အချစ်ကိုခံစားနားလည်ခြင်း



အထီးကျန်အိပ်မက်ကနေ
နိုးထလာတဲ့အရုဏ်ဦးမှာပေါ့
ငါ့နံနက်ခင်းရဲ့အလင်းရောင်လေးကို
အပြုံးတစ်ပွင့်နဲ့တွေ့လိုက်ရတယ် ။
အချစ်ဆိုတာ....ဒါလားလို့
ဘုရားသခင်ကိုမေးတော့
ဘာမှမဖြေဘဲပြုံးတော်မူတယ် ။
အချစ်ဆိုတာဘာလဲ .......
ပေးဆပ်ခြင်းလား
ရယူခြင်းလား
ေ၀၀ါးလို့နေရင်း
ကိုယ့်ရင်ဘတ်ကိုငုံ့ကြည့်တော့
နံရိုးတစ်ချောင်းမရှိတော့ဘူး
အဲဒီလစ်ဟာမှုတစ်ခုနဲ့
နားလည်သိတတ်လာခဲ့......
အချစ်ဆိုတာ ဒါပါပဲ ........။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites