ဒီဇာတ်ကားလေးကလည်း အသင်းတော်အခြေပြု ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထားတာပါ။
အမေရိကန်မှာတော့ ၀င်ငွေစံချိန်ချိုးခဲ့တဲ့ကားလို့ သိရပါတယ်။
တစ်စုံတရာ ရရှိနိုင်ကြပါစေလို့ ဆန္ဒမွန်ပြုလျက်
ချစ်ခြင်းအားဖြင့်
သမ္မာအလင်း
Jesus is the light of the world!
၎မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။ ၅လျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိ သည်ဟု မထင်တတ်၊ ၆မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ဝမ်းမြောက်တတ်၏။ ၇ခပ်သိမ်း သောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ ၈မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက် ဥာဏ်သော်၎င်း၊ အမျိုးမျိုးသောဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။
၁ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့၊၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ၊၊ လက်ျာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ၊၊
စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်း လော့ဟု ရှိမုန်အား မိန့်တော်မူ၏။
၇အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူသည်အတိုင်း၊ အကျွန်ုပ် လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက်အားကြီး၍ နိုင်တော်မူပြီ။
၂၆အမျက်ထွက်ရာတွင် အပြစ်မရှိ စေနှင့်။ ၂၇အမျက် မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။
(၁) လက်တွေ့ ဘုရားမဲ့ ဝါဒီ= ဘုရားမရှိသကဲ့သို့ နေထိုင် အသက်ရှင်သူ။၂။ သိရန် မဖြစ်နိုင်ဟူသော ယူဆချက် (Agnotic View)
(၂) ကျင့်ရိုး ဘုရားမဲ့ ဝါဒီ= ဘုရားရှင်အား ငြင်းဆို ခုခံသူ။
(၃) ဘုရားမဲ့ နီးနီး ဝါဒီ= အသုံးအနှုံးအားဖြင့် ဘုရားရှင်အား ငြင်းဆန်သူ ဟူ၍ ခွဲခြားနိုင်ပါသည်။
"အသိပညာ" ဟု အဓိပ္ပါယ်ရသော ဂရိ ဘာသာ Gnosis ရှေ့တွင် a ထည့်ရာမှ Agnostic မှ ဆင်းသက် လာခြင်း ဖြစ်သည်။ ထို့ကြောင့် သိရန် မဖြစ်နိုင် ဟူသော ယူဆချက်ကို စွဲကိုင်သူသည် ဘုရားရှင် ရှိမရှိကို မသိနိုင်ပါ။ တန်ခိုးရှင်ပုဂ္ဂိုလ် (သို့) ဘုရားသခင် ရှိသည်ပင် ဆိုစေဦး၊ ထိုပုဂ္ဂိုလ်ကို ငါတို့ လုံးဝ မသိနိုင်ပါ" ဟု ယုံကြည် သောသူ ဖြစ်သည်။ ဤ ဝေါဟာရကို Thomas Huxley - သောမတ်စ် စပ်စ်လေ က စတင် သုံးစွဲလာခြင်း ဖြစ်၍ အပြစ်မြင် ဝေဖန် ဆန်းစစ်မှုများအတွက် သုံးစွဲခြင်း ဖြစ်သည်။ သိရန် မဖြစ်နိုင် ဟူသော ယူဆချက်ကို စွဲကိုင်သူများသည် လက်တွေ့ အကျိုးမျှော် ဝါဒီ (Pragmatism)ကို ယုံကြည်သူများ ဖြစ်ကြသည်။ ဆိုလိုသည်မှာ သူတို့သည် သိပ္ပံ ပညာရပ်ဖြင့် စမ်းသပ် သက်သေပြ၍ ရသော လက်တွေ့ အကျိုးကိုသာ လက်ခံကြလေ့ရှိရာ ဘုရားသခင်ကို သိပံ္ပပညာအရ လက်တွေ့ စမ်းသပ်၍ မရသောကြောင့် ဝေဖန် ပြောကြား နေရန်ပင်မလိုဟု လျစ်လျူရှုထားကြသည်။