The Westminster Confession of Faith 1646 အခန်း(၃) ( ဘာသာပြန် )

The Westminster Confession of Faith (1646)
ဝက်(စ်ထ်) မင်စတာ ယုံကြည်ခြင်းဆိုင်ရာဝန်ခံချက်

Chapter (3) God’s Enternal Decree
အခန်း(၃) ဘုရားသခင်၏ထာဝရစီရင်ချက်

၁။       ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်တော်မူသော ဥာဏ်အမြော်အမြင်နှင့် မိမိ၏သန့်ရှင်းသောအလိုတော်မှ
          နေ၍ ထာဝရအစဉ်တည်နေတော်မူ၍ လွတ်လပ်ပြီးပြောင်းလဲခြင်းမရှိဘဲ ဖြစ်ပေါ်လာလတ္တံသော အရာ
          တို့ကို ခန့်ထားတော်မူ၏။ သို့သော်လည်း ထိုအရာကြောင့် ဘုရားသခင်သည် အပြစ်တရားကိုဖြစ်ပေါ်
          စေသူမဟုတ်ပါ။ အဖန်ဆင်းခံသတ္တ၀ါအပေါင်းတို့၌ ဖောက်ပြန်ပုန်ကန်လိုသော ဆန္ဒကို ဖြစ်သေသူ
          လည်းမဟုတ်ပါ။ ပုန်ကန်ခြင်းငှာ လွတ်လပ်ခွင့်နှင့် ဖြစ်လာစရာအခြေအနေကိုလည်း ဖယ်ရှားခြင်းမပြု။

၂။       ခပ်သိမ်းသောအရာတို့သည် ဖြစ်လာနိုင်ချေရှိသည့်အခြေအနေများဖြင့် ဖြစ်လာကြမည်ကို ဘုရားသခင်
          သိမြင်သော်လည်း ထိုသို့ဖြစ်လာမည်ကို ကြိုခြင်းအပေါ်မူတည်ပြီး ခွဲခန့်မှတ်သားခြင်းပြုခြင်းမဟုတ်
          (သို့မဟုတ်) အခြေအနေတမျိုးမျိုးအပေါ်တည်၍ ဖြစ်လာနိုင်ဖွယ်ရှိသောကြောင့် ဖြစ်ပေါ်စေရန် ခွဲခန့်
          ထားခြင်းလည်း မဟုတ်ပါ။

၃။       ထာဝရဘုရားသခင်၏ ခွဲခန့်ဆုံးဖြတ်တော်မူချက်ဖြင့် မိမိ၏ဘုန်းတော်ထင်ရှားခြင်းရှိစေရန် လူသား
          အချို့နှင့် ကောင်းကင်တမန်များအား ထာဝရအသက်ရှင်စေရန် ကြိုတင်ခွဲခန့်မှတ်သားထားလျှက်
          အခြားသူတို့ကိုလည်း ထာဝရသေခြင်းနှင့်သေဆုံးရန် ကြိုတင်ခွဲခန့်မှတ်သားထားပါသည်။

၎။       ကောင်ကင်တမန်များနှင့် လူသားများအား ကြိုတင်ခွဲခန့်မှတ်သားထားခြင်းသည် သီးခြားကြံစည်ထား
          သော မပြောင်းလဲနိုင်သည့် အကြံအစည်တော်ဖြစ်သည်။ သူတို့၏ အရေအတွက်တို့သည်လည်း ခိုင်
          မာတိကျမှုရှိ၍ အရေအတွက်ကို လျှော့၍မရ၊ တိုး၍လည်းမရပါ။

၅။       ထာဝရအသက်ရှင်ခြင်းသို့ရောက်ရန် ကြိုတင်ခွဲခန့်သတ်မှတ်ခြင်းခံရသော သူတို့ကို ဘုရားသခင်သည်
          ထာဝရဘုန်းထင်ရှားခြင်း ရှိစေရန် ဤကမ္ဘာမတည်ရှိမီကပင် မိမိ၏ မပြောင်းလဲနိုင်သော ထာဝရအကြံ
          အစည်တော်နှင့်အလိုတော်ရှိသည့်အတိုင်း ခရစ်တော်၌ ရွေးကောက်တော်မူခြင်းဖြစ်သည်။ ထိုသို့ပြု
          ခြင်းတွင် သူ၏လုံးဝလွတ်လပ်သော ကျေးဇူးတော်နှင့် မေတ္တာတော်မှဖြစ်၍ ထိုသူတို့၏ ယုံကြည်ခြင်း
          နှင့် ကောင်းမှုကုသိုလ်များကို ကြိုတင်သိမြင်ခြင်းကြောင့်မဟုတ်ပါ။ ထိုသို့သော ယုံကြည်ခြင်းမျိုးနှင့်
          ကောင်းမှုကုသိုလ်ကို မရမနေကြိုးစားအားထုတ်ကြခြင်းအပေါ် ကြိုတင်သိမြင်သောကြောင့်လည်း မ
          ဟုတ်သလို အခြားသော ဖန်ဆင်းခြင်းဆိုင်ရာ မည်သည့်အကြောင်းအရာတစ်ခုခုကြောင့်လည်းမဟုတ်
          ပါ။ ခပ်သိမ်းသောအရာတို့သည်ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေရန်နှင့် ကျေးဇူးတော်ချီးမွမ်းခြင်း
          ရှိစေရန်သာဖြစ်၍ မည်သည့်ကျိုးကြောင်းဆက်နွယ်မှု၊ မည်သည့်သြဇာသက်ရောက်မှုများကြောင့် မဟု
          တ်ပါ။

၆။       ဘုရားသခင်သည် ရွေးကောက်ထားသောလူသားများကို ဘုန်းတော်အတွက် ခွဲခန့်မှတ်သားထားသကဲ့
          သို့ ထိုသို့ဖြစ်စေခြင်းငှာ လိုအပ်သမျှကိုလည်း ထာဝရလွတ်လပ်ခြင်းရှိသော သူ၏အကြံအစည်တော်အ
          တိုင်း ကြိုတင်ပြင်ဆင်သတ်မှတ်ပေးထားပြီးဖြစ်သည်။ ထို့ကြောင့် အာဒံအားဖြင့် ကျဆင်းခဲ့သည့် လူ
          တို့ထဲမှ ခရစ်တော်အားဖြင့် ရွေးနှုတ်ကယ်တင်ခြင်းသို့ ရောက်သောသူတို့ကို ခရစ်တော်၌ ယုံကြည်ခြင်း
          သို့ရောက်စေရန် အချိန်တန်သောအခါမှ ၀ိညာဉ်တော်အားဖြင့် အလိုတော်နှင့်အညီခေါ်ယူတော်မူ၏။
          ထိုသူတို့အား နေရာမှန်၌ထားရှိပြီး မွေးစားတော်မူကာ သီးခြားထားရှိပြီး ယုံကြည်ခြင်းအားဖြင့် ကယ်
          တင်ခြင်းသို့ ရောက်စေရန် တန်ခိုးတော်အားဖြင့်စောင့်ထိန်းပေးလျှက်ရှိသည်။ ရွေးကောက်ခြင်းခံရသူ
          တို့ကိုသာ ခရစ်တော်အားဖြင့် ရွေးနုတ်တော်မူခြင်း၊ အလိုတော်နှင့်အညီ ခေါ်ယူတော်မူခြင်း၊ နေရာမှန်
          ၌ထားရှိခြင်း၊ မွေးစားတော်မူခြင်း၊ သီးခြားထားကာ ကယ်တင်တော်မူ၍ အခြားမည်သူ့ကိုမျှ ယင်းသို့မ
          ပြုပါ။

၇။       ရှာဖွေလိုက်စစ်၍မကုန်နိုင်သော ဘုရားသခင်၏အလိုတော်နှင့်အညီ ကျေးဇူးပြုလိုသူကိုကျေးဇူးပြု၍
          ကျေးဇူးမပြုလိုသူကို ထိန်ချိန်ထားလျက် မိမိဖန်ဆင်းထားသော သတ္တ၀ါတို့အပေါ်၌ အုပ်စိုးခြင်းအာ
          ဏာတော်နှင့်စပ်ဆိုင်သော ဘုန်းတော်အားထင်ရှားစေရန် ဘုရားသခင်သည် ကျန်ရှိသောလူသားတို့
          ကို ကွက်၍ချန်ခဲ့ပြီး သူတို့ပြုသောအပြစ်များကြောင့် သူတို့ကို အရှက်ကွဲအကျိုးနည်းစေရန်နှင့် အားရ
          နှစ်လိုဖွယ်မရှိစေရန် ခွဲခန့်မှတ်သားပေးထားသည်။ ထိုသို့ပြုရခြင်းမှာ မိမိဘုန်းတော်နှင့်ပြည့်ဝသော တ
          ရားစီရင်ခြင်းအပေါ် ချီးမွမ်းကြစေရန်ဖြစ်သည်။

၈။       ဤသို့ကြိုတင်ခွဲခန့်ခြင်းဆိုင်ရာ သွန်သင်ချက်သည် အလွန်တရာလျှို့ဝှက်နက်နဲသည်ဖြစ်၍ အထူးဂ
          ရုစိုက်ကိုင်တွယ်ရန် လိုအပ်သည်။ နှုတ်ကပတ်တော်၌ ဖော်ပြထားသည့် ဘုရားသခင်၏အလိုတော်များ
          ကို ဂရုတစိုက်အာရုံပြုခြင်းအားဖြင့်သော်လည်းကောင်း၊ နာခံလိုက်လျှောက်ခြင်းဖြင့်လည်းကောင်း၊ လူ
          တို့သည် မိမိတို့အားအလိုတော်နှင့်အညီ ခေါ်ယူတော်မူခြင်းအပေါ် စိတ်ချသေချာခြင်းရှိကာ မိမိတို့ကို
          ထာဝရကာလအတွက် ရွေးခြယ်ထားခြင်းဖြစ်ကြောင်းကို စိတ်ချယုံကြည်လာနိုင်မည်ဖြစ်သည်။ ဤသို့
          ဖြင့် ဘုရားသခင်ကို ချီးမွမ်းခြင်း၊ ရိုသေလေးစားခြင်းနှင့် ထာဝရဘုရားသခင်အပေါ် အံ့သြခြင်း၊ ကြိုး
          စားအားထုတ်ခြင်း၊ နှုတ်ကပတ်တော်၏ ၀မ်းမြောက်ဖွယ် ဧ၀ံဂေလိတရားကို နာခံလိုက်လျှောက်သော
          သူတို့၌ ကြွယ်ဝပြည့်စုံသော နှစ်သိမ့်ခြင်းများအား ဤသွန်သင်ချက်တို့မှ ရရှိစေမည်ဖြစ်သည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites