The Westminster Confession of Faith 1646 ( ဘာသာပြန် )


The Westminster Confession of Faith (1646)
ဝက်(စ်ထ်) မင်စတာ ယုံကြည်ခြင်းဆိုင်ရာဝန်ခံချက်

Chapter (4) Creation
အခန်း(၄) ဖန်ဆင်းခြင်း

၁။       ခမည်းတော်ဘုရား၊ သားတော်ဘုရားနှင့် သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် အစဦးမှစ၍မည်
          သည့် အရာမျှ မရှိသည့်အခြေအနေမှ စကြ၀ဠာနှင့် စကြ၀ဠာအတွင်းရှိ မျက်မြင်အရာများနှင့် မျက်
          မြင်မရသည့် အရာရှိရှိသမျှတို့ကို ခြောက်ရက်အတွင်းဖန်ဆင်းခြင်း (သို့မဟုတ်) ပြုလုပ်ခြင်းနှင့် ထိုအ
          ရာ တို့သည် အလွန်ကောင်းမွန်ကြခြင်းတို့အားဖြင့် မိမိ၏အနန္တတန်ခိုးတော်၊ ဥာဏ်ပညာတော်နှင့်
          ကောင်းမြတ်ခြင်းတို့ကို ဖော်ပြရန် အလိုတော်ရှိခဲ့သည်။

၂။       အခြားသောသတ္တ၀ါအပေါင်းကို ဖန်ဆင်းပြီးနောက် ဘုရားသခင်သည် လူသားကိုဖန်ဆင်းတော်မူ၏။
          ယောကျာ်းနှင့်မိန်းမ ကိုဖန်ဆင်း၍ ထိုလူသား၌ ဆင်ခြင်ပိုင်းခြားတတ်၍ မပျက်စီးနိုင်သော ၀ိညာဉ်၊
          အသိဥာဏ်၊ ဖြောင့်မတ်ခြင်းနှင့် စစ်မှန်သောသန့်ရှင်းခြင်းအားဖြင့် မိမိ ပုံသဏ္ဍာန်တော်အတိုင်းဖန်
          ဆင်းတော်မူ၏။ သူတို့၏ စိတ်နှလုံးထဲတွင် ထာဝရဘုရားသခင်၏ ပညတ်တော်သည် ရေးသားပါ
          ရှိပြီးဖြစ်သကဲ့သို့ ပညတ်တော်ကို စောင့်ရှောက်နိုင်စွမ်းနှင့် ချိုးဖောက်နိုင်စွမ်းတို့ကို မိမိ၏ကိုယ်ပိုင်
          ဆန္ဒနှင့်အညီ လွတ်လပ်စွာ လုပ်ဆောင်နိုင်စေရန် ဖန်ဆင်းထားခြင်းဖြစ်သည်။ ထိုဆန္ဒသည် ပြောင်း
          လဲနိုင်ခြင်းရှိ၏။ စိတ်နှလုံးထဲ၌ ရေးသားထားသော ပညတ်တော်အဖြစ် ကောင်းမကောင်းကို သိကျွမ်း
          ရာ အပင်မှအသီးကို မစားမိစေရန် အမိန့်တော်ကိုလည်း ၄င်းတို့လက်ခံရရှိခဲ့ကြသည်။ ထိုအမိန့်တော်
          ကို လိုက်နာနေသရွေ့ သူတို့သည် ဘုရားသခင်နှင့် မိတ်သဟာယပြုခြင်း၌ ပျော်ရွှင်နေကြလျက် ဖန်
          ဆင်းထားသမျှတို့အပေါ် အုပ်စိုးခြင်းအခွင့်ရှိခဲ့ကြသည်။


ဤနေရာတွင် အခန်း (၄) ပြီးဆုံးပါသည်
အခန်း(၅) အားဆက်လက်ဖော်ပြပေးသွားပါမည်

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites