The Westminster Confession of Faith 1646 အခန်း (၂) ( ဘာသာပြန် )
The Westminster Confession of Faith (1646)
ဝက်(စ်ထ်) မင်စတာ ယုံကြည်ခြင်းဆိုင်ရာဝန်ခံချက်
Chapter (2) God and The Holy Trinity
အခန်း(၂) ဘုရားသခင်နှင့်သန့်ရှင်းသောသုံးပါးတစ်ဆူဘုရား
၁။       စစ်မှန်သော အသက်ရှင်တော်မူသည့် ဘုရားသခင်တစ်ပါးတည်းရှိ၏။ ထိုဘုရားသခင်တည်ရှိမှုနှင့်ပြည့်
          နိုင်ခြင်းမရှိ၊ ရုပ်ခန္ဓာကိုယ်မရှိ၊ ခန္ဓာအစိတ်အပိုင်း (သို့မဟုတ်) စိတ်ခံစားချက်လည်း မရှိပါ။ ပြောင်းလဲ
          ခြင်းမရှိဘဲ အကန့်အသတ်မဲ့ နိစ္စထာဝရတည်တော်မူ၍ လူသားတို့အသိဥာဏ်ဖြင့် သိမြင်နိုင်စွမ်းထက်
          ကျော်လွန်၍ တန်ခိုးအကြွင်းမဲ့ ရှိတော်မူသည်။ အရာခပ်သိမ်းကို ဘုရားသခင်သည် မိမိအလိုတော်အ
          တိုင်း မိမိ၏ ဘုန်းထင်ရှားစေခြင်းအလို့ငှာ ဖန်ဆင်းခဲ့သည်။ ထိုဘုရားသခင်၏ အလိုတော်သည်လည်း
          ပြောင်းလဲခြင်းမရှိ။ အကြွင်းမဲ့တရားမျှတခြင်းရှိ၏။
          ဘုရားသခင်သည် အကြွင်းမဲ့မေတ္တာရှင်၊ ကျေးဇူး၊ ဂရုဏာ၊ စိတ်ရှည်သည်းခံတော်မူခြင်းနှင့် ပြည့်စုံ၍
          ကောင်းမြတ်ခြင်း၊ သမ္မာတရားဖြင့် ကြွယ်ဝတော်မူ၏။ ထိုဘုရားသခင်သည် အမှားပြုသူ၊  ပညတ်
          တရားကိုချိုးဖောက်သူ၊ အပြစ်ပြုသူတို့ကို ခွင့်လွှတ်တော်မူ၍ မိမိအား စိတ်ရောကိုယ်ပါ ရှာဖွေတွေ့ရှိ
          သူတိုင်းကို ကျေးဇူးပြုတော်မူ၏။ တချိန်တည်းတွင် ဘုရားသခင်သည် အကြွင်းမဲ့ဖြောင့်မတ်တော်မူ
          သည်ဖြစ်၍ တရားစီရင်ခြင်းသည်ကြောက်မက်ဖွယ်ဖြစ်လျက် အဖြစ်မှန်သမျှကို  မုန်းတီးတော်မူသ
          ဖြင့် အပြစ်ရှိသူကို မည်သည့်နည်းနှင့်မျှ လွှတ်မည်မဟုတ်ပါ။
၂။       ဘုရားသခင်သည် သက်ရှိအားလုံး၊ ဘုန်းအသရေအလုံးစုံ၊ ကောင်းမြတ်ခြင်း၊ ပျော်ရွှင်ခြင်းများကို ပိုင်
          တော်မူ၏။  သူ၌ပြည့်စုံလုံလောက်လျက်ရှိသဖြင့် မိမိဖန်ဆင်းခဲ့သည့် မည်သည့်အရာကိုမျှ အလိုမရှိပါ
          မည်သည့်ဘုန်းအသရေကိုမှလည်း ရယူစရာမလိုပါ။ သူ၏ဘုန်းတော်ကိုသာ ထိုအရာတို့၌လည်း
          ကောင်း၊ ထိုအရာတို့အားဖြင့်လည်းကောင်း၊ ထိုအရာတို့အပေါ်၌လည်းကောင်း သက်ရောက်ထင်ရှား
          စေခြင်းသာရှိသည်။ ရှိရှိသမျှအားလုံးတို့၏ မူလဇစ်မြစ်လည်းဖြစ်တော်မူ၏။ ခပ်သိမ်းသောအရာတို့
          သည် ကိုယ်တော်အထဲကလည်းကောင်း၊ ကိုယ်တော်အားဖြင့်လည်းကောင်း၊  ကိုယ်တော့်အဘို့အ
          လို့ငှာလည်းကောင်း ဖြစ်ကြ၏။ ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့အပေါ်၌ အာဏာသက်
          ရောက်သည်ဖြစ်၍ ဘုရားသခင်လုပ်ဆောင်လိုသမျှတို့ကို ထိုအရာတို့မှ တဆင့်၊ ထိုအရာတို့ အဘို့
          အလို့ငှာ (သို့မဟုတ်) ထိုအရာတို့အားဖြင့် ပြုပိုင်ခွင့်ရှိတော်မူ၏။ ခပ်သိမ်းသောအရာတို့သည် ဘုရား
          သခင်၏ရှေ့တော်တွင် ဖွင့်လှစ်၍ ထင်ရှားခြင်းရှိကြ၏။ သူ၏ဥာဏ်တော်သည် အနန္တဖြစ်၍ လုံးဝဥဿုံ
          ခိုလှုံကိုးစားရာဖြစ်သည်။ ဖန်ဆင်းသမျှအရာအားလုံးနှင့်လည်း ကင်းလွတ်လျက်ရှိသည်။ ထို့ကြောင့်
          ဘုရားသခင်၌ မည်သည့်အရာမျှ ထင်မှတ်မထားသည့်အရာနှင့် မသေချာသောအရာဟူ၍မရှိပါ။
          သူ၏ ကြံစည်တော်မူသမျှ၊ ပြုလေသမျှ၊ မိန့်တော်မူသမျှတို့သည် သန့်ရှင်းတော်မူ၏။ ကောင်းကင်
          တမန်များ၊ လူသတ္တ၀ါများနှင့် အခြားဖန်ဆင်းခဲ့သမျှသော အရာအားလုံးတို့ကို ဘုရားသခင်က မိမိ
          အား အလိုတော်ရှိသည့်အတိုင်း ကိုးကွယ်ခြင်း၊ အစေခံခြင်း (သို့မဟုတ်) နာခံခြင်းများရှိကြရန်တောင်း
          ခံလျှင် ပေးဆပ်ရမည့် တာဝန်ရှိကြသည်။
၃။       တလုံးတ၀တည်းသောဘုရားသခင်၌ yk*¾Kdvf သုံးပါးရှိသည်။ တန်ခိုးတော်နှင့် အနန္တထာဝရဖြစ်တော်
          မူသောခမည်းတော်ဘုရားသခင်၊ သားတော်ဘုရားသခင်နှင့် သန့ှ်ရှင်းသောဝိညာဉ်တော် ဘုရားသခင်
          တို့ ဖြစ်သည်။ ခမည်းတော်ဘုရားသခင်သည် မည်သူ့အားဖြင့်မျှ တည်ရှိလာခြင်း၊ ပေါက်ဖွားလာခြင်း
          မဟုတ်ပါ။ သားတော်သည် ခမည်းတော်ဘုရားသခင်အားဖြင့် ထာဝရဖြစ်ပွားလာခြင်းဖြစ်သည်။ သန့်
          ရှင်းသော ၀ိညာဉ်တော်သည် ခမည်းတော်နှင့် သားတော်တို့ထံမှ ဆင်းသက်တော်မူခြင်းဖြစ်၏။
ဤနေရာတွင် အခန်း (၂) ပြီးဆုံးပါသည်။
အခန်း (၃) အားဆက်လက်ဖော်ပြပေးသွားပါမည်။
0 comments:
Post a Comment
Share
Twitter Delicious Facebook Digg Stumbleupon Favorites