤသွန်သင်ချက်တို့မှ ရရှိစေမည်ဖြစ်သည်။
စက္ကူလှေ
အခုတလော ဘယ်သတင်းဌာနတွေကိုပဲကြည့်ကြည့် စစ်ပွဲသတင်း၊ လူထုအုံကြွမှု၊ ငလျင်ဘေး၊ မိုးသက်မုန်တိုင်း ဓါတ်ရောင်ခြည်သင့်မှု......စတဲ့ အနိဌာရုံတွေပဲ မြင်နေကြားနေရတယ်ဗျာ။ အဲဒီလိုတွေ ဖြစ်ရကြားရတာများ လာတာနဲ့အမျှ နောက်ဆုံးသောကာလနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ၊ ဗျာဒိတ်ကျမ်းထဲက အဖြစ်အပျက်တွေ ကျနော်တို့အသင်းတော်မှာ အတော့်ကို HOT လာတယ်။ အဲဒီမေးခွန်းတွေ အကြောင်းက အဓိက မဟုတ်ပါဘူး။ အဓိကပြောချင်တာက နောက်ဆုံးသောကာလမှာ ကျနော်တို့တွေ ရှိသင့်ရှိအပ်တဲ့ သတိနဲ့ သိသင့်သိအပ်တဲ့ အမြင်အကြောင်း တစ်နည်းအားဖြင့် အမြင်မှန်၊ သတိမှန်ဖို့ ပြောချင်ပါတယ်။
ကျနော်အမှတ်မမှားဘူးဆိုရင် ( ၂၀၀၅ ) ခုနှစ်လောက်ကထင်ပါရဲ့။ ချင်းပြည်နယ် ကလေးမြို့မှာ Crusade သွားလုပ်ကြရင်းနဲ့ ကားမဲလ်တောင်ကို ရောက်ဖြစ်ခဲ့ပါတယ်။ အဲဒီကားမဲလ်တောင်ခြေမှာ စမ်းချောင်းလေးတစ် ခုရှိတယ်ဗျ။ ကျနော်တို့ သူငယ်ချင်းတွေအားလုံး ကျောပိုးအိတ်ထဲမှာ ပါလာတဲ့ ဗလာစာအုပ်တွေထဲက စာရွက်တွေဖြဲ၊ လှေလုပ်ပြီး ချောင်းထဲမှာ မျှောကြတယ်။ ပြီးတဲ့နောက် သူ့လှေ၊ ကိုယ့်လှေ ဘယ်ဟာက ပိုပြီး မြန်သလဲဆိုတာကို ပြိုင်ကြတော့ အော်လိုက် ဟစ်လိုက်နဲ့ ပျော်စရာကြီး။ ဒါပေမယ့် ဘယ်လှေမှ မျက်စိတဆုံးမခံပါဘူး။ မျက်စိရှေ့တင် ရေစိုပြီး ပုံပျက်ပန်းပျက်နဲ့ နစ်ကုန်ပါလေရော.....။
၂၀၀၈ ခုနှစ်၊ မေလ (၂) ရက်နေ့မှာ မြစ်ဝကျွန်းပေါ်ဒေသကို နာဂစ်မုန်တိုင်း ၀င်ရောက်တိုက်ခတ်သွားတဲ့နောက် အဲဒီဒေသကို ကျနော်တို့သူငယ်ချင်းတွေ ရောက်ဖြစ်ကြတယ်။ ကယ်ဆယ်ရေးတွေ၊ ပြန်လည်ထူထောင်ရေးတွေ လုပ်ရင်းနဲ့ ဘိုကလေးတစ်ခွင်ကို ပြဲပြဲစင်ရောက်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ရောက်မှ လွန်ခဲ့တဲ့ (၃) နှစ်လောက်က စက္ကူလှေတွေ အပြိုင်မျှော်ခဲ့ဖူးတာကို ပြန်အမှတ်ရမိလာသလို ဘုရားသခင်ရဲ့ သွန်သင်မှုကို သဘောပေါက်လာခဲ့တယ်။ ကျနော်တို့တွေ လောကမှာ အပြိုင်အဆိုင်ရှာဖွေနေကြတဲ့ ပညာတွေ၊ စည်းစိမ်တွေ၊ ရာထူးတွေ ၊ ဂုဏ်ဒြပ်တွေကစလို့ ဘာသာတရားတွေအဆုံး အရာရာတိုင်းဟာ စက္ကူလှေတွေချည်းပဲလို့ နားလည်လာခဲ့မိတယ်။ အဲဒီလို ဘယ်အချိန်မှာ ရေနူးပြီး ရိရွဲပျက်စီးသွားမယ်မှန်း မသိနိုင်တဲ့၊ အာမချံက်မရှိတဲ့ စက္ကူလှေတွေကို အားကိုးပြီး သူ့ထက်ငါ အပြိုင်အဆိုင်နဲ့ မာန်တက်ရင်းက ဘ၀ပင်လယ်ကြီးကို ကျနော်တို့တွေ ဖြတ်သန်းနေကြတယ်။ အချိန်တန်လာလို့ နောက်ဆုံးအချိန်ရောက်လာမှ သတိဝင်လာတော့ ကျနော်တို့မှာ ဘာအားကိုးရာမှ မရှိတော့ နစ်ပါလေရော။ တကယ်တော့ လူ့ဘ၀ဆိုတာ ဘာမှမပါဘဲ ၀င်လာရသလို ဘာမှမပါဘဲ ပြန်ထွက်သွားရတဲ့ အခန်းတစ်ခန်းပါပဲ။ ဒေသနာ ၅း၁၅-၁၆ မှာ ဒီအကြောင်းအရာကို ဖော်ပြထားပါတယ်။ " စည်းစိမ်ရှင်သည် အမိဝမ်းထဲက အလျင်းမပါဘဲ ထွက်လာသကဲ့သို့ ထိုနည်းတူ ပြန်သွားရမည်။ ကြိုးစားအားထုတ်၍ရသော ဥစ္စာတစ်စုံတစ်ခုကိုမျှ လက်နှင့် ဆွဲကိုက် လျှောက်ယူ၍ မသွားရ။ သူသည် လာသကဲ့သို့ အလျင်းမခြားနားဘဲ သွားရသော အမှုအရာသည် အလွန်ဆိုးသော အမှုအရာဖြစ်၏ ။ လေကို ရအံ့သောငှာ ကြိုးစားအားထုတ်သောသူသည် အဘယ်ကျေးဇူးရှိသနည်း။ " တကယ်တော့ ကျနော်တို့ ဘ၀မှာ နောက်ဆုံးသောအချိန်အထိ  ပါလာမယ့်အရာ ဒီထက်ပိုပြီး တိတိကျကျပြောရရင် ထာဝရကာလအတွက် ကောင်းရာဘုံဘ၀နဲ့ ငရဲကို အဆုံးအဖြတ်ပေးမယ့် အရာက သခင်ယေရှုပဲ ဖြစ်ပါတယ်။ ထိုသခင်သည်သာလျှင် စစ်မက်ဖြစ်ပွားခြင်း၊ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း စတဲ့ အခြေအနေတိုင်းမှာ မပျက်စီးတည်တံ့နေနိုင်တဲ့ သင်္ဘောကြီး ဖြစ်ပါတယ်။ အဲဒီလို သင်္ဘောကြီးထဲကို ၀င်ရောက်လာနိုင်ဖို့အတွက် လက်ရှိ ကိုယ်အားကိုးနေတဲ့ စက္ကူလှေထဲကနေ စွန့်ခွာပြီး ပြီးထွက်လာဖို့က မိတ်ဆွေ လုပ်ရမယ့် အပိုင်းဖြစ်ပါတယ်။
ကျနော်တို့ရဲ့ အသက်တာမှာ မဖြစ်မနေ ကြုံရမယ့် အရာ (၃) ခုရှိပါတယ်။ အဲဒီအရာကို ကြိုပြီး ပြင်ဆင်မထားရင်တော့ အင်မတန်ကို ဒုက္ခများပါလိမ့်မယ်။
(၁) အခွန်အခ (၂) အပြောင်းအလဲ (၃) သေခြင်းတရားပါ။ ဒီအရာ (၃) ခုကို ကြုံလာမယ့် နေ့အတွက် ကျနော်တို့ရဲ့ ပြင်ဆင်မှုကတော့ မိတ်ဆွေရဲ့ စက္ကူလှေကို စွန့်ပြီး သခင်ယေရှုဆိုတဲ့ ကယ်တင်ခြင်း သဘောင်္ကြီးထဲကို ခြေစုံပစ်ဝင်လိုက်ဖို့ပါပဲ။ ကျနော်တို့ရဲ့ ဘ၀မှာ ကိုယ့်ရဲ့သေနေ့အတွက် စိတ်အေးနိုင်အောင် အသင့်ပြင်ထားကြရအောင်။ နောက်ဆုံးသောကာလရဲ့ လှိုင်းတံပိုး တွေ ဘယ်လောက်ပဲ ကြမ်းနေ ထန်နေပါစေ...... သခင်ယေရှုရဲ့ အထဲမှာသာ အသက်ရှင် နေမယ်ဆိုရင် မိတ်ဆွေဟာ နောက်ဆုံးသော ကာလအတွက် အသင့်ဖြစ်နေပါပြီ။ ဒီကနေ့ကစလို့ ကျနော်တို့ရဲ့ ကိုယ်စွမ်း ကိုယ်စတွေ၊ စည်းစိမ် ဂုဏ်ဒြပ်တွေဟာ စက္ကူလှေတွေ ပါလားလို့ အမြင်မှန် ရကြရအောင်လားဗျာ။
 ချစ်ခြင်းအားဖြင့်
ဆရာဇေယျာ
The Westminster Confession of Faith 1646 အခန်း (၂) ( ဘာသာပြန် )
The Westminster Confession of Faith (1646)
ဝက်(စ်ထ်) မင်စတာ ယုံကြည်ခြင်းဆိုင်ရာဝန်ခံချက်
Chapter (2) God and The Holy Trinity
အခန်း(၂) ဘုရားသခင်နှင့်သန့်ရှင်းသောသုံးပါးတစ်ဆူဘုရား
၁။       စစ်မှန်သော အသက်ရှင်တော်မူသည့် ဘုရားသခင်တစ်ပါးတည်းရှိ၏။ ထိုဘုရားသခင်တည်ရှိမှုနှင့်ပြည့်
          နိုင်ခြင်းမရှိ၊ ရုပ်ခန္ဓာကိုယ်မရှိ၊ ခန္ဓာအစိတ်အပိုင်း (သို့မဟုတ်) စိတ်ခံစားချက်လည်း မရှိပါ။ ပြောင်းလဲ
          ခြင်းမရှိဘဲ အကန့်အသတ်မဲ့ နိစ္စထာဝရတည်တော်မူ၍ လူသားတို့အသိဥာဏ်ဖြင့် သိမြင်နိုင်စွမ်းထက်
          ကျော်လွန်၍ တန်ခိုးအကြွင်းမဲ့ ရှိတော်မူသည်။ အရာခပ်သိမ်းကို ဘုရားသခင်သည် မိမိအလိုတော်အ
          တိုင်း မိမိ၏ ဘုန်းထင်ရှားစေခြင်းအလို့ငှာ ဖန်ဆင်းခဲ့သည်။ ထိုဘုရားသခင်၏ အလိုတော်သည်လည်း
          ပြောင်းလဲခြင်းမရှိ။ အကြွင်းမဲ့တရားမျှတခြင်းရှိ၏။
          ဘုရားသခင်သည် အကြွင်းမဲ့မေတ္တာရှင်၊ ကျေးဇူး၊ ဂရုဏာ၊ စိတ်ရှည်သည်းခံတော်မူခြင်းနှင့် ပြည့်စုံ၍
          ကောင်းမြတ်ခြင်း၊ သမ္မာတရားဖြင့် ကြွယ်ဝတော်မူ၏။ ထိုဘုရားသခင်သည် အမှားပြုသူ၊  ပညတ်
          တရားကိုချိုးဖောက်သူ၊ အပြစ်ပြုသူတို့ကို ခွင့်လွှတ်တော်မူ၍ မိမိအား စိတ်ရောကိုယ်ပါ ရှာဖွေတွေ့ရှိ
          သူတိုင်းကို ကျေးဇူးပြုတော်မူ၏။ တချိန်တည်းတွင် ဘုရားသခင်သည် အကြွင်းမဲ့ဖြောင့်မတ်တော်မူ
          သည်ဖြစ်၍ တရားစီရင်ခြင်းသည်ကြောက်မက်ဖွယ်ဖြစ်လျက် အဖြစ်မှန်သမျှကို  မုန်းတီးတော်မူသ
          ဖြင့် အပြစ်ရှိသူကို မည်သည့်နည်းနှင့်မျှ လွှတ်မည်မဟုတ်ပါ။
၂။       ဘုရားသခင်သည် သက်ရှိအားလုံး၊ ဘုန်းအသရေအလုံးစုံ၊ ကောင်းမြတ်ခြင်း၊ ပျော်ရွှင်ခြင်းများကို ပိုင်
          တော်မူ၏။  သူ၌ပြည့်စုံလုံလောက်လျက်ရှိသဖြင့် မိမိဖန်ဆင်းခဲ့သည့် မည်သည့်အရာကိုမျှ အလိုမရှိပါ
          မည်သည့်ဘုန်းအသရေကိုမှလည်း ရယူစရာမလိုပါ။ သူ၏ဘုန်းတော်ကိုသာ ထိုအရာတို့၌လည်း
          ကောင်း၊ ထိုအရာတို့အားဖြင့်လည်းကောင်း၊ ထိုအရာတို့အပေါ်၌လည်းကောင်း သက်ရောက်ထင်ရှား
          စေခြင်းသာရှိသည်။ ရှိရှိသမျှအားလုံးတို့၏ မူလဇစ်မြစ်လည်းဖြစ်တော်မူ၏။ ခပ်သိမ်းသောအရာတို့
          သည် ကိုယ်တော်အထဲကလည်းကောင်း၊ ကိုယ်တော်အားဖြင့်လည်းကောင်း၊  ကိုယ်တော့်အဘို့အ
          လို့ငှာလည်းကောင်း ဖြစ်ကြ၏။ ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့အပေါ်၌ အာဏာသက်
          ရောက်သည်ဖြစ်၍ ဘုရားသခင်လုပ်ဆောင်လိုသမျှတို့ကို ထိုအရာတို့မှ တဆင့်၊ ထိုအရာတို့ အဘို့
          အလို့ငှာ (သို့မဟုတ်) ထိုအရာတို့အားဖြင့် ပြုပိုင်ခွင့်ရှိတော်မူ၏။ ခပ်သိမ်းသောအရာတို့သည် ဘုရား
          သခင်၏ရှေ့တော်တွင် ဖွင့်လှစ်၍ ထင်ရှားခြင်းရှိကြ၏။ သူ၏ဥာဏ်တော်သည် အနန္တဖြစ်၍ လုံးဝဥဿုံ
          ခိုလှုံကိုးစားရာဖြစ်သည်။ ဖန်ဆင်းသမျှအရာအားလုံးနှင့်လည်း ကင်းလွတ်လျက်ရှိသည်။ ထို့ကြောင့်
          ဘုရားသခင်၌ မည်သည့်အရာမျှ ထင်မှတ်မထားသည့်အရာနှင့် မသေချာသောအရာဟူ၍မရှိပါ။
          သူ၏ ကြံစည်တော်မူသမျှ၊ ပြုလေသမျှ၊ မိန့်တော်မူသမျှတို့သည် သန့်ရှင်းတော်မူ၏။ ကောင်းကင်
          တမန်များ၊ လူသတ္တ၀ါများနှင့် အခြားဖန်ဆင်းခဲ့သမျှသော အရာအားလုံးတို့ကို ဘုရားသခင်က မိမိ
          အား အလိုတော်ရှိသည့်အတိုင်း ကိုးကွယ်ခြင်း၊ အစေခံခြင်း (သို့မဟုတ်) နာခံခြင်းများရှိကြရန်တောင်း
          ခံလျှင် ပေးဆပ်ရမည့် တာဝန်ရှိကြသည်။
၃။       တလုံးတ၀တည်းသောဘုရားသခင်၌ yk*¾Kdvf သုံးပါးရှိသည်။ တန်ခိုးတော်နှင့် အနန္တထာဝရဖြစ်တော်
          မူသောခမည်းတော်ဘုရားသခင်၊ သားတော်ဘုရားသခင်နှင့် သန့ှ်ရှင်းသောဝိညာဉ်တော် ဘုရားသခင်
          တို့ ဖြစ်သည်။ ခမည်းတော်ဘုရားသခင်သည် မည်သူ့အားဖြင့်မျှ တည်ရှိလာခြင်း၊ ပေါက်ဖွားလာခြင်း
          မဟုတ်ပါ။ သားတော်သည် ခမည်းတော်ဘုရားသခင်အားဖြင့် ထာဝရဖြစ်ပွားလာခြင်းဖြစ်သည်။ သန့်
          ရှင်းသော ၀ိညာဉ်တော်သည် ခမည်းတော်နှင့် သားတော်တို့ထံမှ ဆင်းသက်တော်မူခြင်းဖြစ်၏။
ဤနေရာတွင် အခန်း (၂) ပြီးဆုံးပါသည်။
အခန်း (၃) အားဆက်လက်ဖော်ပြပေးသွားပါမည်။
အဖြည့်ခံ
သမ္မာအလင်းရဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာပါ။ ကျနော်တို့လည်း အသင်းတော် ကိစ္စတွေရော၊ အခြားမယောင်ရာဆီလူးတဲ့ ကိစ္စတွေကြောင့်ပါ အလုပ်တွေရှုပ်နေရတာနဲ့ တရားဟောချက် အသစ်တွေ မတင်ပေးနိုင် ဖြစ်နေရတာအတွက် တောင်းပန်ပါတယ်။ ဒီနေ့တော့ အဖြည့်ခံဆိုတဲ့ ခေါင်းစဉ်နဲ့ တရားဟောချက်ကို ပရိသတ်ကြီးအတွက် ဘလော့ဂ်မှာ တင်ဆက်ပေးလိုက်ပါတယ်။
ရာဇ၀င်ချုပ်ဒုတိယစောင် ၃၀း၁၇-၂၀ ကိုလေ့လာကြည့်ရင် ခမည်းတော် အာခတ်မင်း သေလွန်ပြီးတဲ့နောက် သားတော် ဟေဇကိမင်း နန်းထိုင်နေတဲ့အချိန်မှာ ဖခင်ရဲ့လက်ထက်က ထာဝရဘုရားအပေါ် ပျက်ကွက်ခဲ့တာတွေကြောင့် ခံစားခဲ့ရတဲ့ ဘေးဒုက္ခတွေကို ဆင်ခြင်နှလုံးသွင်းမိပြီး ထာဝရဘုရားကိုသာ ကိုးကွယ်ဆည်းကပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ ( ၆ရာ ၃၀း၁၂ )
အဲဒီနောက်မှာတော့ ဗိမာန်တော်မှာ မီးရှို့ရာယဇ်ကို ပူဇော်ကြဖို့အတွက် ယုဒပြည်၊ က္ကုသရေလပြည်နဲ့ အနီးအနားတစ်ဝိုက်လုံးကို လှုံ့ဆော်ဖို့အတွက် အမိန့်တော်ကို စာပို့လုလင်တွေနဲ့ ပေးလိုက်ပါတယ်။ ဘုရင်ဟေဇကိရဲ့ မှန်ကန်တဲ့ကြံစည်မှုကြောင့် တိုင်းသူပြည်သား အားလုံးကို စိတ်သဘော တညီတညွတ်တည်း ဖြစ်စေဖို့ ဘုရားသခင်က အံ့သြဖွယ် ပြုခဲ့ပါတယ်။ ( ၆ရာ ၃၀း၁၂ )
အဲဒီကာလ မတိုင်ခင်က က္ကုသရေလတိုင်းပြည်ဟာ ဖရိုဖရဲနဲ့ အစိတ်စိတ်အမွှာမွှာ ကွဲပြားနေပြီး ဟိုဘုရင်က ၀င်သိမ်းပိုက်လိုက်၊ ဒီဘုရင်က ၀င်သိမ်းပိုက်လိုက်နဲ့ တကယ့်ကို ၀ါးအစည်းပြေသလို ဖြစ်နေခဲ့ပါတယ်။ ( ၆ရာ ၂၈း၅-၈ )
သို့သော် ဘုရားသခင်ရဲ့ လက်တော်က အဲဒီလို ၀ရုန်းသုန်းကား ဖြစ်နေတဲ့ တိုင်းနိုင်ငံကို အံ့သြဖွယ် စည်းလုံးညီညွတ်စေ ခဲ့ပါတယ်။ ကျနော်တို့ရဲ့ အသင်းတော်တွေ၊ အသက်တာတွေ မငြိမ်မသက်ရှိနေမယ်၊ ၀ရုန်းသုန်းကားဖြစ်နေမယ်ဆိုရင်လည်း သဟဇာတ မျှတစွာ ညီညွတ်လာဖို့ ဘုရားသခင်တတ်နိုင်ပါတယ်။ ဒီလိုနဲ့ အနယ်နယ်အရပ်ရပ်က ရောက်လာကြတဲ့ ပရိသတ်တွေက ဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုဖို့ လုပ်ကြတဲ့အခါမှာ မလုပ်တတ် မကိုင်တတ်တဲ့သူတွေ၊ ဘယ်လိုလုပ်ရမယ်ဆိုတာ နားမလည်တဲ့သူတွေ ပါလာကြသလို ဘုရားသခင်ရဲ့ရှေ့မှာ မှန်မှန်ကန်ကန်နဲ့ မလုပ်ဆောင်နိုင်ကြတာကိုလည်း တွေ့ရပါတယ်။ အဲဒီအချိန်ကာလ ပညတ်တရားကာလ တစ်နည်းအားဖြင့် ပဋိညာဉ်တရားဟောင်းရဲ့ ကာလမှာ ဘုရားသခင်ကို ယဇ်ပူဇော်ရာမှာ ပဲဖြစ်ဖြစ်၊ ၀တ်ပြုကိုးကွယ်ရာမှာပဲ ဖြစ်ဖြစ် ဆောင်ရန်၊ ရှောင်ရန်တွေ ဒုနဲ့ဒေး ရှိပါတယ်။ ဘုရားသခင်မိန့်မှာထားတဲ့အတိုင်း တသွေမတိမ်း လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အကယ်၍ လွဲချော်မှု တစ်စုံတစ်ရာ ရှိခဲ့တာနဲ့ တပြိုင်နက် အသက်ပါ ဆုံးရှုံးတတ်တာကို ၀တ်ပြုရာကျမ်း ၁၀း ၁-၂ မှာ ကြည့်ရင် သိနိုင်ပါတယ်။ အခုလည်း အဲဒီလိုအမှားမျိုးကို သူတို့တွေ ကျူးလွန်နေမိကြပါပြီ။ သူတို့တွေ ဘာဖြစ်သလဲ ဆက်လက်လေ့လာကြည့်ရအောင်။ ( ၆ရာ ၃၀-၁၇-၁၈ )
အဲဒီလို ဘုရားသခင်ရဲ့ ရှေ့မှောက်မှာ အမှားလုပ်မိကြတဲ့သူတွေ၊ သန့်ရှင်းရာဌာနနဲ့ ဆိုင်တဲ့ ပညတ်ချက်တွေကို ဖောက်ဖျက်မိကြတဲ့ မသန့်ရှင်းသူတွေအတွက် အပြစ်လွှတ်ဖို့ ဘုရားသခင်ကို ဟေဇကိမင်းက ဆုတောင်းပါတယ်။ ( ၆ရာ ၃၀း၁၉ )
ကျမ်းစာမှာတော့ အခုလိုမျိုး ထင်ထင်ရှားရှား ရေးသားဖော်ပြထားပါတယ်။ " သို့ရာတွင် ဟေဇိကက သန့်ရှင်းရာဌာန ထုံးစံအတိုင်း သန့ှ်ရင်းခြင်းမရှိသော်လည်း ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကို ဆည်းကပ်ခြင်းငှာ ဘဘောကျသော သူအပေါင်းတို့၏ အပြစ်ကို ကောင်းမြတ်သော ထာဝရဘုရားသည် လွှတ်တော်မူပါစေသော " ဟု ထိုသူတို့ အဘို့ ဆုတောင်းသဖြင့်-----
ဒီနေရာမှာ ကျနော်အဓိက ထောက်ပြချင်တာ အချက်(၃) ချက်ရှိပါတယ်။
(၁) သန့်ရှင်းရာဌာနထုံးစံအတိုင်း သန့်ရှင်းခြင်းမရှိသော်လည်း- ( ထုံးစံ )
(၂) ဘုရားသခင်ထာဝရဘုရားကို ဆည်းကပ်ခြင်းငှာ သဘောကျသောသူအပေါင်း - ( ဘုရားသခင်ကိုဆည်းကပ်သူ )
(၃) ကောင်းမြတ်သောထာဝရဘုရား - ( ဘုရားသခင်ရဲ့ စိတ်နှလုံး )
နံပါတ် (၁) ဖြစ်တဲ့ " သန်ရှင်းရာဌာနထုံးစံအတိုင်း သန့်ရှင်းခြင်းမရှိသော်လည်း " ဆိုတဲ့အချက်က ကျနော်တို့ အသင်းတော်တွေ၊ ဂိုဏ်းဂနတွေရဲ့ လုပ်ရိုးလုပ်စဉ်တွေ၊ အစဉ်အလာတွေကို ထောက်ပြနေတာဖြစ်ပါတယ်။ တစ်ခါတရံမှာ သခင်ယေရှုကို ၀တ်ပြုကိုးကွယ်တဲ့နေရာမှာ - အစီအစဉ်တကျဖြစ်ရေးနဲ့ သတ်မှတ်ချိန်အတွင်း အစီအစဉ်အားလုံး ပြီးစီးဖို့အတွက်ပဲ ကျနော်တိုတွေ တွေး တောကြံဆပြီး ၀တ်ပြုကိုးကွယ်ခြင်း အစီအစဉ်ကို ရေးဆွဲကြပါတယ်။ သန့ှ်ရှင်းသော ၀ိညာဉ်တော်ကို အလှည့်ကျ တာဝန်ခွဲဝေမှုပုံစံခွက်ထဲမှာ မရမကဆွဲထည့်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါ့အပြင် အသင်းတော်တွေရဲ့ သန့်ရှင်း မြင့်မြတ်မှု ပြယုဂ်တွေ ဖြစ်တဲ့ စည်းကမ်း၊ ၀ိနည်းတွေက ဘုရားသခင်ကို ရှာချင်နေကြတဲ့ လေ့လာသူ အသစ်တွေ အတွက် တကယ့်ကို ကြီးမားတဲ့ အဟန့်အတားတွေ ဖြစ်လာစေပါတယ်။ ဒီအကြောင်းအရာကို ပိုပြီးသိချင်ရင်  မဿဲ ၁၅း ၈-၉ မှာလေ့လာကြည့်နိုင်ပါတယ်။
နံပါတ် (၂) ဖြစ်တဲ့ " ဘုရားသခင်ထာဝရဘုရားကို ဆည်းကပ်ခြင်းငှာ သဘောကျသောသူအပေါင်း " ဆိုတဲ့အချက်က ဘုရားသခင်ကို ရှာဖွေလိုသူတွေ၊ သခင်ယေရှုရဲ့ ကောင်းမြတ်ခြင်းကို မြည်းစမ်း လိုသူတွေကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ခရစ်ယာန်တွေရဲ့ ထုံးလမ်းစဉ်လာတွေဟာ သူတို့အတွက် အဟန့်အတား မဖြစ်စေဘို့ အရေးကြီးပါတယ်။ ကျနော်တို့ အသင်းတွေတော်တွေရဲ့ ကြာမြင့်လှတဲ့ ၀တ်ပြုကိုးကွယ်ခြင်း အစီအစဉ်တွေ၊ အသင်းတော်တွင်း စည်းကမ်းသတ်မှတ်ချက်တွေက လေ့လာသူတစ်ယောက်ကို ဆွဲဆောင်နိုင်ဖို့ထက် လွင့်စဉ် ပျောက်ကွယ်သွားဖို့ ပိုပြီးရာခိုင်နှုန်းများ ပါတယ်။ အခုလို ဆိုလိုတဲ့နေရာမှာ လူကြိုက်များအောင် ရှေ့ရှုပြီး အသင်းတော်ကို တည်ဆောက်ရမယ်၊ ရောက်လာတဲ့ ဧည့်သည်ကို စိတ်ကြေနပ်မှုရှိစေမယ့် ဆူလွယ်နပ်လွယ် အစီအစဉ်မျိုးတွေ လုပ်ဆောင်ဖို့ တိုက်တွန်းနေတာ မဟုတ်ပါဘူး။ ၁ကော ၃း၁၀ မှာ တမန်တော်ပေါလုက " ဘုရားသခင်၏ ကျေးဇူးတော်ကို ငါခံရသည်နှင့်အညီ လိမ္မာသောဗိသုကာကဲ့သို့ တိုက်မြစ်ကိုချပြီ လို့ဆိုထားတာကို ကြည့်ရင် ကျနော်တို့ရဲ့ အသင်းတော်၊ ၀တ်ပြုကိုးကွယ်ခြင်းနဲ့ ဧ၀ံဂေလိ အစီအစဉ်တွေမှာ နလပိန်းတုံးလို လှေနံဓားထစ်လုပ်ဆောင်ဖို့ မဟုတ်ဘဲ အလိမ္မာသုံးဖို့ ပါးနပ်ဖို့ လိုကြောင်း နားလည်ရပါလိမ့်မယ်။
နံပါတ် (၃) အချက်ဖြစ်တဲ့ " ကောင်းမြတ်သောထာသရဘုရား " ဆိုတာကတော့ ဘုရားသခင်ရဲ့ စိတ်နှလုံးနဲ့ သဘောထားကို ဖော်ကျူးခြင်း ဖြစ်ပါတယ်။ ကောင်းမြတ်တယ် ဆိုတဲ့ ဘုရားသခင်က မိတ်ဆွေတို့၊ ကျနော်တို့ဆီက ဘာကိုမှ ပြီးပြည့်စုံဖို့ မျှော်မနေသလို၊ မတောင်းလည်းမတောင်းပါဘူး။ သူ့ရှေ့ကို တိုးဝင်လာတဲ့ သူတိုင်းဟာ အိုးလွတ်တွေ ချည်းပဲလို့ သဘောပေါက်ထား သူဖြစ်သလို အစဉ်သဖြင့် ဖြည့်ဆည်းပေးချင်တဲ့သူ ဖြစ်ပါတယ်။ ရောမ ၁၀း၎ ကိုကြည့်ရင် ပညတ်တရားဟာ ခရစ်တော်အားဖြင့် ပြည့်စုံခြင်း ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဘုရားသခင်က ကျနော်တို့ရဲ့ မပြည့်မစုံဆုတောင်းသံ၊ ကီးမညီအသံမမှန်တဲ့ ချီးမွမ်းခြင်း၊ အိုးနင်းခွက်နင်း အစီအစဉ်တွေကို ပြည့်စုံလုံလောက်တဲ့ ယဇ်ဖြစ်စေဖို့ ခရစ်တော်အားဖြင့် ပြင်ဆင်ပြီးသားပါ။ အားငယ်တတ်တဲ့သူတွေလည်း အားငယ်မနေကြနဲ့။
ဘုရားရဲ့ ရှေ့မှာ အမှားလုပ်မိတဲ့သူတွေလည်း မကြောက်ကြပါနဲ့။ ဟေဇကိမင်းရဲ့ ဆုတောင်းထက် သခင်ယေရှုရဲ့ ဆုတောင်းကပိုပြီး တန်ခိုးကြီးမားပါတယ်။ ရောမ ၈း၃၃
ကျနော်တို့ရဲ့ အသက်တာထဲက မှားယွင်းမှု၊ လွဲချော်မှုတွေကို ခရစ်တော်က ဆုတောင်းပေးနေပါတယ်။ အဓိကအရေးကြီးဆုံးကတော့ အထက်မှာ ဖော်ပြခဲ့တဲ့ ဟေဇကိမင်းလက်ထက်က လူတွေကို ဘုရားသခင်ဆီ နောင်တနဲ့ လှည့်ပြန်လာဖို့က သာအရေးကြီးပါတယ်။ ထာဝရကာလကို ရောက်တဲ့အခါမှာ တစ်ခါမှ အမှားမပြုခဲ့ဖူးတဲ့ သူကိုရွေးပြီး " သာဓု သစ္စာရှိသော ငယ်သားကောင်း " လို့ ဘုရားသခင်က ချီးမွမ်းမှာ မဟုတ်ဘူးဆိုတာ ကျနော်အာမခံပါတယ်။ လဲသော်လည်း ပြန်ထတဲ့သူ၊ မှားသော်လည်း နောင်တရသူကိုသာ ဘုရားသခင်နှစ်သက်ကြောင်းကို ဆာလံ ၃၇း ၂၃-၂၄ မှာ လော့လာဖတ်ရှုကြည့်ဖို့ တိုက်တွန်းရင်း ဒီတရားဒေသနာကို နိဂုံးချုပ်အပ်ပါတယ်။
ကျနော်တို့ရဲ့ မပြည့်စုံမှုတွေကို နားလည်စာနာစွာ ဖြည့်ဆည်းပေးနေသူဟာ ခင်ဗျားတို့ ကျနော်တို့လို လောကီသား တစ်ယောက်မဟုတ်ဘူးဆိုတဲ့ စိတ်ချမှုကို ရရှိစေဖို့ ဘုရားသခင်ကောင်းကြီးပေးပါစေ။
ဆရာဇေယျာ
ဘုရားသခင်က မေတ္တတော်ရှင်ဘုရားဆိုရင် ဘာကြောင့် သဘာဝဘေးဒဏ်တွေကို ကျရောက်စေပြီး လူတွေသေကြေပျက်ဆီး၊ ဒုက္ခရောက်စေဖို့ ဘာလို့ ခွင့်ပြုတာလဲ။
အခုပြီးခဲ့တဲ့ ရက်ပိုင်းလေးထဲမှာပဲ ဂျပန်နိုင်ငံမှာ ဆူနာမီနဲ့ မြေငလျင်သတင်းက လူတော်တော်များများကို တုန်လှုပ်သွား စေပါတယ်။ Internet ကနေလည်း ဓါတ်ပုံတွေ၊ video တွေလည်း တွေ့လိုက်ရတယ်။ တကယ်ကို
စိတ်မကောင်းပါဘူး။ ကျွန်တော်ကိုယ်တိုင် လည်း ၂၀၀၈ မှာ ရိုက်ခတ်သွားတဲ့ နာဂစ်မုန်တိုင်းကို ခံခဲ့ရတော့ အခုလို ဒုက္ခရောက်နေတဲ့ ဂျပန် နိုင်ငံက လူတွေအတွက် ကိုယ်ချင်းစာမိပါတယ်။ ဒါတွေတွေးမိရင်းနဲ့ ဒီ ဝေငှချက်လေးကို အလုပ်များတဲ့ကြားထဲကနေ ကောက်ရေးမိလိုက်တာပါ။ အခုလို သဘာဝ ဘေးဒဏ်တွေ ဖြစ်ပေါ်လာတော့ လူတွေ သေကြေကြတယ်။ ကလေးတွေ မိဘမဲ့ဖြစ်ကုန်ကြရတယ်။ ဇနီးသည်တွေလည်း သူတို့ ခင်ပွန်းတွေ ပျောက်ဆုံးကြသလို၊ ခင်ပွန်းသည်တွေလည်း ဇနီးတွေကို လက်လွတ် ဆုံးရှုံးကြရတယ်။ ချစ်သူ၊ ခင်သူတွေ တကွဲတပြားဖြစ်ကုန်ကြတယ်။ နာဂစ်မုန်တိုင်းတုန်းကဆိုလည်း ဒီလိုပါပဲ။ တကယ်ပါ။ ဘုရားသခင် ဘယ်ရောက်နေလဲလို့တောင် မေးမိတယ်။ တလောကလုံးက (ဆိုလိုတာကမုန်တိုင်းဒဏ်ခံနေရတဲ့ အခြေ အနေကို ပြောတာပါ) ရစရာမရှိအောင်ဖြစ်ပျက်နေတာ။ နာဂစ်မုန်တိုင်းက ကျွန်တော့်အတွက်တော့ မမေ့နိုင်စရာ ဘ၀ရဲ့အမှတ်တရ တစ်ခုဖြစ်ခဲ့ရတယ်။ အခုလည်း ဂျပန်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေ internet မှာတင်ထားတဲ့ ဓါတ်ပုံတွေကို ကြည့်ပြီး ဘုရားသခင်က အရာရာကို ထိန်းချုပ် ထားတယ်ဆိုတာတောင် သံသယ ဖြစ်မိတယ်။ ဘုရားသခင် ကချစ်ခြင်းမေတ္တာရှင် ဆိုပြီး အခုလို လူတွေသေကြေကြတယ်။ ဒုက္ခရောက်နေကြတာ၊ ဘုရားသခင် ဘာလို့ လျစ်လျုရှု ထားတာလဲ။ ကောလောသဲ ၁း ၁၆-၁၇ မှာ ”အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိသမျှသော ရှုပအရာ၊ အရှုပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဖို့အလိုငှါ၎င်း ခပ်သိမ်းသောအရာတို့သည် ဖန် ဆင်းလျက်ဖြစ်ကြ၏။ သားတော်သည်လည်း ခပ်သိမ်းသောအရာမဖြစ်မှီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။”  သားတော် ယေရှုခရစ်တော်က ခပ်သိမ်းသောအရာတွေကို ထိန်းချုပ် ထားတာဖြစ်ပါ တယ်။ ဒီလိုဆိုရင်ဘုရားသခင်က ဒီသဘာဝဘေးဒဏ်တွေကို မကျရောက်လာဖို့ မတားဆီးနိုင်ဘူးလား၊ အဖြေကရှင်းရှင်း လေးပါ။ တားဆီးနိုင်ပါတယ်။ ရာသီဥတုတွေကို ဘုရားသခင်လွှမ်းမိုးနိုင်သလား၊ လွှမ်းမိုးနိုင်ပါတယ်။ တရာဟော ၁၁း ၁၇ နဲ့ ယာကုပ် ၅း၁၇ မှာ တွေ့နိုင်ပါတယ်။ တောလည်ရာကျမ်း ၁၆း ၃၀-၃၄ မှာ ဘုရားသခင်က လူတွေရဲ့
အပြစ်ကို တရား စီရင်ဖို့ တခါတလေ သဘာဝဘေးဒဏ်တွေကို ကျရောက်စေတယ်လို့ဖော်ပြထားပါတယ်။ ဗျာဒိတ်ကျမ်းမှာ လည်း သဘာဝ ဘေးဒဏ်တွေ အကြောင်းကိုဖော်ပြထားပါတယ် (ဗျာ ၆၊ ၈၊ ၁၆)။ ဒီလိုပြောလို့ ဂျပန်နိုင်ငံကလူတွေရဲ့အပြစ်ကို ဘုရား သခင် တရားစီရင်နေတာဖြစ်တယ်လို့ ဆိုလိုခြင်းမဟုတ်ပါ။ နောက်တစ်ခု နားလည်ရာမှာက သဘာဝ ဘေးဒဏ်တိုင်းက ဘုရားသခင်ရဲ့တရားစီရင် မဟုတ်ပါဘူး။လောကမှာ ဘုရားသခင်က မတရားသောသူများကိုလည်း အသက်ရှင်ခွင့်ပေးထားပါတယ်။
ရောမ ၈း ၁၉-၂၁ မှာ ဆိုရင် လောကကြီးက ဘုရားသားများပေါ်ထွန်းဖို့အတွက်မျှော်လင့်နေတယ်။ နောက်ပြီး ဘုရားသခင်ဖန်ဆင်းထားတဲ့ ဒီလောက ကြီး ကအနိစ္စဆိုတဲ့ မတည်မြဲခြင်းကို ရောက်တယ်။ ဒီလိုရောက်တာဟာသူ့အလိုအလျောက်မဟုတ်ဘူး။ ဘုရားသခင် အလိုကြောင့်ဖြစ်ပြီး၊ ဘုရားသားများဘုန်းဝင်စားတဲ့အခါ ဘုရားက လောကကိုလွှတ်ငြိမ်းချမ်းသာခြင်းပေးမှာဖြစ်တယ် လို့ ပြောထားပါတယ်။ အပြစ်တရားကြောင့် အရာအားလုံးဟာ ပျက်စီးခြင်းကို ရောက်ရကြတယ်။ ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာလောကကြီး အပါအ၀င် ပျက်ဆီးခြင်းဆီကို ရွှေ့လျားနေတယ်။ ဒီအပြစ်တရားကြောင့်ပဲ အခုလို သဘာဝ ကပ်ဘေးတွေ တွေ့ကြုံရပြီး၊ ရောဂါဆိုးတွေ၊ ဒုက္ခဆင်းရဲခြင်းအမျိုးမျိုးတွေ ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒါကြောင့် အခုလို အဖြစ်အပျက်ဆိုးကြီးတွေ ဘာကြောင့် ရောက်လာတယ်ဆိုတာကျွန်တော်တို့ နားလည်နိုင်ပေ မယ့် ဘုရားသခင်ဘာလို့ ဒီဆိုးကျိုးတွေကို ခွင့်ပြုတာလဲဆိုတာတော့ ကျွန်တော့်တို့ နားမလည်နိုင်ပါဘူး။ ဆူနာမီ ကြောင့်အာရှနိုင်ငံက သိန်းပေါင်းများစွာသောလူတွေ သေဖို့ ဘုရားသခင် ဘာလို့ခွင့်ပြုတာလဲ။ ထောင်ပေါင်းများစွာသော လူတွေ သေဖို့ US မှာဖြစ်ပျက်သွားတဲ့ ဟာရီကိန်း ကို ဘုရားသခင်ဘာကြောင့် မတားဆီးခဲ့တာလဲ။ ကျွန်တော်တို့ ဘုရားသခင်ရဲ့ သဘောသဘာဝ ကို နားမလည်နိုင်ပါဘူး။ ဒါပေမယ့်သေချာတာကတစ်ခုကတော့ ဒီလို အဖြစ်အပျက်ဆိုးက အခု ဘ၀ အသက်ရှင်နေတဲ့ အချိန်ဘယ်လို အသက်ရှင်မလဲ ဆိုတာနဲ့ သေပြီး တမလွန်အတွက် ထာဝရကာလကို စဉ်းစားစရာတစ်ခု ဖြစ်စေပါတယ်။ လူ့ဘ၀ဆိုတာ ဘာမှ မဟုတ်ဘူး။ အချိန်ခဏလေးအတွင်းမှာကိုယ့်အသက်တောင် ပျောက်သွား နိုင်တယ်ဆိုတာ စဉ်းစာတစ်ခု ဖြစ်လာပါတယ်။
ဘုရားသခင်က ကောင်းမြတ်သော ဘုရားဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အကြွင်းမဲ့ယုံကြည်ဖို့လိုပါတယ်။ ဒီလို ဘေးအန္တရယ်ဆိုးကြီးထဲမှာပင် ဘုရားသခင်ကိုမြင်လာဖို့၊ သိလာဖို့၊ ဘုရားဆီကို ချဉ်းကပ်လာဖို့ များစွာသော နိမိတ်လက္ခဏာတွေ ဖြစ်ပျက်သွားမယ်ဆိုတာ ကျွန်တော်အကြွင်းမဲ့ ယုံကြည် ပါတယ်။ပြီးတော့ (Christian Organization) ခရစ်သာသနာအဖွဲ့အစည်းတွေကလည်းလိုအပ်တဲ့အကူညီတွေပေးပြီး၊ ကြေကွဲနေတဲ့သူတွေကို counselingလုပ်ခြင်း၊ဆုတောင်းပေးခြင်း၊ခရစ်တော်အကြောင်းကိုသက်သေခံခြင်းများအားဖြင့်ကြေကွဲစရာ
ကောင်းတဲ့ အဖြစ်အပျက်ထဲကနေ ဘ၀ရဲ့ အလင်းထဲကို ရောက်လာကြမယ့်သူတွေလည်း ရှိမှာဖြစ်တယ်။ ရောမ ၈း ၂၈ မှာ အရာအားလုံးက ကောင်းဖို့ပဲဘုရားသခင်လုပ်တာဖြစ်တယ်။ ဒီအပြင် ဘ၀မှာ ပိုင်ဆိုင်တဲ့ အရာတွေ အားလုံးကဘာမှ မဟုတ်ဘူးဆိုတာ အခုလို သဘာဝဘေးဒဏ်တွေက မြင်တတ် တဲ့လူတွေကို
စကားပြောနေပါတယ်။ ကျမ်းစာထဲမှာလဲ ”လောကနဲ့ လောကမှာရှိတဲ့ စည်းစိမ်တွေဟာ ပျောက် ကွယ်သွားတတ်တယ်။ ဒါပေမယ့် ဘုရားရဲ့အလိုတော်ကို ဆောင်တဲ့သူကတော့ထာဝရတည်တယ် လို့ ၁ ယော ၂း ၁၇ မှာ ပြောထားပါတယ်။ ဘုရားရဲ့အလို တော်ကိုဆောင်တဲ့သူက သူသေသွားရင်တောင်မှ သူ အလိုတော် ဆောင်ခဲ့တဲ့အရာ တွေကကောင်းကင်မှာ ထာဝရ ခံစား ရမှာဖြစ်တယ်။ လောက အရာပဲ တပ်မက်တဲ့သူကတော့ လောကကြီးလိုပဲ ဘာမှ ကျန်မှာ မဟုတ်ဘူး။ တစ်ချိန်မှာတော့ပျောက်ကွယ်သွားမှာဖြစ်တယ်။ ဒီအဖြစ်အပျက်က ကျွန်တော်တို့တွေ ကို ၀ိညာဉ်ရေးရာ သင်ခန်းစာတွေ ပေးပါတယ်။ ဂျပန်နိုင်ငံမှာ ဖြစ်ပျက်သွားတဲ့ ဆူနာမီကြောင့် ဒုက္ခရောက်တဲ့သူတွေ၊ သေဆုံးသွားကြတဲ့သူတွေကို ကျွန်တော်တို့ မသိပါ ဘူး။ ကျွန်တော်တို့ မိတ်ဆွေတွေလည်း မဟုတ်ပါဘူး။ ဆွေမျိုးလည်း မတော်ပါဘူး။ ဒါပေမယ့် အသက်ရှင်တဲ့ ဘုရား ကို သိတဲ့ ကျွန်တော်တို့ ယုံကြည်သူတွေ သူတို့အတွက် ဆုတောင်းပေးဖို့လိုပါတယ်။ သဘာဝမုန်တိုင်းတွေ၊ ဘ၀မုန်တိုင်း တွေ၊ ဘယ်လိုမုန်တိုင်းတွေပဲဖြစ်ပါစေ အဲဒီ မုန်တိုင်းတွေထဲမှာ အသက်ရှင်တဲ့ ဘုရားကို တွေ့သွားဖို့ ဆုတောင်းပေးဖို့ လိုပါတယ်။ မှန်ပါတယ်။ ဘုရားသခင်က မေတ္တာရှင် ဘုရားဖြစ်ပါတယ်။ အခုလို ဘေးဒဏ်တွေရောက်လာခြင်း ဟာ ဘုရားသခင် ခွင့်ပြုလို့ ရောက်လာခြင်းဖြစ်ပြီး၊ ဒီလို အဖြစ်အပျက်တွေအားဖြင့် ဘုရားဆီကို ပြန်လှည့်လာဖို့ ဘုရားသခင် သင့်ကို ခေါ်နေခြင်းဖြစ်ပါတယ်။ မဟုတ်ရင် ဒီထက် ကပ်ဘေးတွေ ရောက်လာအုံးမယ်ဆိုတာ ကျမ်းစာထဲမှာလည်း ပြောထားပြီး သားဖြစ်ပါတယ်။ ဒါကြောင့် ချစ်သောမိတ်ဆွေ၊ ဘုရားသခင်ဆီကို ပြန်ပြီး တိုးဝင်ချဉ်းကပ်ရင်းနဲ့ အသက်တာကို ပြန်လည်ဆက်ကပ်ဖို့ ဒီ ဝေငှချက်လေးကို ဝေငှလိုက်ပါတယ်။
ဘုရားသခင်ကောင်းကြီး ပေးပါစေ။
ခရစ်တော်၌
စွမ်ဇာခိုင်
ညီအကိုစိတ်ထားရှိပါ ........... Rev. မာနော်
(သုတ္တံ ၁၅း၃၄) ထာဝရဘုရား၏ မျက်စိတော်သည် ခပ်သိမ်းသော အရပ်၌ရှိ၍ ကောင်းမကောင်းကို ကြည့်ရှုတော်မူ၏။ ဘုရားသခင်သည် မြင်တော်မူသောသူဖြစ်၍ ယနေ့ မြေကြီးပေါ်တွင် ဖြစ်ပျက်သမျှတို့ကို ရှုမြင်သိမှတ်တော် မူပါ သည်။ ယုံကြည်သူများသည်လည်း ဘုရားသခင်၏ မြင်တတ်သော မျက်မှောက်တော်၌ အသက် ရှင် လျက်သွား လာကျင်လည်နေရကြောင်း အထူးသတိပြုရန် လိုပါသည်။ ယုံကြည်သူများသည် ဘုရားသခင်၏ မြင်တတ်သော မျက်မြင်အောက်၌ ရှိနေစေကာမူ ခရစ်ယာန်အသက်တာ အသက်ရှင်ရာတွင် အမှတ်တမဲ့ ပေါ့ပေါ့ဆဆ အလေးအနက် မထားဘဲ သမ္မာသတိ ကင်းမဲ့စွာ အသက်ရှင် နေကြပါသည်။ ဘုရား ရှေ့တော်၌ လူမျိုးစွဲ၊ ဂိုဏ်းဂဏစွဲ၊ ဆရာစွဲထားကာ တစ်ဦးနှင့်တစ်ဦး မိတ်သဟာယ ပျက်ပြားပြီး မနာလိုခြင်း၊ မုန်းတီးခြင်း၊ ငြူစူစိတ် ထားခြင်းဖြင့် ခေါ်ပြော ဆက်ဆံပေါင်းသင်း မိတ်သဟာယဖွဲ့ရန်ပင် ခက် ခဲလှပါသည်။ စာတန် မာရ်နတ်၏ လက်တစ်လုံးခြား လှည့်ဖြားမှုကို ခံရကာ ဘုရားသခင်ရှေ့တော်၌ ကြီးမား သော အမှားဖြင့် အသရေ  ပျက်ပြားနေကြပြီး ယော ၁၅း၁၂ တွင် ယေရှုက အချင်းချင်း ချစ်ကြပါဟု မိန့်မှာထားသည်ကို အလေးမထားကြပေ။ ဗာဗုလုန် တန်ခိုးအာဏာ ကျဆုံးပြီးနောက် မေဒိပေရသိ ရှင်ဘုရင် အာတဇေရစ်မင်း စိုးစံသော အချိန်တွင် နေဟမိသည် ရှင်ဘုရင် ဖလားတော်ကို ကိုင်၍ ဆက်သရသောသူဖြစ်သည်။ နေဟမိသည် ဘုရားသခင်ရှေ့ လူရှေ့၌ မျက်နှာရသော သူဖြစ်၏ ။ စစ်သူရဲလည်း မဟုတ်ပါ။ ၀န်ကြီးလည်း မဟုတ်ပါ။ သို့ရာတွင် သူ၏ နှလုံးသား မှန်ကန်မှု အပေါ် ဘုရားသခင်သည် အသုံးပြု ချီးမြှောက်ခဲ့ပြီး သမ္မာကျမ်းစာတွင် အထင်တရ ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းတင် ထားပါသည်။ နေဟမိ ရှုရှန်နန်းတော်၌ ရှိစဉ်တွင် ယေရုရှလင်မြို့မှ ရောက်လာသော သူများထံမှ မိမိလူမျိုး မိမိညီအစ်ကိုများ တွေ့ကြုံသော အခြေအနေ မြို့ရိုးပြိုပျက်ခြင်းတို့ကို ကြားသိရ၍ စိတ်ပူပန်ခြင်း ဂရုဏာနှင့် ကူညီဖြေရှင်းရန် ပြင်းပြသော သူ၏ဆန္ဒကြောင့် မိမိလုပ်ပိုင်ခွင့် ရပိုင်ခွင့်အပေါ် အခွင့်အရေး မယူဘဲ၊ ဘုရားသခင်ထံ ဆုတောင်း အပ်နှံခြင်းဖြင့် အဖြေရှာခဲ့ပါသည်။ နေဟမိသည် အခွင့်အရေး ယူတတ်သော သူမဟုတ်ပါ။ သူသည် ဘုရားသခင်၏လူ၊ ဆုတောင်းခြင်း၌ မွေ့လျော်သောသူ၊ ယနေ့တွင် ညီအစ်ကိုများ တွေ့ကြုံနေရသော ခက်ခဲမှု ဆင်းရဲခြင်း၊ ကြည်တည်းသောပြဿနာ အားနည်းမှုကို စိတ်ပူပန်ခြင်းဖြင့် ကူညီဖြေရှင်းပေးလိုသော
စေတနာစိတ်ဖြင့် ကူညီဖြေရှင်းခြင်း၊ မ,စကျေးဇူးပြုသော သူတွေရှိသကဲ့သို့ ညီအစ်ကို အရေးကို အလေးမထား ဥပက္ခာပြုသူများလည်း ရှိ၏။ ကျွန်ုပ်တို့သည်လည်း အခက်အခဲ အကျဉ်းအကြပ်၌ ရှိသော ညီအစ်ကို များကို ငွေကြေးအားဖြင့်လည်းကောင်း၊ ဆုတောင်းပေးခြင်း၊ နှုတ်ကပတ်တော်အားဖြင့် ဝေငှတည်
ဆောက်ပေးဖို့ လိုအပ်လေသည်။ နေဟမိသည် ထိုအမှုအရာအတွက် လေးလတိုင်တိုင် ဆုတောင်းခြင်းဖြင့် အပ်နှံခဲ့ရာ ဘုရားသခင် အဖြေပေးခဲ့ပါသည်။ ထို့နောက် ယေရုရှလင်သို့ သွား၍ မြို့ရိုးကို ဘုရားသခင်အား 
ဖြင့် (၅၂) ရက်အတွင်း အပြီးတည်ဆောက်ခဲ့ပါသည်။ မိမိ ညီအကိုများနှင့် အတူ ၀မ်းမြောက်ပျော်ရွှင်စွာ ဘုရားသခင်ထံ အပ်နှံ ချီးမွမ်းကြပါသည်။ ဆုတောင်းခြင့်နှင့်အတူ အဖိုးအခပေး၍ အားကြိုးမာန်တက် ကြိုးစားလုပ်ဆောင်မှု၌ အောင်မြင်ပြီးစီးခြင်းအခွင့် ဘုရားသခင် ပေးခဲ့ပါသည်။ ဒံယေလ အခန်း(၂)တွင် လည်း ဒံယေလလူငယ်တစ်ဦး၏ အသက်တာကို ဆင်ခြင်ကြည့်ကြပါစို့။ သူသည် အသက်ရှင်သော ဘုရား သခင်ကို ယုံကြည်ကိုးစားပြီး နှုတ်ကပတ်တော်ကို ဆင်ခြင်၍ နှလုံးသား၌ သိုထားသောသူလည်း ဖြစ်၏ ။ ဗာ ဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာမင်းသည် ယေရုရှလင်မြို့မှ ဒံယေလ၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါစ သည့် လူငယ်များကို သူ့ထံတွင် မင်းမှုထမ်းရသော အချိန်အခါ သမယ ဖြစ်၏ ။ တစ်ချိန်က နေဗုခဒ်နေဇာ မင်းကြီး အိပ်မက်မြင်တော်မူ၍ ထိတ်လန့်ခြင်းရှိသောကြောင့် စက်တော် မခေါ်နိုင်သည်ဖြစ်၍ အိပ်မက်ကို
ပြန်ပြောစေခြင်းငှာ မာကုပညာရှိ ဗေဒင်အတတ်၊ သူပြုဆရာ။ ခါလဒဲဆရာတို့ကို ခေါ်ခြေဟု အမိန့်တော်ရှိ သည့်အတိုင်း သူတို့သည် ရောက်လာကြသည်။ ရှင်ဘုရင်က ငါသည် အိပ်မက်မြင်မက်ပြီး ထိုအိပ်မက်ကို မသိနားမလည်သည် ဖြစ်၍ မအီမသာရှိသည်ဟု မိန့်တော်မူပြီး အိပ်မက်ကို ဖော်ပြရန်နှင့် မဖော်ပြနိုင်လျှင် အပိုင်းပိုင်း စဉ်းသတ်မည်ဟု အမိန့်တော်ရှိ၏ ။ ခါလဒဲဆရာတို့ကလည်း အိပ်မက်ကို မိန့်တော်မူပါ။ အနက်ကို ဖော်ပြပါမည်ဟု လျှောက်ကြ၏ ။ ရှင်ဘုရင်သည် အိပ်မက်ကို မပြောပြဘဲ အိပ်မက်နှင့် အနက်အ ဓိပ္ပါယ်ကို ဖော်ပြရန် ထပ်၍ အမိန့်တော်ရှိ၏ ။ ခါလဒဲ ဆရာတို့ကလည်း မင်းကြီး၏ အိပ်မက်ကို ဖြေနိုင်မည့် သူ တစ်ယောက်မျှမရှိ၊ လူပကတိနှင့် မဆက်ဆံသော ဘုရားမှတစ်ပါး အဘယ်သူမျှ မဖော်ပြနိုင်ဟု ပြန်လျှောက်လျှင် ပြင်းစွာ အမျက်တော်ထွက်၍ ဗာဗုလုန်၌ ဒံယေလ အပါအ၀င် အရာရှိများ ကို  ပယ်ရှင်း သတ်ဖြတ်ရန် အမိန့်တော်ရှိ၏ ။ ဒံယေလသည် အိပ်မက်ကို ဖြေရသော အချိန်ပေးတော်မူပါ မည့်အကြောင်း အသနားခံပြီးမှ ညီအကို ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့နှင့် အတူ အိပ်မက်နှင့် အဓိပ္ပါယ်ကို ဘုရားသခင်၏ ဂရုဏာ ကျေးဇူးတော်ကြောင့် ဖွင့်ပေးရန်  ဆုတောင်းကြလေသည်။ ယုံကြည်သူ အသက်တာမှ မိမိတွေ့ကြုံနေရသော အခက်အခဲပြဿနာများကို ဘုရားသခင်ထံ ဖွင့်ပြ ဆုတောင်းအဖြေ ရှာရန်လိုပါသည်။ (ဆာ ၃၇း၅)
ဒံယေလတို့ ယုံကြည် ကိုးစားသော ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဖြစ်၏ ။ အလုံးစုံ၏ အလုံးစုံဖြစ်တော် မူသော ဘုရားသခင်ဖြစ်တော်မူ၍ သူ့ကိုယုံကြည်ကိုးစား မျှော်လင့်၍ ကိုယ့်အမှုအရာ အပ်နှံသော သူတို့ကို အမြဲကူညီ စောင်မဖြေရှင်း ပေးလျက်ရှိပါသည်။ သို့ဖြစ်၍ ညအခါ ဗျာဒိတ်တော်အားဖြင့် အိပ်မက်နှင့် အနက် အဓိပ္ပါယ်ကို ဘုရားသခင် ဖော်ပြပေးတော်မူ၏ ။ ထိုအခါ ဒံယေလသည် ဘုရားသခင်ကို ယုံကြည်စိတ်ချစွာ  
ဖြင့် ဖွင့်ပြသော ရူပါရုံနှင့် ရှင်ဘုရင်၏ အိပ်မက်အတူတူ ဖြစ်မဖြစ် စစ်ဆေးခြင်းမပြုတော့ဘဲ ကျေးဇူးတော် ချီးမွမ်းခဲ့ပါသည်။ ကျွန်ုပ်တို့သည်လည်း ဘုရားသခင် တုန့်ပြန်မ,စ ကျေးဇူးပြုခြင်းများအတွက် အစဉ် ချီးမွမ်း တတ်ရန် လိုအပ်ကြောင်း သင်ခန်းစာ ယူနိုင်ပါသည်။ ဒံယေလသည် မင်းကြီးအား အိပ်မက် အနက်အဓိပ္ပါယ် ကို ဖွင့်ပြလေရာ၌ ရှင်ဘုရင်သည်  နှစ်ထောင်းအားရမှု ရှိလှ၍ ဒံယေလကို ချီးမြှောက်လျက် ဆုလဒ်ကိုလည်း
ကောင်း၊ ၀န်ကြီးအရာ၌လည်းကောင်း၊ ဗာဗုလုန် ပညာရှိတို့ကို အုပ်စိုးရသော ၀န်အရာ၌ ခန့်ထားတော်မူခြင်း ကိုခံရ၏ ။ ထိုအခါ ညီအကို စိတ်ထားရှိသော ဒံယေလသည် သူ၏ ညီအစ်ကို (၃) ဦးကို မေ့လျော့ခြင်းမရှိဘဲ ယနေ့တွင်မူ မိမိကောင်းစားရေး အမှုကို ရှေ့ရှုကာ ညီအကိုများကို မေ့လျော့ကာ 
ကျောခိုင်းသူများသည်လည်း များစွာ ရှိပါသည်။ ဒံယေလသည် ရှင်ဘုရင်ထံ သံတော်ဦးတင်သောကြောင့် မင်းကြီးသည် သူ၏ ညီအကိုများဖြစ်သည့် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့ကိုလည်း ၀န်ကြီးအရာ၌ ခန့်ထားတော်မူ၏ ။ 
ကျွန်ုပ်တို့သည်လည်း သူတစ်ပါး မကောင်းကြောင်း ပြစ်တင်ဝေဖန်ခြင်း ညီအကိုများ မိမိနှင့်တန်းတူ ပုခုံးခြင်း ယှဉ်လာသူဟု ထင်မှတ်ကာ မနာလို၊ မရှုစိမ့်၊ အတ္တမာန၊ ဇာတိသဘောဖြင့် ဘေးဖယ် ချန်လှပ်မထားသင့် ဘဲ အမူအရာသည်လည်း ဘုရားသခင် မျက်မြင်အောက်၌ ရှိသောကြောင့် အထူးဆင်ခြင် သင့်ပေသည်။ ကျွန်ုပ်တို့သည်လည်း ဒံယေလကဲ့သို့ ညီအကိုစိတ်ထားဖြင့် လက်တွဲခေါ်ပါ။ မိတ်သဟာယဖွဲ့ပါ။ ဆုတောင်းပေးပါ။ နှုတ်ကပတ်တော်နှင့် တည်ဆောက်ပေးပါ။
ဘုရားသခင်ဘုန်းကြီးပါစေ
Rev.မာနော်
Share
Twitter Delicious Facebook Digg Stumbleupon Favorites