ကောရိ န္တု သြဝါဒစာပဌမစောင် ( ၁၃း ၄-၈ )

၎မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။ ၅လျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိ သည်ဟု မထင်တတ်၊ ၆မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ဝမ်းမြောက်တတ်၏။ ၇ခပ်သိမ်း သောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ ၈မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက် ဥာဏ်သော်၎င်း၊ အမျိုးမျိုးသောဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။

ဆာလံကျမ်း ( ၉၈း ၁ )

၁ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့၊၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ၊၊ လက်ျာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ၊၊

ရှင်လုကာခရစ်ဝင် ( ၅း ၄ )

စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်း လော့ဟု ရှိမုန်အား မိန့်တော်မူ၏။

ယေရမိအနာဂတ္တိကျမ်း ( ၂၀း ၇ )

၇အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူသည်အတိုင်း၊ အကျွန်ုပ် လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက်အားကြီး၍ နိုင်တော်မူပြီ။

ဧဖက်သြ၀ါဒစာ ( ၄း ၂၆-၂၇ )

၂၆အမျက်ထွက်ရာတွင် အပြစ်မရှိ စေနှင့်။ ၂၇အမျက် မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။

jesus3.jpg Pictures, Images and Photos


ကောင်းစားခြင်း

အခြေပြုကျမ်း။ ယောဘ ၂၂း၂၁-၂၂၊ ဆာလံ ၅၅း၂၂၊ မဿဲ ၁၁း၂၈-၃ဝ။
ဘုရားသခင်နှင့်အကျွမ်းဝင်ခြင်းရှိရန်လိုသည်။ ကျမ်းစာထဲတွင် ဖော်ပြထားသည့်အတိုင်းပင် ''ကောင်းစားခြင်း'' ရှိရန်အတွက်
ပထမဆုံးကျွန်ုပ်တို့အသက်တာ၌ လုပ်ဆောင်ရမည့်အရာသည် ဘုရားသခင်နှင့်အကျွမ်းဝင်ရန်ဖြစ်သည်။
(၁) အကျွမ်းဝင်ခြင်း
"အကျွမ်းဝင်ခြင်း" ဟုဆိုရာတွင် သာမန်ခင်မင်ရုံ အခြေအနေမဟုတ်ဘဲ၊ သာမန်ထက်ရင်းနှီးသော၊ တစ်ဖက်နှင့်တစ်ဖက်နားလည်
သဘောပေါက်ခံစားမျှဝေနိုင်သော အနေအထားကိုဆိုလိုပါသည်။ ကျွန်ုပ်တို့အသက်တာ၌ မည်မျှဘုရားသခင်နှင့် အကျွမ်းဝင်မှု
အဆင့်ရှိသနည်း။ ကျွန်ုပ်တို့၏ခံစားချက်များကို ဘုရားသခင်ထံရင်းနှီးပွင့်လင်းစွာပြောဆိုဖူးပါသလား။ အသက်တာ၏အခြေအနေတိုင်း
ကို ဘုရားသခင်ထံတွင် ပွင့်လင်းစွာပြောဆိုဖူးပါသလား။ ဤသို့သော အသက်တာမျိုးမရှိသေးပါက အကျွမ်းဝင်သောရင်းနှီးမှုမျိုးရှိသည်ဟု
ဆိုနိုင်မည်မဟုတ်ပါ။ ထာဝရဘုရား၏ နှုတ်တော်ထွက်စကားများကိုလည်း နှလုံးသွင်းထားရန်လိုအပ်သည်။ နှုတ်ကပတ်တော်သည်
နှလုံးသားထဲတွင်ရှိမှသာလျှင် အသက်တာ၏လိုအပ်သောအခန်းကဏ္ဍတိုင်းတွင် အကျိုးရှိစွာအသုံးပြုနိုင်မည်ဖြစ်ပြီး၊ အောင်မြင်သောဘဝ
အသက်တာဖြင့် လျှောက်လှမ်းနိုင်မည်ဖြစ်သည်။ ဘုရားသခင်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိမှသာလျှင် နှုတ်တော်ထွက်စကားများကိုလည်း
နှလုံးသားထဲတွင် လွယ်ကူစွာမှတ်သားနိုင်မည်ဖြစ်သည်။ ရင်းနှီးကျွမ်းဝင်မှုမှ ချစ်ခြင်းမေတ္တာပေါက်ဖွားလာ၍ ထိုချစ်ခြင်းအားဖြင့်သာ
ယုံကြည်နိုင်သောသတ္တိများဖြစ်ပေါ်လာမည်ဖြစ်သည်။
(၂) ဝန်တို့ကိုချထားခြင်း
ကျွန်ုပ်တို့အသက်တာတွင် ထမ်းရွက်နေရသောဘဝ၏ဝန်ထုပ်ဝန်ပိုးအခက်အခဲများကို ထာဝရဘုရားထံတော်၌ ချထားရန်လိုအပ်သည်။
အခက်အခဲများကို ထာဝရဘုရားထံချထားရန် ကျွန်ုပ်တို့ဦးနှောက်ကသိသော်လည်း၊ လုံးဝအပ်နှံခြင်းမျိုးကိုမူ မလုပ်တတ်ကြပေ။
မိမိ၏ဝန်ထုပ်များကို ထာဝရဘုရားထံတော်တွင်ချထားသည်ဟု ဆိုကြသော်လည်း ဆုတောင်းချက်များချက်ချင်းအဖြေမရပါက မိမိတို့၏
စိုးရိမ်စိတ်များကြောင့် ထိုဝန်ထုပ်များကို မိမိဖာသာပြန်လည်ထမ်းပိုးမိတတ်ကြသည်။ နှုတ်ကပတ်တော်က ဆိုသည့်အတိုင်း ကျွန်ုပ်တို့၏
စိုးရိမ်စရာဝန်ထုပ်များကို ထာဝရဘုရားထံတော်တွင် လုံးဝအပ်နှံလိုက်ရန်ဖြစ်သည်။
(၃) လက်ဝါးကပ်တိုင်တော်
ရှင်မဿဲခရစ်ဝင်ကျမ်းထဲတွင် ယေရှုက "ငါ့ထမ်းပိုးကိုတင်၍ထမ်းကြလော့" ဟုဆိုထားရာ ကျွန်ုပ်တို့အသက်တာတွင် ခရစ်တော်၏ထမ်းပိုး
တည်းဟူသော ကားတိုင်တော်ကိုသာ ထမ်းရန်ဖြစ်သည်။ "ငါ့ထမ်းပိုးသည် ထမ်းလွယ်၏၊ ငါ့ဝန်လည်းပေါ့၏။" ဟုဆိုထားရာ ကျွန်ုပ်တို့ထမ်း
နေရသော ကိုယ်ပိုင်ဝန်ထုပ်များလေးနေလျှင်၊ ထိုဝန်ထုပ်သည်ခရစ်တော်၏ဝန်မဟုတ်ဘဲ၊ ကျွန်ုပ်တို့၏စိုးရိမ်စရာဝန်ထုပ်များဖြစ်နေသော
ကြောင့်ဖြစ်သည်။ ခရစ်တော်၏ဝန်ကိုသာ ထမ်းရွက်ခြင်းအားဖြင့် နေ့ရက်စဉ်တိုင်းကျွန်ုပ်တို့ထမ်းရသော ဝန်ကိုပေါ့စေမည်ဖြစ်သည်။
ထို့ကြောင့် ကောင်းစားသောအသက်တာရရှိရန်အတွက်
(၁) ဘုရားသခင်နှင့်အကျွမ်းဝင်သောမိဿဟယဖွဲ့မှုရှိရန်၊
(၂) မိမိ၏ဝန်ထုပ်များကို ထာဝရဘုရားထံတော်၌ချထားရန်နှင့်
(၃) ခရစ်တော်၏ထမ်းပိုး (ကားတိုင်တော်)ကိုသာ ထမ်းရန်ဖြစ်သည်။
ဘုရားသခင်၏ တတ်စွမ်းနိုင်ခြင်းအစွမ်းသတ္တိကို မိမိ၏ကိုယ်ပိုင်စိတ်ကူးများအားဖြင့် မကန့်သတ်မိရန် လိုအပ်ပါသည်။

ခရစ်တော်၌..
လေပြေ (EXIT News)

ယောဘလို.........မဖြစ်ရလေအောင်


အခန်း (၁) ယောဘ၀တ္ထု …… ဘာ့ကြောင့်ပါ

သမ္မာကျမ်းစာရဲ့ ကျမ်းစောင် (၆၆)စောင်အနက် ထည့်သွင်းဖော်ပြထားတဲ့
ဝတ္ထု (၄)ပုဒ်ထဲမှာ ယောဘ၀တ္ထုဟာ အခန်း(၄၂)ခန်းနဲ့ အရှည်ဆုံးဖြစ်ပါတယ်။
ဒီလောက်ရှည်လျားပြီး ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ၀တ္ထုတစ်ပုဒ်ကို ဘုရားသခင်ရဲ့
မြင့်မြတ်သန့်ရှင်းလှတဲ့ကျမ်းစာတော်မြတ်မှာ ထည့်သွင်းဖော်ပြထားတာဟာ ကျနော်တို့တွေ နားလည်လက်ခံထားကြတဲ့ ယောဘရဲ့သစ္စာရှိခြင်းနဲ့ သည်းခံခြင်းကိုပဲ
မှတ်တမ်းတင်ဂုဏ်ပြုရုံလောက်တော့ မဟုတ်ပါဘူး။ ကျနော်တို့ယုံကြည်သူတွေက
ယောဘ၀တ္ထုကနေ လူသားတစ်ယောက်ဘက်က သင်ခန်းစာတချို့ကို ကိုယ့်ဉာဏ် ပညာနဲ့ ရှာဖွေယူငင်လာခဲ့ကြ၊ ဝေငှဟောပြောခဲ့ကြ၊ ခွန်အားယူခဲ့ကြတာ အတော့်ကို ကြာခဲ့ကြပါပြီ။
ကျနော်တို့တွေရဲ့ဉာဏ်ပညာနဲ့လိုက်မမီတဲ့ အပိုင်းတစ်ခုကို ဘုရားသခင်က
ဒီဝတ္ထုအားဖြင့် ကျနော်တို့ကိုပေးချင်တာကြောင့် သမ္မာကျမ်းစာမှာ ထည့်သွင်းဖို့ကြံစည်
ပြဋ္ဌာန်းတော်မူထားခြင်းဖြစ်ပါတယ်။ အဲဒီအပိုင်းက ဘာအပိုင်းလဲဆိုတာ ကျနော်တို့တွေ
မျက်စိဖွင့်၊ နားစွင့်ပြီး လေ့လာကြည့်ကြရအောင်ဗျာ။

သုတ္တံ ၁၄း ၁၂- ၁၃ မှာ “ လူထင်သည်အတိုင်းမှန်သောလက္ခဏာရှိသော်လည်း
အဆုံး၌ သေခြင်းသို့ပို့သောလမ်းတမျိုးရှိ၏။ - လူသည်ရယ်သောအခါပင် ၀မ်းနည်းသော
စိတ်သဘောရှိ၏။ ထိုရယ်မောရွှင်လန်းခြင်းအဆုံး၌လည်း !ှိုးငယ်ခြင်းရှိတတ်၏ ”….. လို့
ဖော်ပြထားတာကို လေးလေးနက်နက်ဆင်ခြင်နှလုံးသွင်းကြည့်ရင် တစ်ခါတရံမှာ
ကျနော်တို့ရဲ့ နားလည်လက်ခံမှုတွေမှာ ချွတ်ချော်လိုအပ်မှုတွေရှိတတ်တယ်ဆိုတာ နားလည်ရမှာဖြစ်ပါတယ်။
ယောဘ၀တ္ထု အခန်းကြီး(၁)ကို ဖတ်ကြည့်လိုက်တာနဲ့ ယောဘရဲ့ ချမ်းသာကြွယ်ဝမှု၊ စုံလင်ဖြောင့်မတ်မှု၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေမှုနဲ့ မကောင်းသောအမှုကိုရှောင်ကြဉ်မှုတွေကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ယောဘရဲ့သား(၇)ယောက်နဲ့ သမီး(၃)ယောက်အကြောင်းကို
ဆက်ပြီးဖော်ပြထားပြီးတော့ အဲဒီသား(၇)ယောက်ဟာ သူတို့ရဲ့မွေးနေ့ကိုရောက်တဲ့အခါ
သူတို့ရဲ့နှမ(၃)ယောက်ကိုခေါ်ပြီး ပွဲလုပ်စားသောက်လေ့ရှိတာကို ဖော်ပြထားပါတယ်။ သူတို့တွေအဲဒီပွဲကိုလုပ်ပြီးတဲ့အခါ ဖခင်ဖြစ်တဲ့ယောဘက နောက်နေ့နံနက်ရောက်တာနဲ့
သား(၇)ယောက်၊ သမီး(၃)ယောက်လုံးကိုခေါ်ပြီး သားသမီးအရေအတွက်အတိုင်း
မီးရှို့ရာယဇ်ကို ပူဇော်လေ့ရှိပါတယ်။
အဲဒီမီးရှို့ရာယဇ်ကို ယောဘပူဇော်ရတဲ့ရည်ရွယ်ချက်က သူ့ရဲ့သားသမီးတွေ ဘုရားသခင်ကို စွန့်ပယ်ကြမှာစိုးရိမ်တာကြောင့် ဖြစ်တယ်ဆိုတာ အခန်ကြီး(၁)၊ အငယ်(၅)မှာတွေ့ရမှာပါ။
အဲဒီအချက်ကတော့ ယောဘအနေနဲ့ သားသမီးတွေအတွက်
ရတက်မအေးဘဲ သောကပွေရပုံကိုဖော်ပြတဲ့အပြင် သားရေးသမီးရေးအတွက် ဘုရားသခင်ကို စိတ်ချလက်ချပုံအပ်ပြီးမယုံကြည်နိုင်တာကို လှစ်ဟပြလိုက်သလိုပါပဲ။

“ ထာဝရဘုရား၏ပြဋ္ဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍ စိတ်နှလုံးတော်၏
အကြံအစည်တို့သည် သားစဉ်မြေးဆက်အဆုံးတိုင်အောင် တည်ကြလိမ့်မည်။ ”
ဆာလံ ၃၃း၁၁

တကယ်ဆိုရင် မိမိဟာဘုရားသခင်ကို ယုံကြည်ကိုးစားသူတစ်ယောက်အနေနဲ့
ဘုရားကိုစိတ်ချလက်ချပုံအပ်ကိုးစားနိုင်ပါလျက်နဲ့ ယောဘဘက်က စိုးရိမ်သံသယ
ဖြစ်နေတာဟာ တကယ့်ကိုမဖြစ်သင့်တဲ့ကိစ္စပါ။ သမ္မာကျမ်းစာမှာတော့….

“ ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကိုရှာသောသူအားအကျိုးပေးတော်မူသည်ကို၎င်း ယုံကြည်ရမည်။ ” လို့
ဟေဗြဲ ၁၁း ၆ မှာဖော်ပြထားပါတယ်။

ဘုရားသခင်နဲ့မိတ်ဿဟာယဖွဲ့ဆက်ဆံတဲ့အခါမှာ ကျနော်တို့ဆီမှာ အဓိကရှိရမည့်အရာက စုံလင်ဖြောင့်မတ်မှု၊ ကြောက်ရွံ့ရိုသေမှု၊ မကောင်းသောအမှုကို
ရှောင်ကြဉ်မှုတွေထက်ပိုပြီး အရေးကြီးတဲ့အရာက “ ယုံကြည်ခြင်း ” ဖြစ်ပါတယ်။
ယောဘမှာက အထက်မှာဖော်ပြခဲ့တဲ့အရာတွေရှိနေပေမယ့် ဘုရားသခင်ကိုယုံကြည်ခြင်း
မရှိတာကတော့ တကယ့်ကိုစိတ်မကောင်းစရာပါပဲ။ ကျနော်တို့ရဲ့အသက်တာမှာ ဘုရားကို
ကြောက်ရွံ့ရိုသေတာ၊ စုံလင်ဖြောင့်မတ်တာ၊ မကောင်းမှုကိုရှောင်ကြဉ်တာ အဲဒီအရာတွေ
အကုန်လုံးကောင်းပါတယ်။ ဒါပေမယ့် အဲဒီအရာတွေထက်ပိုအရေးကြီးတာက နေရာတိုင်းမှာ ဘုရားကိုပုံအပ်ပြီး ယုံကြည်နိုင်တဲ့ ယုံကြည်ခြင်းမျိုးရှိဖို့ပါ။ ကျနော်တို့ရဲ့အသက်တာမှာရှိနေတဲ့ အိမ်ထောင်ရေး၊ လူမှုရေး၊ သားသမီးရေး၊ ကျန်းမာရေး၊ စီးပွားရေးအရာရာတိုင်းမှာ ဘုရားသခင်ကို ပုံအပ်ပြီးယုံကြည်နိုင်ဖို့က ပိုပြီးလိုအပ်သလို အက္ခရာလည်းကျပါတယ်။

ဟေဗြဲ ၁၀း ၃၈ မှာတော့ “ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော်လည်း ရွေ့လျော့လျှင် ငါ့စိတ်ဝိညာဉ်သည် ထိုသူကို အားရနှစ်သက်ခြင်းမရှိဟုဘုရားသခင်အမိန့်တော်ရှိ၏။ ” လို့ဆိုထားပါတယ်။

ဘုရားသခင်ကိုအားရနှစ်သက်စေတဲ့အရာက သူ့ကိုကြောက်ရွံတာ၊ စုံလင်ဖြောင့်မတ်တာ၊
မကောင်းမှုကိုကြဉ်ရှောင်တာတွေမဟုတ်ပါဘူး။ ယုံကြည်သူတစ်ယောက်ရဲ့အသက်တာမှာ ဘုရားသခင်ရဲ့စိတ်တော်နဲ့တွေ့စေမယ့်အရာက ယုံကြည်ခြင်းဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အသက်တာတစ်ခုလုံးမှာရှိတဲ့ကဏ္ဍတိုင်းမှာ ဘုရားသခင်ကို ယုံကြည်ကိုးစားဖို့
ဘုရားသခင်က အလိုတော်ရှိပါတယ်။
ဒီဝတ္ထုကို သမ္မာကျမ်းစာမှာ ထည့်သွင်းဖော်ပြထားတဲ့ဘုရားသခင်ရဲ့အကြံအစည်
တော်က ကျနော်တို့လူ့ဘက်က တွေးတောဆင်ခြင်မိတဲ့ သင်ခန်းစာတွေလောက်ပဲ မဟုတ်ပါဘူး။ ကျနော်တို့ယုံကြည်သူတွေက ယောဘဆီကပဲ သင်ခန်းစာယူကြ၊ နှလုံးသွင်းဆင်ခြင်ကြပါတယ်။ ဘာကြောင့်များ ဘုရားသခင်ဆီကနေ သင်ခန်းစာ မယူကြတာပါလဲ။ ယောဘ၀တ္ထုကိုထည့်သွင်းဖော်ပြရတဲ့ ဘုရားသခင်ရဲ့
အကြံအစည်တော်က သူ့ရဲ့ကျေးဇူးတော်နဲ့ သက်သေ(အာမခံ)ရဲ့အရေးပါမှုကိုသွန်သင်
ချင်လို့ဖြစ်ပါတယ်။ ယောဘ၀တ္ထု ၉း ၁၉မှာ ယောဘက … “ အဘယ်သူသည် ငါ့ဘက်၌
သက်သေခံမည်နည်း ”လို့ ညီးတွားထားတာကိုတွေ့ရပါတယ်။
အမှုတစ်ခုဖြစ်လာတဲ့အခါ မိမိဘက်က သက်သေခံထွက်ဆိုပေးမည့်သူရှိဖို့
အရမ်းကိုအရေးကြီးပါတယ်။ ဒီကနေ့ ကျနော်တို့အတွက် ခရစ်တော်က ခမည်းတော်
ဘုရားသခင်ရဲ့လက်ယာဘက်မှာ ကျနော်တို့အတွက် သက်သေအဖြစ် ထွက်ဆိုပေးနေ သလို ပဋ္ဋိညာဉ်တရားသစ်ရဲ့အာမခံအဖြစ်လည်း ရပ်တည်ပေးနေပါတယ်။ (ဟေဗြဲ ၉း ၁၅)
ကျနော်တို့ရဲ့အမှုရောက်စဉ်ကာလမှာ ခရစ်တော်က စောင့်ရှောက်တယ်၊ ကယ်တင်တယ်ဆိုတာကို
ဟေဗြဲ ၇း ၂၅ မှာလည်း ဖော်ပြထားတာကိုတွေ့ရလို့ တကယ့်ကိုကျေးဇူးတော်ပါပဲ။ ကျနော်တို့တွေသည် ယောဘကဲ့သို့ အမှုရောက်စဉ်ကာလမှာ သက်သေထွက်ပေးမယ့်သူမရှိသောသူတွေမဟုတ်ပါဘူး။
ဟာလေလုယ။
ဒီအကြောင်းအရာကို နားလည်စေချင်လို့ ယောဘ၀တ္ထုကို ဘုရားသခင်က
သမ္မာကျမ်းစာမှာ ထည့်သွင်းဖော်ပြဖို့ ကြံစည်တော်မူခြင်းဖြစ်ပါတယ်။ ယောဘရဲ့
သစ္စာတရားနဲ့ တည်ကြည်ခြင်းကိုဖော်ပြဖို့လောက်နဲ့တော့ ဘုရားသခင်က အခုလိုကြံစည်
တော်မူခြင်းမဟုတ်တာ သေချာပါတယ်။
နောက်ထပ်တစ်ချက်က… သမ္မာကျမ်းစာထဲမှာ ဆာလံ၊ သုတ္တံ၊ ဒေသနာ၊ ရှောလမုန်နဲ့ ယောဘ၀တ္ထုတို့ဟာ ပညာကျမ်း(၅)စောင်အဖြစ်သတ်မှတ်ခံထားရတဲ့ကျမ်းစာ တွေဖြစ်ပါတယ်။
ဒီပညာကျမ်းတွေထဲမှာ ယောဘ၀တ္ထုကိုထည့်သွင်းထားခြင်းဟာ
လူ့ဉာဏ်ပညာနဲ့လိုက်လို့မမီနိုင်တဲ့ ဘုရားသခင်ရဲ့ဉာဏ်ပညာတော်နဲ့ ချစ်ခြင်းမေတ္တာတော်
အကြောင်းကို ကျနော်တို့ကို ပညာပေးချင်လို့ဖြစ်ပါတယ်။

ယောဘ ၄၂း ၃ မှာ ယောဘက “ ပညာမရှိဘဲ အကြံအစည်တော်ကို မိုက်စေသောသူကား အဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သောအရာတို့ကို၎င်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍မကုန်နိုင်သောအရာတို့ကို၎င်း ပြောမိပါပြီ။ ”လို့ ဘုရားသခင်ကို
ဝန်ခံထားတာကိုတွေ့ရမှာဖြစ်ပါတယ်။

ယောဘ၀တ္ထုမှာ အခန်းကြီး(၄၂)ခန်းပါရှိသည့်အနက် အခန်းကြီး(၃)ကစပြီး (၃၁)အထိ
ယောဘနဲ့ သူ့ရဲ့မိတ်ဆွေ(၃)ဦးဖြစ်တဲ့ ဧလိဖတ်၊ ဗိလဒဒ် နဲ့ ဇောဖာတို့ဟာ ဘုရားသခင်ရဲ့
အကြောင်းကို ထိုင်ပြီးဆွေးနွေးတိုင်ပင်ကြသလို ပြဿနာရဲ့အခြေအမြစ်ကိုအချိန်ကုန်ခံပြီး
ခန့်မှန်းတာတွေလုပ်နေခဲ့ကြပါတယ်။ တကယ်တော့ သူတို့(၄)ဦးလုံးက အချိန်ကုန်ပြီး အကျိုးမရှိတာတွေကို
လုပ်နေတာဖြစ်ပါတယ်။ သူတို့(၄)ဦးစလုံးက အခန်းကြီး(၃၁)ကိုရောက်လာတဲ့အထိ အလဟဿအချိန်ကုန်ပြီး
လိုရင်းကိုမရောက်ဘဲ ကိုယ့်ဉာဏ်နဲ့မမီနိုင်တာကို ဆွေးနွေးနေကြတာကြောင့်
ဧလိဟု ဆိုတဲ့လူငယ်တစ်ယောက်ပေါ်လာပြီး သူတို့(၄)ဦးကို ကောင်းကောင်းထောက်ပြဝေဖန်ခဲ့တာကို
တွေ့ရမှာဖြစ်ပါတယ်။ ဘုရားသခင်က ကျနော်တို့ဉာဏ်နဲ့လိုက်မမီတဲ့ သူရဲ့မေတ္တာနဲ့သဘောသဘာဝကို
အချိန်ကုန်ခံပြီး လိုက်စစ်ဝေဖန်နေဖို့ အလိုတော်မရှိပါဘူး။
ဝန်ခံဖို့ကိုပဲ အလိုတော်ရှိပါတယ်။ ဒီအကြောင်းကိုသိစေချင်တာကြောင့် ဘုရားသခင်က
ဒီဝတ္ထုကိုပြင်ဆင်ထည့်သွင်းတော်မူထားခြင်း ဖြစ်ပါတယ်။

မျိုးဆက်ကျိန်စာ (သို့မဟုတ်) မာရ်နတ်၏လှည့်စားခြင်း

တရားဒေသနာရဲ့ခေါင်းစဉ်ကိုကြည့်ပြီး စိတ်ပျက်သွားပြီလားမိတ်ဆွေ။

ဘာပဲဖြစ်ဖြစ် စိတ်ရှည်ရှည်နဲ့ အဆုံးထိလေ့လာကြည့်လိုက်ပါ။

မိတ်ဆွေအတွက် လွတ်မြောက်ခြင်းပဲဖြစ်ဖြစ် ၀ိညာဉ်ခွန်အားပဲဖြစ်ဖြစ်

ဘုရားသခင်ကပေးချင်တဲ့ဆန္ဒရှိနေပါတယ်။

ဒီနှုတ်ကပတ်တော်က အခြားသောဧ၀ံတရားတွေကြောင့်ဖြစ်ပေါ်လာမယ့်

နောက်ဆက်တွဲသောကတွေကို ယတိပြတ်သုတ်သင်ဖယ်ရှင်းပေးပါလိမ့်မယ်။

တစ်ခါတလေကြားမိတဲ့စကားပါ။ မျိုးဆက်ကျိန်စာတဲ့ ......... ။

ဒီစကားက အတော့်ကို ကြားရတာနားမချမ်းသာစရာစကားပါ။

ကျနော်တော့ဒီစကားကို ကြားတိုင်း သခင်ယေရှုရဲ့အသွေးတော်ကို စော်ကားရက်လေခြင်းလို့ခံစားမိပါတယ်။

တစ်ခါတလေမှာ တချို့တရားဟောဆရာတွေရဲ့ ဒေသနာတွေက နားထောင်သူတွေကို ဝေဒနာဖြစ်စေတာကို

ကြုံရတာများလာတော့ ကျနော့်ရင်ထဲမှာ ယုံကြည်သူတွေကို အားနာလာမိပါတယ်။

တကယ်တော့ သခင်ယေရှုရဲ့သတင်းကောင်းက ကျနော်တို့ကို ၀မ်းမြောက်ခြင်းတွေ၊ ငြိမ်သက်ခြင်းတွေ၊

လွှတ်ခြင်းတွေ ခံစားစေတာဖြစ်ပါတယ်။




နောဧ သဘောင်္တွေ့ပြီ

ကမ္ဘာဦးကျမ်းစာလာ နောဧသဘောင်္အစိတ်အပိုင်းများ တွေ့ရှိ


တရုတ်နိုင်ငံနဲ့ တူရကီနိုင်ငံက ဧ၀ံဂေလိ ခရစ်ယာန်ဘာသာဝင်တွေဟာ တူရကီနိုင်ငံ အရှေ့ဘက်ရှိ အာရာရတ်တောင်ပေါ်မှာ နှစ်ပေါင်း ၄၈၀၀ သက်တမ်းရှိပြီးဖြစ်တဲ့ နောဧသဘောင်္ရဲ့ အစိတ်အပိုင်းတွေကို
တွေ့ရှိခဲ့ပါတယ်။ အဆိုပါတောင်ပေါ်က သဘောင်္ပျက် အစိတ်အပိုင်းတွေ တွေ့ရှိခဲ့တဲ့နေရာဟာ ကမ္ဘာဦးကျမ်းမှာ ဖော်ပြထားတဲ့အတိုင်း ဘုရားသခင်ရဲ့ ခိုင်းစေချက်ကြောင့် ဆောက်လုပ်ခဲ့တဲ့ နောဧသဘောင်္ကြီး ဆိုက်ကပ် ရပ်နားနာ နေရာလည်းဖြစ်ပါတယ်။ အဲ့ဒီသဘောင်္ပျက်အပိုင်းအစတွေကို ဟောင်ကောင်အခြေစိုက် နောဧသဘောင်္ မှတ်တမ်းရုပ်ရှင်ရိုက်ကူးရေးအဖွဲ့က တွေ့ရှိခဲ့ပြီးနောက် ကာဗွန်သက်တမ်းစစ်ဆေးနည်းနဲ့ စပ်သပ်ပြီး သက်တမ်း ၄၈၀၀ ရှိပြီဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ အဆိုပါသက်တမ်းဟာ နောဧသဘောင်္ရွက်လွှင့်ခဲ့တယ်လို့ ကမ္ဘာဦးကျမ်းမှာ ဖော်ပြထားတဲ့ ရက်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ယခုတွေ့ရှိခဲ့တဲ့ သဘောင်္ရဲ့အစိတ်အပိုင်းမှာ သီးခြားကန့်ထားတဲ့ အခန်းငယ်တွေပါဝင်ပြီး အဲ့ဒီအခန်းတွေဟာ တိရစ္ဆာန်တွေကို ထည့်သွားဖို့ ဆောက်လုပ်ထားခဲ့တဲ့ အခန်းတွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်၊ သင်္ဘာပျက်ကိုတွေ့ပြီးတဲ့နောက် အဲ့ဒီနေရာကို ကုလသမဂ္ဂယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခံရဖို့ လျှောက်ထားသင့်ကြောင်း ဒေသခံအာဏာပိုင်တွေက တူရကီအစိုးရကို တိုက်တွန်းသွားမယ်လို့ ဆိုတယ်။ ဘုရားသခင်ဟာ ကမ္ဘာကြီးမှာ ရာဇ၀တ်မှုတွေထူပြောလာလို့ ကမ္ဘာကို ရေလွှမ်းမိုးမှုနဲ့ ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်အပြီးမှာ နောဧလို့ အမည်ရတဲ့ အမျိုးသားတစ်ဦးကို ဧရာမသင်္ဘောကြီးတစ်စင်းဆောက်လုပ်စေပြီး တိရစ္ဆာန်မျိုး စိတ်တိုင်းရဲ့ ဖိုမတစ်စုံစီကို သင်္ဘောပေါ်တင်ဖို့ စီစဉ်ခဲ့ပါတယ်။ အဲ့ဒီနောက်ရေလွှမ်းမိုးမှုအပြီးမှာ သင်္ဘောကြီးဟာ အဲ့ဒီတောင်ပေါ်မှာ ရပ်တန့်သွားခဲ့တယ်လို့ ဆိုပါတယ်။






မူရင်းမှာ>>>http://www.thesun.co.uk/sol/homepage/news/2949640/Noahs-Ark-found-in-Turkey.html

ချစ်ခြင်းအားဖြင့်
((( သမ္မာအလင်း )))

အဆုံးမဲ့လမ်း (သို့) အကျင့်တရား


သမ္မာအလင်းဘလော့ဂ်ရဲ့ ပရိသတ်အားလုံး မင်္ဂလာပါ။
ဒီနေ့တော့ ပညတ်တရား/ အကျင့်တရားနဲ့ပတ်သက်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့အကြောင်းအရာတစ်ခုကို အတူတကွ လေ့လာကြည့်ရအောင်။
ရှင်မဿဲ ၁၉း ၁၆- ၂၂ မှာ ဖော်ပြထားတဲ့ လူတစ်ယောက်ရဲ့အကြောင်းကနေ ကျနော်တို့ကို
ဘုရားသခင်က ဘာတွေပြောနေတယ်ဆိုတာ ရှာကြည့်ရအောင်။
သခင်ယေရှုဆီကို လူတစ်ယောက်က လာမေးတဲ့မေးခွန်းနဲ့ အစပြုလိုက်ကြရအောင်။
သူမေးတဲ့မေးခွန်းက
" ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို ရဖို့ ကျနော် ဘာကောင်းမှုတွေလုပ်ရမလဲ " တဲ့။
သူမေးတဲ့မေးခွန်းက အရှင်းကလေးပါ။ ဒါပေမယ့် သခင်ယေရှုက အဲဒီမေးခွန်းကို ဘယ်လိုပြန်ဖြေသလဲ?
" ငါ့ကို ဘာကြောင့် ကောင်းမြတ်တယ်လို့ခေါ်တာလဲ။ ဘုရားသခင်တစ်ပါးတည်းသာ ကောင်းမြတ်တယ်။
အသက်ရှင်ခြင်းကို ၀င်စားချင်တယ်ဆိုရင် ပညတ်တော်တွေကို စောင့်ရှောက်ပါ။ " တဲ့။ မဿဲ ၁၉း ၁၆- ၁၇
ဒီလူက သခင်ယေရှုကို ကောင်းမြတ်သောဆရာလို့ခေါ်တာကို သခင်ယေရှုလက်မခံဘဲ
ဘာကြောင့်ငြင်းပယ်ပြီး ဘုရားသခင်တစ်ပါးတည်းသာ ကောင်းမြတ်တယ်လို့ပြောတာလဲ။
တကယ်တော့ လူသားတစ်ယောက်အနေနဲ့ လူ့ဇာတိကိုခံယူထားတဲ့သခင်ယေရှုက
လူမှန်ရင် ဘယ်သူမှမကောင်းမြတ်ဘူး။ ငါလည်းမကောင်းမြတ်ဘူး။
ကောင်းတဲ့သူဆိုလို့ ဘုရားသခင်တစ်ပါးတည်းပဲရှိတယ်လို့ ရှင်းရှင်းလင်းလင်းသိစေချင်လို့ အခုလိုပြန်ဖြေတာပါ။ အဲဒီလိုဖြေပြီးမှ ပညတ်တော်တွေကို စောင့်ရှောက်ခိုင်းတာကလည်း ပညတ်တရားကိုလိုက်လျှောက်ဖို့
လူမှန်ရင်ဘယ်သူမှမတတ်နိုင်ဘူး။ ဘုရားသခင်တစ်ပါးတည်းပဲ တတ်နိုင်တယ်။
တစ်နည်းအားဖြင့် လူမှန်ရင် ကောင်းတာလုပ်နိုင်လောက်အောင် ဘယ်သူမှမကောင်းဘူးလို့ ဆိုနေတာပါ။
သခင်ယေရှုက အဲဒီလိုဖြေတဲ့အခါ လူက ထပ်ပြီးမေးခွန်းထုတ်ပါတယ်။
" ဘယ်လိုပညတ်တွေကို စောင့်ရှောက်ရမှာလဲ " တဲ့။ အဲဒီအခါ သခင်ယေရှုက -
(၁) လူ့အသက်ကိုမသတ်နဲ့။
(၂) သူ့မယားကိုမပြစ်မှားနဲ့။
(၃) သူ့ဥစ္စာကိုမခိုးနဲ့။
(၄) မမှန်သောသက်သေကိုမခံနဲ့
(၅) မိဘကိုရိုသေစွာပြုလော့။
(၆) ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့.....
အစရှိတဲ့ပညတ်တော်(၆)ချက်ကို ပေးလိုက်ပါတယ်။ သခင်ယေရှုက ဒီပညတ်တွေကိုပေးတဲ့အခါ
လူက- ဒီပညတ်ရှိသမျှတို့ကို ကျနော်ငယ်ငယ်လေးကတည်းက စောင့်ရှောက်ခဲ့ပြီးပြီ
ဘယ်အကျင့်လိုသေးလဲ လို့ ယုံကြည်မှုအပြည့်နဲ့ ဂုဏ်ယူဝင့်ကြွားစွာပြန်ဖြေပါတယ်။
သူ့ရဲ့စကားကို သခင်ယေရှုက ဘယ်လိုတုံ့ပြန်သလဲဆိုတော့-
သင်ဟာ စုံလင်ခြင်းကိုရောက်ချင်ရင် ကိုယ်ဥစ္စာတွေကိုရောင်းပြီး ဆင်းရဲသားတွေကိုပေးပါ။
အဲဒီလိုလုပ်ရင် ကောင်းကင်ဘုံမှာ ဘဏ္ဍာကိုရမယ်။
ပြီးမှ ငါ့နောက်လိုက်ပါ လို့အဖြေပြန်ပေးလိုက်ပါတယ်။ မဿဲ ၁၉း၁၈- ၂၁
ဒီအချက်တွေက ကျနော်တို့ကို ဘာတွေသွန်သင်နေတာလဲ?
ကျနော်တို့တွေသည် အကျင့်တရားအားဖြင့် ဘုရားသခင်ထံကို တိုးဝင်မယ်ဆိုရင်
အထက်ကဖော်ပြထားသလိုပဲ ဘယ်တော့မှမကုန်ဆုံးနိုင်တဲ့တံတားကိုလျှောက်နေခြင်းဖြစ်ပါတယ်။
ပညတ်တရားမှာ ကျနော်တို့စောင့်ရှောက်လို့ ပြီးပြီလို့ထင်ပေမယ့် ထပ်ပြီးကျန်ရှိနေပါသေးတယ်။
ကျနော်တို့က အကုန်လုပ်ပြီးပြီလို့ ဘုရားသခင်ရှေ့မှာ ပြောလိုက်တိုင်း ဘုရားသခင်က ဒါလုပ်ဖို့ ကျန်သေးတယ်လို့ ပြောနေပါတယ်။ ပညတ်တရားရဲ့အကျင့်အားဖြင့်သွားမယ်ဆိုရင်
ကျနော်တို့လုပ်ဆောင်ရမယ့်အရာတွေက ဒါပြီးရင် ဒါ၊ ဒါပြီးရင် ဒါ အစရှိသဖြင့် အများကြီးရှိနေပါတယ်။
ဒီလုပ်ဆောင်ရမယ့်အရာတွေကို တကယ်ပဲပြီးပြည့်စုံအောင်လုပ်ပြီးတဲ့အခါကျတော့လည်း
လုပ်ဆောင်ရမည့်အရာတစ်ခုကျန်နေပါသေးတယ်။
အဲဒါကတော့ ယေရှုနောက်လိုက်ဖို့ပါပဲ။ မဿဲ ၁၉း၂၁(b)
မိတ်ဆွေ ဘယ်လိုပဲကောင်းမှုတွေလုပ်နေပါစေ၊ သခင်ယေရှုမပါရင် အလကားပဲဖြစ်ပါတယ်။
ကျနော်တို့အသက်တာမှာ ထာဝရအသက်ကိုရနိုင်မယ့် အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းက
သခင်ယေရှုခေါ်ရာကိုလိုက်ဖို့ပါပဲဆိုတာကို သမ္မာကျမ်းစာထဲက တခြားအကြောင်းအရာတစ်ခုနဲ့
နှိုင်းယှဉ်လေ့လာကြည့်ရအောင်။ မဿဲ ၄း ၁၈- ၂၀မှာကြည့်တဲ့အခါ ပေတရုတို့ညီအစ်ကို(၂)ယောက်ကို
သခင်ယေရှုက သူ့နောက်လိုက်ဖို့ခေါ်တဲ့အခါမှာ သူတို့က ချက်ချင်းပဲလိုက်ကြတယ်ဆိုတာတွေ့ရပါတယ်။
အသက်လမ်းဖြစ်တဲ့ယေရှုနောက်ကို လိုက်ဖို့ဆုံးဖြတ်ခြင်းက မိတ်ဆွေရဲ့တစ်ဘ၀လုံး
ကောင်းမှုတွေကိုလုပ်နေရင်း အချိန်ကုန်ခံနေတာထက် ပိုပြီးအရေးကြီးသလို ပိုပြီးလည်း အာမခံမှုရှိပါတယ်။
လူလုပ်လို့ ပြီးပြည့်စုံမှုရှိလာမှာမဟုတ်တဲ့ အကျင့်တရားတွေကို လုပ်ဆောင်နေမယ့်အစား
အကျင့်တရားအလုံးစုံကို ပြီးပြည့်စုံစေသူ သခင်ယေရှုခေါ်ရာကို လိုက်ဖို့ပဲဖြစ်ပါတယ်။
ဒီနှုတ်ကပတ်တော်အားဖြင့် မိတ်ဆွေသည် ကောင်းကြီးမင်္ဂလာခံစားနိုင်ပါစေ။

လူရိုင်း


ဘယ်သူပြောတာလဲ
လမင်းပျော်တာ
ကောင်းကင်မှာပဲ လို့ ......။
ဟောဟိုက
မသုံးတာကြာတဲ့ ရေတွင်းထဲမှာ ........
အမှိုက်သရိုက်တွေပြည့်နေတဲ့ ရေကန်ငယ်ထဲမှာ ........။
လပြည့်ညတွေမှာ
လရောင်တောက်နေတဲ့ ရေတစ်ခွက် ......
လက်ခုပ်ထဲ ထည့်သောက် ......
ပြီးမှ ......
တစ်တောလုံးကို ခြောက်မယ် ......။
ဝံပုလွေတစ်ကောင်ပါ
ဒါပေမယ့်
ရင်ကွဲဖူးတဲ့အတိတ်တွေရှိတယ်
အညာခံခဲ့ရဖူးတယ်
သစ္စာဖောက်ခံခဲ့ရဖူးတယ်
ကျုပ်ရဲ့ဆိုးညစ်မှုတွေအတွက်
မျက်ရည်လည်လောက်တဲ့
ရာဇ၀င်တစ်ပိုင်းတစ
အကြောင်းပြဖို့သိမ်းထားတယ်။
ကဲ ..... ဘာကွာလဲ
လူဆိုတဲ့ ခင်ဗျားနဲ့ .....။

မိုးစက်နီ



မိခင်များနေ့


နာခံသောမုဆိုးမ
၎ရာ၊ ၄း၁-၇။


မိခင်များနေ့တွင် ဘုရားသခင်ကို စကားကို နာခံသော မုဆိုးမ မိခင်ကြီးတစ်ဦး အကြောင်းဝေငှလိုက်ပါတယ်။
ယုံကြည်ခြင်းအားကြီးသော မိခင်များ၏ ယုံကြည်ခြင်းကြောင့် သားသမီးများကောင်းချီးမင်္ဂလာ ခံစားကြရပါတယ်။
ဒါကြောင့် မိခင်၏ ယုံကြည်ခြင်းကို အမှီလိုက်နိုင်သော သားသမီးများ ဖြစ်နိုင်ကြပါစေ။
ယုံကြည်ခြင်းအားကြီးသော မိခင်များအားလုံးအပေါ် ဘုရားသခင်ကောင်းချီးပေးပါစေ။
ယုံကြည်ခြင်းအားကြီးသော မိခင်ကိုပေးထားသော ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
Happy Mother's Day

နာခံသောမုဆိုးမသည် ပရောဖက်ဧလိရှဲ၏ တပည့်တစ်ယောက်၏ဇနီးဖြစ်ခဲ့သည်။ ခင်ပွန်းကွယ်လွန် ချိန်၌ သားနှစ်ယောက်နှင့်ကျန်ခဲ့သည်။ ကြွေးတင်နေသည့် အတွက်၊ ကြွေးရှင်ကသားနှစ်ယောက်ကို ကျွန်အဖြစ် သိမ်း ယူခေါ်ဆောင်သွားရန်ပြုလုပ်သည့်အတွက် သူမသည် မချိတင်ကဲ ဝေဒနာခံစားနေရသည်။ သူမ၏ခင်ပွန်းသည် အသက်ရှင်စဉ်က ထာဝရဘုရားကို ကြောက်ရွံ့ရိုသေသူ ဖြစ်ခဲ့သည်ဟုသာ ပရောဖက်ဧလိရှဲအား ပြောပြသည်။ သို့ သော် ခင်ပွန်းက မိသားစုအတွက် လုံလောက်စွာ မဖြည့် ဆည်းပေးနိုင်ခဲ့ပါ။ ခင်ပွန်း၏အလုပ်သည်လည်း အမှု တော်ဆောင်ခြင်းအလုပ်သာဖြစ်သည့်အတွက် စီးပွားရေး အလုပ်မဟုတ်ခဲ့ပါ။ ဤမုဆိုးမသည် ဘုရားရှင်ကသာ အရာအားလုံးတတ်နိုင်သည်ကို ယုံကြည်သဖြင့် ဘုရား သခင်၏လူဖြစ်သော ဧလိရှဲထံ အကူအညီတောင်းခဲ့သည်။ သူမသည် အကြွေးများကို ဆပ်နိုင်မှသာ သူမနှင့်သားများ အတူနေခွင့်ရမည်။ သို့မဟုတ်ပါက သားများနှင့်ကွဲကွာ ပြီး၊ မည်မျှကြာမည်မသိသော အခြေအနေသို့ ဆိုက်သွား နိုင်ပါသည်။
သူမသည် လုံးဝကြောက်လန့်ခြင်းမရှိဘဲ ဧလိရှဲ အား ချဉ်းကပ်ခဲ့သည်။ ဧလိရှဲသည်လည်း ဘုရားသခင်၏ လူဖြစ်သည့်အလျောက် သူ၏တပည့်များအားလုံးအတွက် စိတ်ဝင်စားမှု၊ ဂရုပြုမှုရှိခဲ့သည်ကို ထောက်ပြီး ဤမုဆိုးမ သည် ချဉ်းကပ်ခဲ့ပါသည်။ သူမ၏ အကျပ်အတည်း ပြဿနာများအတွက် အကြံဥာဏ်သော်လည်းကောင်း၊ အကူအညီသော်လည်းကောင်း ရရှိရန်လာခဲ့သည်။ ဧလိရှဲ ၏တပည့်များသည်လည်း အိမ်ထောင်မရှိသူများ၊ လူလွတ် များ၊ ပရောဖက်ကျောင်းတွင် စာအံပြီး စုပေါင်းနေထိုင်သူ များ၊ ဆရာကြီးဖြစ်သူဧလိရှဲ၏ အစီအမံဖြင့် စားသောက် နေထိုင်သူများမဟုတ်ကြပါ။ သူတို့သည် အိမ်ထောင်ရှိ သူများ၊ မိသားစုကို ဦးဆောင်သူများဖြစ်ကြသည်။ ဧလိရှဲ သည် ထိုတပည့်များ၏ ကောင်းကျိုးကို အထူးစိတ်ဝင် စားသည်။ ဤသည်မှာ ဘုရားသခင်၏လူဖြစ်သော ပရော ဖက် ဧလိရှဲ၏စိတ်ထားကိုပြပါသည်။
ဧလိရှဲက သူမအား ကူညီလိုသောစိတ်ဖြင့်မေးပါ သည်။ ဓသင့်အတွက် ငါအဘယ်သို့ပြုရပါမည်နည်း။ သင့်အိမ်တွင် အဘယ်ပစ္စည်းဥစ္စာရှိပါသနည်းဓဟု မေးပါ သည်။ သူမကလည်း ဓသံလွင်ဆီအိုးကလေးတစ်လုံးမှ တစ်ပါး အခြားဘယ်အရာမျှမရှိပါဓဟုပြန်ဖြေပါသည်။ ထို အခါ ဧလိရှဲက သူမအား တမူထူးခြားသောညွှန်ကြားချက် များကို ပေးလိုက်သည်။ ...ဓအိမ်နီးချင်းအားလုံးထံသွား၊ အိုးလွတ်ရှိသမျှငှားလာခဲ့။ အိမ်ကို ထိုအိုးများယူလာပြီး တံခါးကိုပိတ်။ ပြီးလျှင် သင်၌ရှိသောဆီဖြင့် ငှားလာသော အိုးများကို ဖြည့်ဓဟု မိန့်မှာသည်။ ထိုအတိုင်း သူမနှင့် သားများပြုလုပ်ရာ ဆီများစွာရပြီး ငှားထားသော အိုးအား လုံးအပြည့်အလျှံရသည်။
ဧလိရှဲညွှန်ကြားသည့်အတိုင်းလုပ်ရန်၊ သူမ၌ ဓကလေးသူငယ်၏ယုံကြည်ခြင်းဓကဲ့သို့သော ယုံကြည်ခြင်းရှိရန်လိုသည်။ ဤနိမိတ်လက္ခဏာတွင် မုဆိုးမ၏ ယုံ ကြည်ခြင်းနှင့် နာခံလိုက်လျှောက်ခြင်းပူးတွဲနေသည်ကို သတိပြုမိစေသည်။ သူမ၏အခက်အခဲများမှ ဧလိရှဲသည် ဖြေရှင်းပေးမည်ကို တထစ်ချယုံကြည်ပြီး အိမ်နီချင်းတို့ထံ မှ အိုးလွတ်များကို ရနိုင်သမျှငှားရမ်းယူခဲ့သည်။ ဧလိရှဲ ပြောသည့်အတိုင်း တိတိကျကျလုပ်ဆောင်ပါသည်။
အကယ်၍သာ သူမက စောဒကတက်ပြီး၊ မယုံ မကြည်စိတ်ဖြင့် .... ဓအိုး... ကျမအထင်တော့ ဒါဟာ လုံးဝမဖြစ်နိုင်ဘူး။ ဘယ့်နှယ်တော်။ အကြွေးဆပ်ဘို့လို နေပါတယ်ဆိုမှ သူများတွေရဲ့အိုးလွတ်ကို ငှားရဦးမယ်။ တကယ်အကြွေးဆပ်နိုင်ဘို့ဆိုရင်... အိုးလွတ်များအစား၊ ဆီအပြည့်ရှိတဲ့အိုးတွေကို အိမ်နီးချင်းတွေက ပေးကြတယ် ဆိုရင်တောင် ဟုတ်တုတ်တုတ်ဓဟုပြောနိုင်ပါသည်။ သူမ သည် နောက်ထပ်စဉ်းစားနိုင်သေးသည်က... ဓအိမ်ပြန် ပြီး ဒီကိစ္စအားလုံး တံခါးပိတ်ပြီးမှ လုပ်ရမယ်ဆိုတာလဲ အဓိပ္ပာယ်မရှိဘူး။ ဘုရားသခင်က နိမိတ်လက္ခဏာဖြစ်စေ ချင်ရင်လဲ... လူအများရှေ့မြင်ပါစေပေါ့ဓဟူ၍လည်းဖြစ် သည်။
သို့သော် ထိုသို့မဟုတ်ပါ။ သူမသည် ဧလိရှဲ၏ စကားကို ယုံကြည်နာခံခဲ့သည်။ တကယ်ပင် နာခံခဲ့ပါ သည်။ အသေးစိတ်မှအစ မချန်မလှပ်ဘဲ နာခံခဲ့ပါသည်။
တံခါးကိုပိတ်ပြီးနောက် သူမသည် သူမ၌ ရှိသည် ဆီအိုးမှ ဆီကို အိုးလွတ်များထဲသို့ စတင်လောင်း ထည့်သည်။ ထိုအခါ ထူးဆန်းအံ့သြဖွယ်ကောင်းစွာ ဆီ သည် ဆက်လက်များလာသည်။ တစ်အိုးဖြင့် တစ်အိုးသို့ အိုးပေါင်းများစွာထဲသို့ ဆီများဖြည့်နေခဲ့သည်။
ငှားယူထားသောအိုးများပြည့်ကုန်သောအခါ၊ သူမက ဓအိုးလွတ်ရှိသေးသလားဓဟုမေးရာ၊ သားက ဓမကျန်တော့ပါဓဟု ဖြေလိုက်သည်နှင့်တပြိုင်နက် ဆီထွက် ရပ်လေသည်။ ကိုယ်တော်က ပြင်ဆင်ပေးအရာများကို အလဟသမဖြစ်စေပါ။
နိမိတ်လက္ခဏာ၏ အဆုံးသတ်ကလေးသည် လည်း မြင်ယောင်စေပါသည်။ ဆီများစွာရ၍ ပျော်ရွှင် ၀မ်းမြောက်နေသောမုဆိုးမသည် ဧလိရှဲထံ တဖန်သွားပြီး သတင်းပို့သည်။ ဧလိရှဲက ထိုဆီများကို ရောင်းချပြီး ကြွေး ဆပ်ရန်နှင့် ကျန်ငွေဖြင့် သူမနှင့်သားများ ဆက်လက် အသက်မွေးဝမ်းကြောင်းပြုရန် မှာကြားသည်။ သူမ၏ အကြွေးအတွက် လိုအပ်သော ငွေပမာဏထက် များသော ငွေများကို ရလိုက်ပြီး ကြွေးကိစ္စမပူပင်ရဘဲ မိသားစုပျော် ပျော်ရွှင်ရွှင်လုံလုံလောက်လောက်နေထိုင်နိုင်လေပြီ။
ကျွန်ုပ်တို့တောင်းနိုင်၊ စဉ်းစားနိုင်သည်ထက် ဘုရားရှင်မစနိုင်ပါသည်။ ဘုရားရှင်၏ပေးကမ်းခြင်းသည် ရက်ရောလှပါသည်။ ဘုရားရှင်၏စေတနာမေတ္တာသည် မည်သည့်အခါမျှ နှမြောတွန့်တိုခြင်းမရှိပါ။ သူမအတွက် အခြေခိုင်သောသက်သာမှုရရှိသည့်အပြင်၊ သားများနှင့် အတူနေထိုင်ရသော ကောင်းကြီးမင်္ဂလာကို ရရှိခဲ့သည်။
ရှင်မဿဲခရစ်ဝင်ကျမ်းတွင် မည်သို့စားရ၊ မည်သို့နေရ၊ မည်သို့ဝတ်ရမည်စသည်တို့ကို စိုးရိမ်ခြင်း များနှင့်ကင်းရန် ဖော်ပြထားသည်။ (မဿဲ၊ ၆း၃၁-၃၄) ဓဘုရားသခင်၏နိုင်ငံတော်နှင့်အလိုတော်ကို ပထမဦးစွာ ရှာကြလော့ဓဟု ဖော်ပြထားပါသည်။
ထို့ကြောင့် လောကအမြင်နှင့် ကြည့်လျှင် အဓိပ္ပာယ်မဲ့ဖြစ်နေမည်။ ဘုရားရှင်သည် ကျွန်ုပ်တို့ထံမှ မည်သည့်အရာကို လိုချင်ပါသနည်း။ ရာနှုန်းပြည့်နာခံ ခြင်းကို လိုချင်ပါသည်။ အခြားသူများ ဘယ်လိုထင်လိမ့် မည်နည်းဟု စိုးရိမ်ခြင်းထက် ကိုယ်တော်ကနောက်တော် သို့လိုက်စေလိုသည်။ လောကအမြင်ဖြင့်မည်သို့မြင်ရသည် ဖြစ်စေ အထက်ပါမုဆိုးမကဲ့သို့ ကိုယ်တော်၏မိန့်မှာချက် ကို တိတိကျကျနာခံစေလိုသည်။ ထိုမှသာ ကောင်းချီး မင်္ဂလာအပြည့်ရရှိခံစားရမည်။

ဘုရားသခင်ကောင်းချီးပေးပါစေ။
ထန်နိုး
အိပ်မက်သစ်မီဒီယာ


--






--

Share

Twitter Delicious Facebook Digg Stumbleupon Favorites