ကျမ်းစာလေ့လာခြင်း

ကျမ်းစာလေ့လာသူတွေ၊ ကျမ်းစာကျောင်းသားတွေအတွက် သမ္မာကျမ်းစာ၌ပါရှိသည့်စကားလုံးများအနက်မှ လက်လှမ်းမီရာစကားလုံးအချို့ကို အထူးတင်ဆက်ပေးလိုက်ပါတယ်။ နောင်ဆိုရင် ကျနော်တို့ရဲ့သမ္မာအလင်း ဘလော့ဂ်မှာ ကျမ်းစာရဲ့နက်နဲမှုတွေကိုပါ ဖော်ပြပေးနိုင်တဲ့ ကျမ်းစာကိုအထူးနားလည်ချင်၊ လေ့လာချင်ကြတဲ့သူတွေအတွက် အားကိုးအားထားပြုစရာ ဘလော့ဂ်တစ်ခုဖြစ်အောင် အစွမ်းကုန်ကြိုးစားပြီး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို သတင်းကောင်းပေးအပ်ပါတယ်။ ဒီဘလော့ဂ်ရဲ့အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို မြင်မိတယ်ဆိုရင် ဘလော့ဂ်မှာ ဖော်ပြထားတဲ့ဆက်သွယ် နိုင်မယ့်လိပ်စာတွေကို ဆက်သွယ်အကြံပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။
ဒီဘလော့ဂ်ရဲ့ အားသာချက်တွေ၊ ဖော်ပြချက်တွေအားဖြင့် ခွန်အားတစ်စုံတရာခံစားရတယ်ဆိုရင်လည်း နီးစပ်ရာမိတ်ဆွေတွေကို တဆင့်ကြော်ငြာပေးဖို့နဲ့ ကျနော်တို့ဆီကိုလည်း Comment လေးတွေပေးဖို့ တောင်းဆိုပါရစေခင်ဗျား ………..




ချစ်ခြင်းအားဖြင့်
သမ္မာအလင်း



" ဘုရားသခင်၏ နာမတော်များ

ဓမ္မဟောင်းမှ ဘုရားသခင်၏နာမတော်များ "





၁။ အဲလ် အဲလောဟိမ် ( El, Elohim )
တန်ခိုး/ စွမ်းအားကြီးသောဘုရား ဟုအဓိပ္ပါယ်ရသည်။ ဓမ္မဟောင်းတွင် အကြိမ်ပေါင်း ( ၂၅, ဝဝ) ရေးသားဖော်ပြထားသည်။

၂။ အဒေါနိုင်း ( Adonai )
အင်္ဂလိပ်ဘာသာအားဖြင့် LORD ဟုအဓိပ္ပါယ်ရကာ စကြဝဠာတစ်ခုလုံးကို ပိုင်သအုပ်စိုးသော ဘုရားသခင်ဖြစ်ကြောင်း ထင်ရှားပေါ်လွင်စေသည်။
ဆာလံ ၈၆း ၈၊ တရားဟောရာကျမ်း ၁ဝး ၁၇၊ မာလခိ ၁း ၆၊ ယောဘ ၂၈း ၃၈

၃။ ယေဟောဝါ ( Jehovah or Yahweh )
ဘုရားသခင်၏ အလိုအလျှောက်တည်ရှိခြင်းနှင့် သူဖန်ဆင်းထားသည့်အရာအားလုံးအပေါ် တာဝန်ရှိကြောင်း ဖော်ကျူးသော အသုံးအနှုန်းဖြစ်ပြီး ဓမ္မဟောင်းတွင် အကြိမ်ပေါင်း ( ၇ဝ, ဝဝ ) ရေးသားဖော်ပြထားသည်။
ယေဟောဝါယေရိ လိုအပ်သောအရာပေးသောဘုရား ကမ္ဘာ ၂၂း ၁၄
ယေဟောဝါရာဖ အနာရောဂါကိုငြိမ်းစေသောဘုရား ထွက် ၁၅း ၂၆
ယေဟောဝါမေကာဒဲရှ သန့်ရှင်းစေသောဘုရား ဝတ်ပြု ၂ဝး ၈
ယေဟောဝါနိဿိ ဘုရားသခင်သည်ငါတို့၏အောင်လံ ထွက် ၁၇း ၁၅- ၁၆
ယေဟောဝါရှလုမ် ငြိမ်သက်ခြင်းကိုပေးသောဘုရား တရား ၆း ၂၄
ယေဟောဝါလာအ ထာဝရဘုရားသည်ငါ၏သိုးထိန်း ဆာ ၂၃း ၁
ယေဟောဝါဇေဒကန ဘုရားသခင်သည်ငါတို့၏ဖြောင့်မတ်ခြင်း ယေ ၂၃း ၆
ယေဟောဝါရှမ္မ ဘုရားသခင်အတူပါရှိသည် ယေဇ ၄၈း ၃၅


၎။ အဲလ် ရှက်ဒိုင်း ( El, Shaddai )
ပြီးပြည့်စုံစေသောသူ ဟုအဓိပ္ပါယ်ရပြီး အလုံးစုံသောအရာတို့ကို ပြည့်စုံစွာဖြည့်ဆည်းပေးသောဘုရား၊ ခပ်သိမ်းသောအရာတို့သည် သူ၌ပြီးပြည့်စုံသည် ဟူ၍ သုံးနှုန်းသည်။
ကမ္ဘာ ၁၇း ၁- ၈၊ ၂၈း ၃- ၄။ ရုသ ၁း ၂ဝ။ ၂၁။ ယောဘ ၅း ၁၇။

၅။ အီလောလမ် ( Elolam )
အင်္ဂလိပ်ဘာသာအားဖြင့် ထာဝရတည်မြဲသောဘုရားသခင် The Everlasting God ဟုအဓိပ္ပါယ်ရသည်။ ဟီဘရူးဘာသာတွင် OLAM သည် အစဉ်အမြဲဟူသည့်အဓိပ္ပါယ်ဖြစ်သည်။
ကမ္ဘာ ၂၁း ၃၃


" ဓမ္မသစ်မှ ဘုရားသခင်၏နာမတော်များ "


၁။ ဘုရားသခင် ( Theos )
Elohim နှင့်ထပ်တူဖြစ်ကာ ဓမ္မသစ်တွင် အများဆုံးတွေ့ရသည့် နာမတော်ဖြစ်သည်။
ခမည်းတော် ( ယော ၁း ၁၅ )
သားတော် ( ယော ၁း၁၊ ၂ဝး ၂၈။ ရောမ ၉း ၅ )
သန့်ရှင်းသောဝိညာဉ်တော် ( တ ၅း ၃- ၄ ) တို့ကို ကိုယ်စားပြုဖော်ကျူးသည်။

၂။ ဖခင် ( Patar )
အင်္ဂလိပ်ဘာသာအားဖြင့် FATHER ဟုအဓိပ္ပါယ်ရကာ
အဖခမည်းတော်နှင့် သားတော်၏ဆက်နွယ်မှု ( ယော ၁ဝး ၂၅- ၃ဝ )
အဖခမည်းတော်နှင့် ယုံကြည်သူများ၏ဆက်နွယ်မှု ( မဿဲ ၅း ၁၆၊ ၆း ၉ ) တို့တွင် ရေးသားဖော်ပြထားသည်။

၃။ သြဇာကြီးမားသူ ( Panto Krater )
အင်္ဂလိပ်ဘာသာအားဖြင့် ALMIGHTY ဟုအဓိပ္ပါယ်ရပြီး ဖန်ဆင်းထားသမျှအရာအားလုံးနှင့် ဘုရားသခင်၏ ဆက်သွယ်မှုတွင်ခေါ်ဝေါ်သုံးစွဲသည့်နာမတော်ဖြစ်သည်။

၎။ သခင် ( Kurios )
အင်္ဂလိပ်ဘာသာအားဖြင့် LORD ဟုအဓိပ္ပါယ်ရသည့်အပြင် ပိုင်ရှင် - OWNER ဟူသည့်အဓိပ္ပါယ်နှင့်လည်း သုံးစွဲသည်။
ခမည်းတော် လု ၁ဝး ၂၁
သားတော် မ ၇း ၂၁- ၂၂
သန့်ရှင်းသောဝိညာဉ်တော် ၂ကော ၃း ၁၇

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites