ကောရိ န္တု သြဝါဒစာပဌမစောင် ( ၁၃း ၄-၈ )

၎မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။ ၅လျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိ သည်ဟု မထင်တတ်၊ ၆မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ဝမ်းမြောက်တတ်၏။ ၇ခပ်သိမ်း သောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ ၈မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက် ဥာဏ်သော်၎င်း၊ အမျိုးမျိုးသောဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။

ဆာလံကျမ်း ( ၉၈း ၁ )

၁ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့၊၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ၊၊ လက်ျာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ၊၊

ရှင်လုကာခရစ်ဝင် ( ၅း ၄ )

စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်း လော့ဟု ရှိမုန်အား မိန့်တော်မူ၏။

ယေရမိအနာဂတ္တိကျမ်း ( ၂၀း ၇ )

၇အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူသည်အတိုင်း၊ အကျွန်ုပ် လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက်အားကြီး၍ နိုင်တော်မူပြီ။

ဧဖက်သြ၀ါဒစာ ( ၄း ၂၆-၂၇ )

၂၆အမျက်ထွက်ရာတွင် အပြစ်မရှိ စေနှင့်။ ၂၇အမျက် မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။

ကျမ်းစာလေ့လာခြင်း


" သခင်ယေရှု၏အသေခံခြင်း ( The Death of Christ )
သခင်ယေရှု၏အသေခံခြင်းအပေါ် သမ္မာကျမ်းစာ၏အဓိပ္ပါယ်ဖွင့်ဆိုချက်
( The Bible Definition of Christ’s Death ) "


၁။ ရွေးယူရန်   ( Ransom )    Lev 25: 47- 49
Matt 20: 28, 1Pe 1: 18, 1Tim 2: 6, 2: 8, 3: 13

၂။ အမျက်ပြေစေခြင်း  ( Atonement )         Heb 9: 15
1John 2: 2, Rom 3: 25, Isa 2: 17

၃။ သင့်မြတ်စေခြင်း    ( Reconciliation )    
Rom 5: 10, 2John 5: 18, Eph 2: 16, John 1: 20

၎။ အစားထိုးခြင်း        ( Substitution )       Exo 12
1Cor 5: 17, Isa 53: 6, 1Pe 2: 24, 3: 8, 2John 5: 21

ယုံကြည်သူတို့၏ကောင်းကြီးမင်္ဂလာ



cross

ကျနော်တို့ရဲ့ ပတ်ဝန်းကျင်မှာ မကြာခဏဆိုသလို ကြားနေမိတဲ့စကားတွေကြောင့် ဒီနှုတ်ကပတ်တော်ကို ဘလော့ခ်ပေါ်တင်ဖြစ်တာပါ။
“ ကောင်းကြီးခံစားရမှာပေါ့ ……….. သူက ဆုတောင်းအားကြီးတာကိုး….”
“ ကျမ်းစာဖတ်ပါ… ဆုတောင်းပါ…. ဆယ်ဘို့တစ်ဘို့ မှန်မှန်ထည့်ပါ “အဲဒီလိုဆိုရင် ကောင်းကြီးမင်္ဂလာခံစားရမယ်။
အဲဒီလိုစကားမျိုးတွေ၊ သွန်သင်မှုတွေကြားမိတဲ့အခါတိုင်း ကျနော်အတော့်ကို စိတ်မကောင်းဖြစ်မိပါတယ်၊ ကျနော်တို့ရဲ့ စကားတွေ၊ ကျနော်တို့ရဲ့ ဟောပြောသွန်သင်မှုတွေက ခရစ်တော်ကို လျှော့တွက်လွန်းပြီး ကိုယ်ရည်သွေးလွန်းနေကြပါလားလို့ ခံစားမိပါတယ်။ တကယ်တော့ ကျနော်တို့ကိုးကွယ် ယုံကြည်တဲ့ ဘုရားသခင်ဟာ “ ဆန်ပေးမှဆီရ “ တဲ့နှလုံးသားမျိုးနဲ့ ကျနော်တို့ကို ဆက် ဆံနေတာ လုံးဝမဟုတ်ပါဘူး။ ကျနော်တို့က အဲဒီလိုခံယူဟောပြောကြတဲ့အခါ တချို့ကလက်မခံချင်ကြပါဘူး။ ကျနော်တို့ကတော့ သမ္မာကျမ်းစာကိုပဲဖြစ်ဖြစ်၊ ယုံကြည်ခံယူမှုတစ်ခုကိုပဲဖြစ်ဖြစ် အနက်ဖွင့်ကြတဲ့နေရာမှာ သခင်ယေရှုခရစ်တော်ရဲ့လုပ်ဆောင်မှုနဲ့ သူရဲ့တန်ဖိုးကိုပဲ တွေ့အောင်ရှာပါတယ်။   မိတ်ဆွေကြားဖူးခဲ့တဲ့တခြားသွန်သင်ဟောပြောမှုတွေဖြစ်တဲ့ “ ကျနော်တို့အနေနဲ့ ဘုရားအတွက်ဘာလုပ်ရဲရမယ်တို့ …. အကုန်လုံးကိုစွန့်လွှတ်ရဲရမယ်တို့ …. ဆုတောင်းအားကြီးရမယ်တို့ …. ’’ ဆိုတဲ့အရာမျိုးတွေနဲ့တော့ တူနိုင်မှာမဟုတ်ပါဘူး။ ဒီနေရာမှာ ကျနော်တို့အနေနဲ့ မေတ္တာရပ်ခံချင်တာတခုကတော့ မိတ်ဆွေနားလည်မှုမလွဲဖို့ပါပဲ။ အခုကျနော်တို့ ဖော်ပြပြီးခဲ့တဲ့အကြောင်းအရာတွေထဲမှာ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ဆယ်ဖို့တစ်ဖို့ထည့်ခြင်းတွေကို ဆန့်ကျင်တာမျိုး၊ မလိုအပ်ဘူးလို့ ငြင်းပယ်တာမျိုး လုံးဝမပါ ပါဘူး။
ယုံကြည်သူတစ်ယောက်ရဲ့အသက်တာမှာ အဲဒီအရာတွေလိုအပ်ပေမယ့် အဲဒီအရာတွေကို လုပ်ဆောင်နေလို့ ဘုရားသခင်ဆီက ကောင်းကြီးမင်္ဂလာကိုခံစားရတာလို့ မထင်မိစေဖို့ သတိပေးပါရစေ။ ကျမ်းစာမဖတ်၊ ဆုမတောင်း၊ ဆယ်ဖို့တစ်ဖို့မမှန်ရင် ဘုရားသခင်က ကောင်းကြီးမပေးတော့ဘူးလား။ ကျမ်းစာဖတ်၊ ဆုတောင်း၊ ဆယ်ဖို့တစ်ဖို့မှန်မှ ဘုရားသခင်က ကောင်းကြီးပေးတာလား။ ဒါဖြင့်ရင် ကျနော်တို့ရဲ့ကောင်းကြီးမင်္ဂလာခံစားရခြင်းက အဲဒီအရာတွေကိုလုပ်ဆောင်နိုင်ခြင်းအပေါ်မူတည်နေတာပေါ့။ ကဲ…. ကျမ်းစာက ဘယ်လိုဖော်ပြထားသလဲ လေ့လာကြည့်ကြရအောင်။
ငါ့တန်ခိုး၊ ငါ့လက်သတ္တိအားဖြင့် ဤစည်းစိမ်ကိုငါရတတ်သည်ဟု စိတ်ထဲမှာအောက်မေ့ခြင်းအပြစ်ကို သတိနှင့်ကြဉ်ရှောင်လော့။ သင်၏ဘုရားသခင်ထာဝရဘုရားကိုသာ အောက်မေ့ရမည်။ အကြောင်းမူကား သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပဋိညာဉ်တရားတော်ကို ယနေ့ကဲ့သို့တည်စေလိုသောငှာ စည်းစိမ်ရတတ်သောအစွမ်းသတ္တိကို ဘုရားသခင်ပေးတော်မူ၏။ (တရားဟောရာကျမ်း ၈း ၁၇- ၁၈)
ဒီကျမ်းချက်ကိုလေ့လာကြည့်တဲ့အခါ ကျနော်တို့ရဲ့တန်ခိုး၊ အစွမ်းသတ္တိ တစ်နည်းအားဖြင့် လုပ်ဆောင်မှုကြောင့် စည်းစိမ်  ( ကောင်းကြီးမင်္ဂလာ )ခံစားရတယ်လို့ စိတ်ထဲမှာအောက်မေ့တဲ့ အပြစ် ကိုရှောင်ကြဉ်ခိုင်းထားတာကိုတွေ့ရမှာဖြစ်သလို စည်းစိမ်ချမ်းသာ ( ကောင်းကြီးမင်္ဂလာ )ကိုခံစားရခြင်းရဲ့ အရင်းအမြစ်က ဘုရားသခင်သာလျှင်ဖြစ်ကြောင်း သတိပေးဖော်ပြထားပါတယ်။ ကောင်းကြီးမင်္ဂလာနဲ့စပ်လျဉ်းပြီး သမ္မာကျမ်းစာထဲက နောက်ထပ်အဖြစ်အပျက်တစ်ခုကို ထပ်ပြီးလေ့လာကြည့်ရအောင်။
ဓမ္မရာဇဝင်ပထမစောင် အခန်းကြီး (၃ဝ)ထဲကအဖြစ်အပျက်ကိုလေ့လာကြည့်တဲ့အခါ … ဒါဝိဒ်ဟာ ရှောလုရဲ့ရန်ပြုမှုကနေထွက်ပြေးရင်း အာခိတ်မင်းဆီရောက်နေတဲ့အချိန်၊ အဲဒီအချိန်မှာပဲ အာခိတ်မင်းနဲ့ ဖိလိတ္တိမင်းတွေပေါင်းပြီး စစ်ချီဖို့ပြင်ဆင်နေကြတယ်။ အဲဒီစစ်ပွဲကို ဒါဝိဒ်ကလည်း အာခိတ်မင်းနဲ့အတူလိုက်ဖို့လုပ်တဲ့အခါ ဖိလိတ္တိမင်းတွေက ကန့်ကွက်ကြတာကြောင့် မလိုက်ဖြစ်ဘဲ ပြန်လာရပါတယ်။ အဲဒီလိုနဲ့ ဒါဝိဒ်နဲ့သူ့လူတွေဟာ (၃) ရက်တိတိခရီးနှင်ပြီးလို့ ဇိမလက်မြို့ကိုရောက်တဲ့အခါကျတော့ အာမလက်လူတွေက အဲဒီမြို့ကိုဝင်တိုက်ပြီး မြို့မှာရှိတဲ့ မိန်းမကြီးငယ်မှန်သမျှနဲ့ တခြားလက်ရဥစ္စာတွေ အကုန်လုံးကို သိမ်းယူသွားကြပြီ ဖြစ်ပါတယ်။ ( ၁ ဓမ္မ ၃ဝး၁၅ )
အဲဒီလို အခြေအနေကို ရောက်တဲ့အခါ လူတွေက ဒါဝိဒ်ကိုကျောက်ခဲနဲ့ပေါက်ဖို့ ကြံစည်ကြပါတယ်။ ဒါဝိဒ်ကတော့ ဘုရားသခင်ကိုပဲ ကိုးစားပြီး အာမလက်လူတွေ နောက်ကိုလိုက်ရဖို့အရေး ကို ဘုရားသခင်စီမှာ တောင်းလျှောက်ပါတယ်။               ( ၁ ဓမ္မ ၃ဝး ၆-၈ )
ဒီနေရာမှာ သင်ခန်းယူစရာ အချက် (၂) ချက် ရှိပါတယ်။ (၁) အချက်က ကျနော်တို့ ယုံကြည်သူတွေရဲ့အကျင့်က ဆုံးရှုံးမှု၊ နာကျင်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ့်ရှေ့ကအမြဲတမ်းရပ်တည် ပေးခဲ့တဲ့ ဘုရားသခင်ကိုတောင် မေးခွန်းထုတ်ချင်၊ ပြဿနာလုပ်ချင်တာကို ဒီကျမ်းချက်က ဖော်ပြပေးနေတာပါပဲ။
နံပါတ် (၂) အချက်က ခေါင်းဆောင်ဖြစ်တဲ့သူဟာ ခံစားချက်နဲ့ မခံချင်စိတ်အပေါ် အခြေပြုပြီး ဘာကိုမှ မဆုံးဖြတ်ရဘူး။ အခြေအနေတိုင်းမှာ ဘုရားသခင်ကိုပဲ ရှေ့တန်းတင်ပြီးဆုံးဖြတ်ရ မယ်ဆိုတာပါပဲ။ အဲဒီလိုနဲ့ ဒါဝိဒ်နဲ့သူ့နောက်လိုက်တွေဟာ အာမလက်လူတွေနောက်ကို လိုက်ရင်း ဗေသော်ချောင်းကို ရောက်တဲ့အခါ နောက်လိုက် (၆ဝဝ) အနက်၊ လူ (၄ဝဝ) ကပဲ ဒါဝိဒ်နဲ့အတူ ဗေသော်ချောင်းကို ကူးပြီး အာမလက်လူတွေနောက်ကို ဆက်လိုက်ကြပါတယ်။ ကျန်တဲ့လူ (၂ဝဝ)ကတော့ ဆက်မလိုက်နိုင်တော့တာကြောင့် ဗေသော်ချောင်းတစ်ဘက်မှ ကျန်ရစ်ခဲ့ကြပါတယ်။        (၁ ဓမ္မ ၃ဝး ၉-၁ဝ)
အာမလက်လူတွေနောက်ကို ဆက်လိုက်ကြတဲ့ ဒါဝိဒ်နဲ့ လူ(၄ဝဝ) ဟာ စားသောက်ကခုန်ပြီး အောင်ပွဲခံနေကြတဲ့ အာမလက်လူတွေကို တွေ့တဲ့အခါမှာတော့ အကြီးအကျယ်ကို တိုက်ပွဲဖြစ် ပါတော့တယ်။ ( ၁ ဓမ္မ ၃ဝး ၁၆-၁၇ ) တိုက်ပွဲအပြီးမှာ ဒါဝိဒ်တို့ဘက်က အောင်ပွဲရပြီး သူတို့ဆီက သိမ်းယူသွားတဲ့ လူတွေ၊ ဥစ္စာပစ္စည်းတွေအပြင် တခြားမြို့တွေကနေ တိုက်ယူလာကြတဲ့ ဥစ္စာပစ္စည်းတွေကိုပါ အမြတ်ရလိုက် ကြပါတယ်။ ( ၁ ဓမ္မ ၃ဝး ၁၈-၂၀ ) အောင်ပွရပြီး ပျော်ရွှင်ပြီးပြန်လာလိုက်ကြတာ ဗေသော်ချောင်းကိုကူပြီးတဲ့နောက်တော့ ပြဿနာက စပါတော့တယ်။ ဒါဝိဒ်နဲ့အတူ စစ်တိုက်လိုက်ကြတဲ့ လူ (၄ဝဝ) က ဗေသော်ချောင်းကို လိုက်မကူးဘဲ ကျန်ရစ်တဲ့ လူ(၂ဝဝ) ကို သူတို့ရဲ့ သား၊မယားတွေကလွဲပြီး ဘာကိုမှမပေးကြပါဘူး။ စစ်ပွဲကို အတူမတိုက်ဘဲ အနိုင်ရတဲ့အခါကျမှ သိမ်းယူလာတဲ့ ဥစ္စာပစ္စည်း တွေကို အချောင်လိုချင်လို့မရဘူးလို့ ပြောဆိုကြပါတယ်။ ကျနော်တို့ လူတွေရဲ့ သတ်မှတ်ချက်က “ လုပ်ရင်ရမယ်၊ မလုပ်ရင်မရဘူး “ ဆိုတဲ့ ပုံသေနည်းအပေါ်မှာ အခြေတည်ပြီး အဖြေထုတ်တာပါ။ စစ်ကို အတူတိုက်ရင် နိုင်တဲ့ဥစ္စာပစ္စည်း ကိုရမယ်။ မတိုက်ရင်မရဘူး။ တစ်နည်းအားဖြင့် လုပ်မှရမယ်ဆိုတဲ့ သဘောမျိုးပါ။ အဲဒီပြဿနာကို ဒါဝိဒ်က ဖြေရှင်းတဲ့အခါကျတော့ စစ်ကိုအတူတိုက်ခဲ့သော သူဖြစ်စေ၊ မတိုက်သောသူဖြစ်စေ အညီအမျှဝေပေးဖို့ ဆုံးဖြတ်ပါတယ်။ အဲဒါဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ဖော်ဆိုခြင်းဖြစ်ပါတယ်။ ဘုရားသခင်က ကျနော်တို့ ဘာလုပ်ခဲ့တယ်၊ ဘာလုပ်နေတယ် ဆိုတာအပေါ် ဂရုမစိုက်ပါဘူး။ ကျနော်တို့ ဘယ်သူ့ဘက်မှာ ရှိနေတယ်ဆိုတာကိုပဲ ကြည့်တာပါ။ ကျနော်တို့ဟာ သခင်ယေရှုတည်းဟူသော မာရ်နတ်အပေါ်၊ လောကအပေါ် စစ်နိုင်တဲ့အရှင်ဘက်မှာ ရှိနေမယ်ဆိုရင် အဲဒီအောင်ပွဲဟာ ကျနော်တို့နဲ့ ဆိုင်ပါတယ်။ ဒါဝိဒ်အားဖြင့် မိမိဆုံးရှုံးသွားတဲ့အရာတွေအပြင် အာမလက်လူတွေ တခြားမြို့တွေကနေ သိမ်းပိုက်ထားတဲ့ အရာတွေကိုပါ အမြတ်ရလိုက် ကြသလို သခင်ယေရှုအားဖြင့် ကျနော်တို့ဆုံးရှုံးသွားတဲ့ အရိုက်အရာတွေအပြင် ကျေးဇူးနဲ့ကရုဏာကိုပါ အမြတ်ထပ်ရလိုက်ခြင်းဟာ တကယ့်ကောင်းကြီး မင်္ဂလာပါ။ ( ၁ ဓမ္မ ၃ဝး ၂၁-၂၄ )
ဒီအဖြစ်အပျက်ကနေ ပုံသေနည်း (၂) ခုထုတ်ကြည့်တဲ့အခါ၊ လူတွေအသိအမှတ်ပြုတဲ့ ပုံသေနည်းနဲ့ ဘုရားသခင် အသိအမှတ်ပြုတဲ့ ပုံသေနည်းတို့ကို အောက်ပါအတိုင်း တွေ့ရပါတယ်။
လူပုံသေနည်း       -           ငါလုပ်                ဘုရားကလက်ခံ                ငါကောင်းကြီးရ/ဆုရ
ဘုရားပုံသေနည်း  -           ယေရှုလုပ်           လူလက်ခံ                        ယေရှုဘုန်းတော်ထင်ရှား
ကဲ….ဒီတရားဒေသနာကို ကျမ်းချက်တစ်ချက်နဲ့ အဆုံးသတ်ကြရအောင်ဗျာ။
ကျေးဇူးတော်အားဖြင့် ရှိလျှင်၊ ကိုယ်ကျင့်သော အကျင့်အားဖြင့်မရှိ။ ရှိလျှင် ကျေးဇူးသည် ကျေးဇူးမဟုတ်။ ကိုယ်ကျင့်သော အကျင့်အား ဖြင့်ရှိလျှင်၊ ကျေးဇူးအားဖြင့်မရှိ။ ရှိလျှင် ကိုယ်ကျင့်သောအကျင့်သည် အကျင့်မဟုတ်။  ( ရောမ ၁၁း ၆ )  

ကျမ်းစာလေ့လာခြင်း


" ဘုရားသခင်ဟူသည့်ခံယူချက်အပေါ် အမြင်များ "



၁။ ထာဝရဘုရားမရှိဟူသည့် အယူဝါဒ                                                    Antheism            
ဆာလံ ၁၄း ၁။ ၅၃း ၁။

၂။ ထာဝရဘုရားတည်ရှိသော်လည်း နှုတ်ကပတ်တရားမရှိဟူသည့်အယူဝါဒ       Deism

၃။ ဘုရား၊ တရားမယုံကြည်သောဝါဒ                                                      Agnosticism

၎။ အရာရာတိုင်း၌ဘုရားရှိသည်ဟူသောအယူဝါဒ                                       Pantheism

၅။ ဘုရားသခင်သည် တစ်ဆူထက်ပိုသည်ဟူသောအယူဝါဒ                           Polytheism     


" ဘုရားသခင်၏လုပ်ဆောင်မှုများ ( The Works of God ) "


၁။ ဖန်ဆင်းခြင်း                   ( Creation )

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဖန်ဆင်းခြင်း                 ဆာလံ ၁ဝ၄း ၃ဝ

သားတော်အားဖြင့် ဖန်ဆင်းခြင်း                                      ယော ၁း ၃။ ကောလောသဲ ၁း ၁၆

နှုတ်ကပတ်တော်အားဖြင့် ဖန်ဆင်းခြင်း                             ဆာလံ ၁၄၈း ၅


၂။ စောင့်မတော်မူခြင်း           ( Preservation )


၃။ အုပ်စိုးခြင်း                     ( Providence )


ကျမ်းစာလေ့လာခြင်း

ကျမ်းစာလေ့လာသူတွေ၊ ကျမ်းစာကျောင်းသားတွေအတွက် သမ္မာကျမ်းစာ၌ပါရှိသည့်စကားလုံးများအနက်မှ လက်လှမ်းမီရာစကားလုံးအချို့ကို အထူးတင်ဆက်ပေးလိုက်ပါတယ်။ နောင်ဆိုရင် ကျနော်တို့ရဲ့သမ္မာအလင်း ဘလော့ဂ်မှာ ကျမ်းစာရဲ့နက်နဲမှုတွေကိုပါ ဖော်ပြပေးနိုင်တဲ့ ကျမ်းစာကိုအထူးနားလည်ချင်၊ လေ့လာချင်ကြတဲ့သူတွေအတွက် အားကိုးအားထားပြုစရာ ဘလော့ဂ်တစ်ခုဖြစ်အောင် အစွမ်းကုန်ကြိုးစားပြီး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို သတင်းကောင်းပေးအပ်ပါတယ်။ ဒီဘလော့ဂ်ရဲ့အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို မြင်မိတယ်ဆိုရင် ဘလော့ဂ်မှာ ဖော်ပြထားတဲ့ဆက်သွယ် နိုင်မယ့်လိပ်စာတွေကို ဆက်သွယ်အကြံပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။
ဒီဘလော့ဂ်ရဲ့ အားသာချက်တွေ၊ ဖော်ပြချက်တွေအားဖြင့် ခွန်အားတစ်စုံတရာခံစားရတယ်ဆိုရင်လည်း နီးစပ်ရာမိတ်ဆွေတွေကို တဆင့်ကြော်ငြာပေးဖို့နဲ့ ကျနော်တို့ဆီကိုလည်း Comment လေးတွေပေးဖို့ တောင်းဆိုပါရစေခင်ဗျား ………..




ချစ်ခြင်းအားဖြင့်
သမ္မာအလင်း



" ဘုရားသခင်၏ နာမတော်များ

ဓမ္မဟောင်းမှ ဘုရားသခင်၏နာမတော်များ "





၁။ အဲလ် အဲလောဟိမ် ( El, Elohim )
တန်ခိုး/ စွမ်းအားကြီးသောဘုရား ဟုအဓိပ္ပါယ်ရသည်။ ဓမ္မဟောင်းတွင် အကြိမ်ပေါင်း ( ၂၅, ဝဝ) ရေးသားဖော်ပြထားသည်။

၂။ အဒေါနိုင်း ( Adonai )
အင်္ဂလိပ်ဘာသာအားဖြင့် LORD ဟုအဓိပ္ပါယ်ရကာ စကြဝဠာတစ်ခုလုံးကို ပိုင်သအုပ်စိုးသော ဘုရားသခင်ဖြစ်ကြောင်း ထင်ရှားပေါ်လွင်စေသည်။
ဆာလံ ၈၆း ၈၊ တရားဟောရာကျမ်း ၁ဝး ၁၇၊ မာလခိ ၁း ၆၊ ယောဘ ၂၈း ၃၈

၃။ ယေဟောဝါ ( Jehovah or Yahweh )
ဘုရားသခင်၏ အလိုအလျှောက်တည်ရှိခြင်းနှင့် သူဖန်ဆင်းထားသည့်အရာအားလုံးအပေါ် တာဝန်ရှိကြောင်း ဖော်ကျူးသော အသုံးအနှုန်းဖြစ်ပြီး ဓမ္မဟောင်းတွင် အကြိမ်ပေါင်း ( ၇ဝ, ဝဝ ) ရေးသားဖော်ပြထားသည်။
ယေဟောဝါယေရိ လိုအပ်သောအရာပေးသောဘုရား ကမ္ဘာ ၂၂း ၁၄
ယေဟောဝါရာဖ အနာရောဂါကိုငြိမ်းစေသောဘုရား ထွက် ၁၅း ၂၆
ယေဟောဝါမေကာဒဲရှ သန့်ရှင်းစေသောဘုရား ဝတ်ပြု ၂ဝး ၈
ယေဟောဝါနိဿိ ဘုရားသခင်သည်ငါတို့၏အောင်လံ ထွက် ၁၇း ၁၅- ၁၆
ယေဟောဝါရှလုမ် ငြိမ်သက်ခြင်းကိုပေးသောဘုရား တရား ၆း ၂၄
ယေဟောဝါလာအ ထာဝရဘုရားသည်ငါ၏သိုးထိန်း ဆာ ၂၃း ၁
ယေဟောဝါဇေဒကန ဘုရားသခင်သည်ငါတို့၏ဖြောင့်မတ်ခြင်း ယေ ၂၃း ၆
ယေဟောဝါရှမ္မ ဘုရားသခင်အတူပါရှိသည် ယေဇ ၄၈း ၃၅


၎။ အဲလ် ရှက်ဒိုင်း ( El, Shaddai )
ပြီးပြည့်စုံစေသောသူ ဟုအဓိပ္ပါယ်ရပြီး အလုံးစုံသောအရာတို့ကို ပြည့်စုံစွာဖြည့်ဆည်းပေးသောဘုရား၊ ခပ်သိမ်းသောအရာတို့သည် သူ၌ပြီးပြည့်စုံသည် ဟူ၍ သုံးနှုန်းသည်။
ကမ္ဘာ ၁၇း ၁- ၈၊ ၂၈း ၃- ၄။ ရုသ ၁း ၂ဝ။ ၂၁။ ယောဘ ၅း ၁၇။

၅။ အီလောလမ် ( Elolam )
အင်္ဂလိပ်ဘာသာအားဖြင့် ထာဝရတည်မြဲသောဘုရားသခင် The Everlasting God ဟုအဓိပ္ပါယ်ရသည်။ ဟီဘရူးဘာသာတွင် OLAM သည် အစဉ်အမြဲဟူသည့်အဓိပ္ပါယ်ဖြစ်သည်။
ကမ္ဘာ ၂၁း ၃၃


" ဓမ္မသစ်မှ ဘုရားသခင်၏နာမတော်များ "


၁။ ဘုရားသခင် ( Theos )
Elohim နှင့်ထပ်တူဖြစ်ကာ ဓမ္မသစ်တွင် အများဆုံးတွေ့ရသည့် နာမတော်ဖြစ်သည်။
ခမည်းတော် ( ယော ၁း ၁၅ )
သားတော် ( ယော ၁း၁၊ ၂ဝး ၂၈။ ရောမ ၉း ၅ )
သန့်ရှင်းသောဝိညာဉ်တော် ( တ ၅း ၃- ၄ ) တို့ကို ကိုယ်စားပြုဖော်ကျူးသည်။

၂။ ဖခင် ( Patar )
အင်္ဂလိပ်ဘာသာအားဖြင့် FATHER ဟုအဓိပ္ပါယ်ရကာ
အဖခမည်းတော်နှင့် သားတော်၏ဆက်နွယ်မှု ( ယော ၁ဝး ၂၅- ၃ဝ )
အဖခမည်းတော်နှင့် ယုံကြည်သူများ၏ဆက်နွယ်မှု ( မဿဲ ၅း ၁၆၊ ၆း ၉ ) တို့တွင် ရေးသားဖော်ပြထားသည်။

၃။ သြဇာကြီးမားသူ ( Panto Krater )
အင်္ဂလိပ်ဘာသာအားဖြင့် ALMIGHTY ဟုအဓိပ္ပါယ်ရပြီး ဖန်ဆင်းထားသမျှအရာအားလုံးနှင့် ဘုရားသခင်၏ ဆက်သွယ်မှုတွင်ခေါ်ဝေါ်သုံးစွဲသည့်နာမတော်ဖြစ်သည်။

၎။ သခင် ( Kurios )
အင်္ဂလိပ်ဘာသာအားဖြင့် LORD ဟုအဓိပ္ပါယ်ရသည့်အပြင် ပိုင်ရှင် - OWNER ဟူသည့်အဓိပ္ပါယ်နှင့်လည်း သုံးစွဲသည်။
ခမည်းတော် လု ၁ဝး ၂၁
သားတော် မ ၇း ၂၁- ၂၂
သန့်ရှင်းသောဝိညာဉ်တော် ၂ကော ၃း ၁၇

ဖေဖေသူတို့လို ၀တ်ပါလား

begger



မြန်မာပြည်မှာ မြို့နယ်ပေါင်းစုံကို လှည့်လည်ပြီး တောင်းရမ်းစားသောက်တဲ့
သူတောင်းစား သားအဖနှစ် ယောက်ရှိသတဲ့။ သားဖြစ်သူက ကလေးပီပီ
စူးစမ်းချင်စိတ်တွေများပြီး ဖခင်ဖြစ်သူ သူတောင်းစားကြီးကို သူ သိချင်တာတွေ
အမေးအမြန်းထူလေ့ရှိသတဲ့။


တခါသားမှာတော့ သားအဖနှစ်ယောက် သစ်ပင်ရိပ်အောက်မှာ နားနေကြရင်း သားဖြစ်သူက
သူ့အဖေကို မေး ခွန်းတွေ တရစပ် မေးလေသတဲ့။


“ဖေဖေ၊ သားတို့တွေ့တွေ့နေတဲ့ ဟို ... တိုက်ပုံအင်္ကျီအဖြူ၊ ပုဆိုးအစိမ်းဝတ်ထားတဲ့
သူတွေက ဘယ်သူတွေလဲ ဟင်”
“အဲဒါ ကြံ့ဖွံ့အဖွဲ့ဝင်တွေကွဲ့”
“ဟို ... အင်္ကျီအ၀ါ၊ ထမီအ၀ါဝတ်ထားတဲ့ အမျိုးသမီးတွေကကော ဘယ်သူတွေလဲ ဖေဖေ”
“အဲဒါက အမျိုးသမီးရေးရာ အဖွဲ့ဝင်တွေလို့ ခေါ်တယ်သားရဲ့”
“ဟို ... အင်္ကျီနက်ပြာ၊ ဘောင်းဘီနက်ပြာနဲ့ လူတွေကကော”
“သူတို့က အရန်မီးသတ်အဖွဲ့ဝင်တွေကွဲ့”
“ဟို ... အင်္ကျီအဖြူ၊ ဘောင်းဘီနက်ပြာ၊ ဦးထုပ်အဖြူနဲ့ လူတွေကကော ဘယ်သူတွေလဲ ဖေဖေ”
“လမ်းပြပုလိပ်တွေပေါ့ သားရဲ့”
“အင်္ကျီအစိမ်း၊ ဘောင်းဘီအစိမ်း၊ ဦးထုပ်အစိမ်းနဲ့ လူတွေကတော့ စစ်သားတွေနော် ဖေဖေ၊
ဟုတ်လား”
“ဟုတ်တယ်ကွဲ့”
“အင်္ကျီအညိုရောင်၊ ဘောင်းဘီအညိုရောင်၊ ဦးထုပ်အညိုရောင်နဲ့ လူတွေက ရဲတွေလား ဖေဖေ”
“ဟုတ်တယ်လေ သားရဲ့၊ ဘာဖြစ်လို့ ဒီလောက်တောင် အမေးအမြန်း ထူနေရတာလဲ”


အဲဒီအခါမှာ သားဖြစ်သူ ပြောလိုက်တဲ့စကားကြောင့် အဖေဖြစ်တဲ့ သူတောင်းစားကြီးဟာ
အံ့သြမှင်သက်မိသွား သတဲ့။ သားဖြစ်သူ ပြောလိုက်တဲ့ စကားကတော့ …


“ဖေဖေ့ကို ကြည့်ရတာ ပင်ပန်းလို့ပါ ဖေဖေ၊ ဖေဖေလည်း သူတို့လိုဝတ်စုံတွေဝတ်ပြီး
တောင်းပါလား၊ အဲဒါဆို ပိုက်ဆံပိုရမှာ၊ သူတို့တွေ ပိုက်ဆံတောင်းရင် လူတွေက
အများကြီးထည့်တာ သားတွေ့တယ် ဖေဖေရဲ့” တဲ့။
ဂျင်ဂလိ

အလိုတော်နှင့်အညီနာခံခြင်း

obey

ဒီနေ့တော့ ကျနော်တို့ အသက်တာမှာ ဖန်တစ်ရာထပ်အောင် ကြားဖူးနေပြီးသားဖြစ်တဲ့ " နာခံခြင်း " အကြောင်းကိုလေ့လာကြည့်ကြရအောင်။ယုံကြည်သူခရစ်ယာန်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ဘုရားသခင်၌သော်လည်းကောင်း၊အသင်းတော်၌သော်လည်းကောင်း နာခံခြင်းအပြည့်ရှိဖို့လိုအပ်တယ်ဆိုတဲ့ ဟောပြောသွန်သင်မှုတွေအပြင်၊ ဆရာသမားတွေရဲ့ သွန်သင်မှုအပေါ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လိုက်နာရမယ် ၊ အဲဒါ...နာခံခြင်းအသက်တာကို သွန်သင်ခံရခြင်းဖြစ်တယ် ဆိုတဲ့ ဟောပြောသွန်သင်မှုတွေကို ကျနော်တို့ ညီအစ်ကို မောင်နှမတွေ ကြုံဖူးကြမယ်ထင်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ကျနော်တို့ရဲ့နာခံခြင်းက ဘယ်လောက်ရာခိုင်နှုန်းအထိ အမှတ်ရနိုင်မလဲ။ ဘုရားသခင်ရဲ့အလိုတော်ကို နာခံရမယ်ဆိုတာ ကျနော် လက်ခံပါတယ်။ ဒါပေမယ့် ကျနော်တို့လို လူသားတစ်ယောက်အနေနဲ့ နာခံခြင်း ဘာသာရပ်မှာ အမှတ်(၁ဝဝ)ရပြီး ပြည့်စုံနိုင်ဖို့တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်သလိုဘယ်တော့မှလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ တချို့ပြောကြတာကို ကျနော်ကြားဖူးပါတယ်။ ကျနော်တို့ရဲ့ အသက်တာကို ဘုရားသခင်က စာမေးပွဲစစ်တဲ့အခါ အောင်မြင်တော့မှ အသက်တာမှာ တိုးတက်အောင်မြင်မှုနဲ့ ကောင်းကြီးမင်္ဂလာကို ခံစားရတယ် ဆိုတာမျိုးပါ။ ကဲ.... အဲဒီလိုဆိုရင် ဘုရားသခင်စစ်တဲ့ နာခံခြင်းစာမေးပွဲကို ကျနော်တို့ အောင်ပါ့မလား။ အသက်တာမှာ ကြီးပွားတိုးတက်မှု၊ ရင့်ကျက်မှုနဲ့ ကောင်းကြီးမင်္ဂလာတွေ ခံစားနိုင် ဖို့အတွက် နာခံခြင်းစာမေးပွဲကို ဘယ်လိုအောင်မြင်နိုင်မလဲဆိုတာ နှုတ်ကပတ်တော်အားဖြင့် လေ့လာကြည့်ကြ ရအောင်.........။ အရင်ဆုံး ဓမ္မရာဇ၀င်ပထမစောင် ၂၂း၁-၂ ကိုကြည့်တဲ့အခါ ရှောလုရဲ့ ရန်ကနေရှောင်တိမ်းနေရတဲ့ ဒါဝိဒ် ရဲ့ ပုန်းခိုရာဖြစ်တဲ့ အဒုလံဥမင်၊ အဲဒီဥမင်မှာ ဒါဝိဒ်နဲ့အတူ စုဝေးလာကြတဲ့ လူ(၄ဝဝ) ရဲ့အကြောင်းကိုဖော်ပြ ထားတာတွေ့ရမှာ ဖြစ်ပါတယ်။ ကျမ်းစာမှာတော့ အဲဒီ (၄ဝဝ) ဟာ ဘယ်လိုလူတွေလဲဆိုတာကို လေ့လာကြည့် တဲ့အခါမှာ အမှုရောက်သောသူ၊ ကြွေးတင်သောသူ၊ စိတ်ညစ်သောသူတွေလို့ အတိအလင်းဖော်ပြထားပါတယ်။
အစ္စရေးနိုင်ငံရဲ့သမိုင်းမှာ အအောင်မြင်ဆုံးသော ခေတ်ကာလတစ်ခုကို ဒါဝိဒ်ဟာအဲဒီလူတွေကို အသုံးပြုပြီး တည်ထောင်နိုင်ခဲ့တာဟာ တကယ့်ကိုအံ့သြစရာပါပဲ။ ကျနော်တို့သာ ဒါဝိဒ်ရဲ့နေရာမှာဆိုရင် တသွေး၊ တသံ၊ တမိန့်နဲ့ အုပ်ချုပ်လို့ရနိုင်မယ့်သူတွေ၊ တိုက်ရည်ခိုက်ရည်ရှိတဲ့ စစ်သူရဲတွေကို စည်းရုံးသိမ်းသွင်းနိုင်ဖို့ပဲ ကြံစည် မိမှာပါ။ ဒါပေမယ့် ဒါဝိဒ်ကတော့ ကိုယ့်ဆီမှာ ရှိနေတဲ့သူတွေဟာ ဘယ်လိုလူတွေလဲ သိသိကြီးနဲ့ သူ့ရဲ့ဘုရား သခင်ကို ယုံကြည်ကိုးစားခြင်း၊ ၀န်ခံခြင်းအားဖြင့် ပိုပြီးကောင်းတဲ့သူတွေ၊ တော်တတ်ထက်မြက်တဲ့ သူတွေကို မျှော်မနေဘဲ ရှိနေတဲ့သူနဲ့ အောင်မြင်မှုကို ရယူနိုင်ခဲ့ပါတယ်။ တကယ်တော့ ဒါဝိဒ်နဲ့ လူ(၄၀၀) တို့ခိုလှုံရာ အဒုလံဥမင်ဟာ ကျနော်တို့ရဲ့ အသင်းတော်ကို ပုံဆောင်တာဖြစ်ပြီး၊ ဒါဝိဒ်မင်းကြီးကတော့ သခင်ယေရှုခရစ် တော်ကို ပုံဆောင်သလို အမှုရောက်သောသူ၊ အကြွေးတင်သောသူ၊ စိတ်ညစ်သောသူ (၄၀၀) ဟာ ကျနော်တို့ ယုံကြည်သူတွေကို ပုံဆောင်တာဖြစ်ပါတယ်။ တခါတရံမှာ ကျနော်တို့အသင်းတော် ခေါင်းဆောင်တွေဟာ မိမိ လူတွေမှာ ရှိနေတာထက်ပိုပြီး တောင်းဆိုမိတတ်ကြပါတယ်။ ဘယ်လိုပဲကြိုးစားကြပါစေ ကျနော်တို့ရဲ့ နာခံခြင်း ဟာ ဘုရားသခင်အလိုတော်ကို ဘယ်တော့မှပြည့်မီနိုင်မှာမဟုတ်တာတော့ အမှန်ပါပဲ။ ဘုရားသခင်ရဲ့အလို တော်နဲ့အညီ၊ ဘုရားသခင်ကို ရာခိုင်နှုန်းပြည့်ယုံကြည် နာခံနိုင်သောသူသည် သခင်ယေရှုတစ်ပါးတည်းသာ ဖြစ် ပါတယ် ။ (ရောမ ၅း၁၉) " အကြောင်းမူကား၊ တယောက်သောသူသည် နားမထောင်သောအားဖြင့်၊ လူများ တို့သည် အပြစ်ရောက်သည်နည်းတူ တယောက်သောသူသည် နားထောင်သောအားဖြင့်၊ လူများတို့သည် ဖြောင့် မတ်ရာသို့ ရောက်ရကြ၏။ "
လူသားတစ်ယောက်ဖြစ်ပြီး အားနည်းချက်၊ လွန်ကျူးမှုတွေ များလှတဲ့ ဒါဝိဒ်ရဲ့ ဘုရားသခင်အပေါ် ယုံကြည်ခြင်း၊ နာခံခြင်းအားဖြင့် သမိုင်းကြောင်းတလျှောက်မှာ အတောက်ပြောင်ဆုံးသော အစ္စရေးနိုင်ငံတော်ကို ထူထောင်နိုင်ခဲ့ရိုးမှန်ရင် ဘုရားစင်စစ် ဖြစ်သလို အား နည်းချက်၊ လွန်ကျူးမှု လုံးဝကင်းတဲ့ သခင်ယေရှုရဲ့ ဖခမည်းတော်အပေါ် ယုံကြည်ခြင်း၊ နာခံခြင်းဟာ အကောင်းမွန် အအောင်မြင်ဆုံး သော ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ အသင်းတော်ကို တည်ထောင်နိုင်မှာ မလွဲပါဘူး။ အဲဒီတော့ကာ ကျနော်တို့ရဲ့ အသက်တာ၊ ကျနော် တို့ရဲ့အသင်းတော်တွေ အောင်မြင်ဖို့အတွက်က လိမ္မာပါးနပ်လှတဲ့သူတွေ၊ နာခံနားထောင်တတ်တဲ့သူတွေကို သခင်ယေရှုက တောင့်တ မျှော်လင့်နေမယ်လို့ မိတ်ဆွေထင်ပါသလား။ အဒုလံဥမင်ထဲမှာ ခိုလှုံကြနေကြတဲ့ လူ(၄၀၀)နဲ့တူတဲ့ ကျနော်တို့ဘက်က လုပ်ဆောင်ရမယ့် တစ်ခုတည်းသော အရာက ဘုရားသခင်အပေါ် နာခံခြင်းအပြည့်ရှိတဲ့ သခင်ယေရှုရဲ့နောက်ကို လိုက်ဖို့ပဲ ဖြစ်ပါတယ်။
အကယ်လို့များ နာခံခြင်းအသက်တာဆိုတာ ကိုယ့်ရဲ့ခေါင်းဆောင်က ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လက်ညှိုးထောင်၊ ခေါင်း ညိတ်ရတာမျိုးလို့ တစ်စုံတစ်ယောက်ကပြောခဲ့ရင် အသင်းတော်သမိုင်းကို ပြန်လေ့လာကြည့်ပါလို့ပဲ တိုက်တွန်းချင်သလို (ရောမ ၅း၁၉) ကို သေချာဖတ်ကြည့်ဖို့ပဲ တိုက်တွန်းချင်ပါတယ်။
အယောက်စီတိုင်းအပေါ်မှာဘုရားသခင်ကောင်းကြီးပေးပါစေ။
ချစ်ခြင်းအားဖြင့်
သမ္မာအလင်း

နှလုံးသားဆုတောင်း

ကျနော်တို့ရဲ့ သမ္မာအလင်းခရစ်ယာန်မီဒီယာကနေ "နှလုံးသားဆုတောင်း" ဆိုတဲ့ ဓမ္မတေးတစ်ပုဒ်ကို Mtv ရိုက်ဖြစ်ပါတယ် .... သီဆိုသူက " မြတ်သူ " ဖြစ်ပြီး၊ တေးရေးကတော့ " ဇေယျာ " ပဲဖြစ်ပါတယ်.. Edit မပြီးသေးပါဖူးအကြမ်းပဲရှိပါသေးတယ်... ဘုရားရှင်ကို ချီးမွမ်းတဲ့ သီချင်းမို့လို့ အားပေးကြပါဦး....Comment လည်းပေးကြပါဦး....




ချစ်ခြင်းအားဖြင့်
သမ္မာအလင်း

Share

Twitter Delicious Facebook Digg Stumbleupon Favorites