jesus3.jpg Pictures, Images and Photos


ကောင်းစားခြင်း

အခြေပြုကျမ်း။ ယောဘ ၂၂း၂၁-၂၂၊ ဆာလံ ၅၅း၂၂၊ မဿဲ ၁၁း၂၈-၃ဝ။
ဘုရားသခင်နှင့်အကျွမ်းဝင်ခြင်းရှိရန်လိုသည်။ ကျမ်းစာထဲတွင် ဖော်ပြထားသည့်အတိုင်းပင် ''ကောင်းစားခြင်း'' ရှိရန်အတွက်
ပထမဆုံးကျွန်ုပ်တို့အသက်တာ၌ လုပ်ဆောင်ရမည့်အရာသည် ဘုရားသခင်နှင့်အကျွမ်းဝင်ရန်ဖြစ်သည်။
(၁) အကျွမ်းဝင်ခြင်း
"အကျွမ်းဝင်ခြင်း" ဟုဆိုရာတွင် သာမန်ခင်မင်ရုံ အခြေအနေမဟုတ်ဘဲ၊ သာမန်ထက်ရင်းနှီးသော၊ တစ်ဖက်နှင့်တစ်ဖက်နားလည်
သဘောပေါက်ခံစားမျှဝေနိုင်သော အနေအထားကိုဆိုလိုပါသည်။ ကျွန်ုပ်တို့အသက်တာ၌ မည်မျှဘုရားသခင်နှင့် အကျွမ်းဝင်မှု
အဆင့်ရှိသနည်း။ ကျွန်ုပ်တို့၏ခံစားချက်များကို ဘုရားသခင်ထံရင်းနှီးပွင့်လင်းစွာပြောဆိုဖူးပါသလား။ အသက်တာ၏အခြေအနေတိုင်း
ကို ဘုရားသခင်ထံတွင် ပွင့်လင်းစွာပြောဆိုဖူးပါသလား။ ဤသို့သော အသက်တာမျိုးမရှိသေးပါက အကျွမ်းဝင်သောရင်းနှီးမှုမျိုးရှိသည်ဟု
ဆိုနိုင်မည်မဟုတ်ပါ။ ထာဝရဘုရား၏ နှုတ်တော်ထွက်စကားများကိုလည်း နှလုံးသွင်းထားရန်လိုအပ်သည်။ နှုတ်ကပတ်တော်သည်
နှလုံးသားထဲတွင်ရှိမှသာလျှင် အသက်တာ၏လိုအပ်သောအခန်းကဏ္ဍတိုင်းတွင် အကျိုးရှိစွာအသုံးပြုနိုင်မည်ဖြစ်ပြီး၊ အောင်မြင်သောဘဝ
အသက်တာဖြင့် လျှောက်လှမ်းနိုင်မည်ဖြစ်သည်။ ဘုရားသခင်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိမှသာလျှင် နှုတ်တော်ထွက်စကားများကိုလည်း
နှလုံးသားထဲတွင် လွယ်ကူစွာမှတ်သားနိုင်မည်ဖြစ်သည်။ ရင်းနှီးကျွမ်းဝင်မှုမှ ချစ်ခြင်းမေတ္တာပေါက်ဖွားလာ၍ ထိုချစ်ခြင်းအားဖြင့်သာ
ယုံကြည်နိုင်သောသတ္တိများဖြစ်ပေါ်လာမည်ဖြစ်သည်။
(၂) ဝန်တို့ကိုချထားခြင်း
ကျွန်ုပ်တို့အသက်တာတွင် ထမ်းရွက်နေရသောဘဝ၏ဝန်ထုပ်ဝန်ပိုးအခက်အခဲများကို ထာဝရဘုရားထံတော်၌ ချထားရန်လိုအပ်သည်။
အခက်အခဲများကို ထာဝရဘုရားထံချထားရန် ကျွန်ုပ်တို့ဦးနှောက်ကသိသော်လည်း၊ လုံးဝအပ်နှံခြင်းမျိုးကိုမူ မလုပ်တတ်ကြပေ။
မိမိ၏ဝန်ထုပ်များကို ထာဝရဘုရားထံတော်တွင်ချထားသည်ဟု ဆိုကြသော်လည်း ဆုတောင်းချက်များချက်ချင်းအဖြေမရပါက မိမိတို့၏
စိုးရိမ်စိတ်များကြောင့် ထိုဝန်ထုပ်များကို မိမိဖာသာပြန်လည်ထမ်းပိုးမိတတ်ကြသည်။ နှုတ်ကပတ်တော်က ဆိုသည့်အတိုင်း ကျွန်ုပ်တို့၏
စိုးရိမ်စရာဝန်ထုပ်များကို ထာဝရဘုရားထံတော်တွင် လုံးဝအပ်နှံလိုက်ရန်ဖြစ်သည်။
(၃) လက်ဝါးကပ်တိုင်တော်
ရှင်မဿဲခရစ်ဝင်ကျမ်းထဲတွင် ယေရှုက "ငါ့ထမ်းပိုးကိုတင်၍ထမ်းကြလော့" ဟုဆိုထားရာ ကျွန်ုပ်တို့အသက်တာတွင် ခရစ်တော်၏ထမ်းပိုး
တည်းဟူသော ကားတိုင်တော်ကိုသာ ထမ်းရန်ဖြစ်သည်။ "ငါ့ထမ်းပိုးသည် ထမ်းလွယ်၏၊ ငါ့ဝန်လည်းပေါ့၏။" ဟုဆိုထားရာ ကျွန်ုပ်တို့ထမ်း
နေရသော ကိုယ်ပိုင်ဝန်ထုပ်များလေးနေလျှင်၊ ထိုဝန်ထုပ်သည်ခရစ်တော်၏ဝန်မဟုတ်ဘဲ၊ ကျွန်ုပ်တို့၏စိုးရိမ်စရာဝန်ထုပ်များဖြစ်နေသော
ကြောင့်ဖြစ်သည်။ ခရစ်တော်၏ဝန်ကိုသာ ထမ်းရွက်ခြင်းအားဖြင့် နေ့ရက်စဉ်တိုင်းကျွန်ုပ်တို့ထမ်းရသော ဝန်ကိုပေါ့စေမည်ဖြစ်သည်။
ထို့ကြောင့် ကောင်းစားသောအသက်တာရရှိရန်အတွက်
(၁) ဘုရားသခင်နှင့်အကျွမ်းဝင်သောမိဿဟယဖွဲ့မှုရှိရန်၊
(၂) မိမိ၏ဝန်ထုပ်များကို ထာဝရဘုရားထံတော်၌ချထားရန်နှင့်
(၃) ခရစ်တော်၏ထမ်းပိုး (ကားတိုင်တော်)ကိုသာ ထမ်းရန်ဖြစ်သည်။
ဘုရားသခင်၏ တတ်စွမ်းနိုင်ခြင်းအစွမ်းသတ္တိကို မိမိ၏ကိုယ်ပိုင်စိတ်ကူးများအားဖြင့် မကန့်သတ်မိရန် လိုအပ်ပါသည်။

ခရစ်တော်၌..
လေပြေ (EXIT News)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites