ကွဲကွဲပြားပြားသိစေလို [ အပိုင်း (၃) ]








ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကျမ်းစာသင်တန်းတစ်ခုမှာ လူတစ်ယောက်က ကျနော့်ကို သုတ္တံ ၃၀း ၇- ၉မှာရှောလမုန်မင်းကြီးတောင် အသက်မွေးလောက်သောအစာကိုသာ ပေးဖို့တောင်းခဲ့ သေးတာပဲ လို့ ပြန်ပြီးထောက်ပြခဲ့ဖူးပါတယ်။ သူပြောတာလည်း ဟုတ်ပါတယ်။                               ဒါပေမယ့် ရှောလမုန်မင်းကြီးရဲ့ဆုတောင်းမှာကို သူ့ရဲ့စိတ်ရင်းအမှန်က ပေါ်နေတယ်ဆိုတာကို ကျနော်တို့ သတိထားကြည့်ဖို့လိုပါတယ်။
          သို့မဟုတ် အကျွန်ုပ်သည်ကြွယ်ဝ၍ ထာဝရဘုရားကား အဘယ်သူနည်းဟုဆိုလျက် ကိုယ်တော်ကိုငြင်းပယ်မည်ဟု စိုးရိမ်စရာရှိပါ၏။ သို့မဟုတ် ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့် အကျွန်ုပ်၏ဘုရားသခင်နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာရှိပါ၏။ သုတ္တံ ၃၀း ၉
          ဒီဆုတောင်းချက်ကို တောင်းခဲ့တဲ့ ရှောလမုန်မင်းကြီးဟာ ကောင်းကြီးတွေများလာတာနဲ့အမျှ ဘုရားသခင်နဲ့ဝေးခဲ့ပါတယ်။ တကယ်တော့ ကျနော်တို့တွေအနေနဲ့ ကောင်းကြီးခံစားရမှ ဘုရားသခင်နဲ့ ဝေးတာမဟုတ်ပါဘူး။ ဟဂ္ဂဲ ၂း ၈ မှာတော့ ရွှေနဲ့ငွေကို ဘုရားသခင်ပိုင်တယ်လို့ဖော်ပြထားပါတယ်။ သုတ္တံ ၁၀း ၂၂မှာလည်း ထာဝရဘုရား၏ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ၀မ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ ….. လို့ဖော်ပြထားပါတယ်။ အဲဒီတော့ မိတ်ဆွေဟာ ကောင်းကြီးကိုကြောက်တဲ့သူ၊ ကောင်းကြီးခံစားရတာနဲ့ ဘုရားသခင်ကို စွန့်သွားမယ့်လူမျိုးဖြစ်နေရင်တော့ ဒီဆုတောင်းချက်က အနာနဲ့ဆေး တည့်တယ်လို့ပြောရမှာပါပဲ။ ဘုရားသခင့်ရဲ့အကြံအစည်တော်က ကျနော်တို့အတွက် ဘယ်လိုရည်ရွယ်ထားတယ်ဆိုတာကို            ဖိ ၄း ၁၉ မှာလေ့လာကြည့်ရင်သိနိုင်သလို သခင်ယေရှုခရစ်တော်ရဲ့ကောင်းကင်ဘုန်းစည်းစိမ်ကို စွန့်ပြီး လောကမှာဆင်းရဲခြင်းကိုခံတော်မူခဲ့တဲ့ရည်ရွယ်ချက်ကိုလည်း ၂ကော ၈း ၉မှာအခုလို ဖော်ပြထားပါတယ်။                                                                                 အကြောင်းမူကား ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း ဆင်းရဲခြင်းကို ခံတော်မူခြင်းအားဖြင့် သင်တို့သည် စည်းစိမ်ရှိစေခြင်းငှာ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကိုခံတော်မူသောကျေးဇူးတော်ကို သင်တို့သိကြ၏။   ကျနော်တို့တွေသတိပြုရမယ့်အချက်တစ်ခုက သမ္မာကျမ်းစာဟာ ကျနော်တို့အသိပညာနဲ့ လိုက်မမီနိုင်တဲ့ ဘုရားသခင်ရဲ့ အသစ်အသစ်သော နည်းလမ်းတွေအားဖြင့်ပြုတော်မူခဲ့တဲ့ နိမိတ်လက္ခဏာတွေနဲ့ ဘုရားသခင်ကိုယ်တော်တိုင်ဇာတ်ညွှန်း ရေးသားပြီး အကောင်အထည် ဖော်ဆောင်ခဲ့တဲ့ ကယ်တင်ခြင်းဇာတ်လမ်းအကြောင်းကိုပါ ၀ိညာဉ်တော်အားဖြင့် မှုတ်သွင်းပြီး ရေးသားထားတာဖြစ်တယ်ဆိုတာပါပဲ။ တကယ်တော့ လက်ဝါးကားတိုင်မှာ သခင်ယေရှုခရစ်တော် အသေမခံသေးခင်အချိန်မှာ ခင်ဗျားတို့၊ ကျနော်တို့လို တပါးအမျိုးသားတွေအတွက် ဘာမှအာမခံချက် ရှိသေးတာမဟုတ်ပါဘူး။ ဒီအချက်ကို နောက်အကြောင်းအရာမှာ ပိုပြီးတော့ နားလည်လာပါလိမ့်မယ်။ သခင်ယေရှုခံယူတော်မူခဲ့တဲ့ ထိုးနှက်ရိုက်ပုတ်ခြင်း၊ နာကျင်ခြင်းဝေဒနာ၊ ရှက်ဖွယ်လိလိကားတိုင်၊ အသေခံခြင်း၊ ဆင်းရဲခံခြင်းအစရှိတာတွေ အားလုံးဟာ ကျနော်တို့ကိုယ်စားဖြစ်ပါတယ်။ အဲဒီလိုအမှုကို ပြီးမြောက်အောင်မလုပ်ရသေးခင်မှာ သူသင်ပေးခဲ့တဲ့ဆုတောင်းချက်က ကိုယ်ရေးကိုယ်တာသိပ်ဆန် လွန်းပေမယ့် လက်ဝါးကားတိုင်မှာအသေခံပြီးတဲ့နောက် ပဋိညာဉ်တရားသစ်ရဲ့ဆုတောင်းချက်တွေဖြစ် တဲ့  ဧဖက် ၁း ၁၇- ၁၉  ဆုတောင်းသောအချက် ဟူမူကား၊ ငါတို့သခင်ယေရှုခရစ်၏ ဘုရားသခင် ဖြစ်တော်မူသော ဘုန်းကြီးသောအဘ ခမည်းတော်သည် ကိုယ်တော်မြတ်ကို သိခြင်းအလိုငှါ ပညာကို၎င်း၊ ထိုးထွင်း သောဥာဏ်ကို၎င်း၊ သင်တို့အားပေးပါမည်အကြောင်း၊ ခေါ်တော်မူသောကြောင့် မြော်လင့်ရသောအရာကား အဘယ်အရာဖြစ်သည်ကို၎င်း၊ သန့်ရှင်းသူတို့သည် ခံရသော အမွေတော်၏ ဘုန်းစည်းစိမ်ကား အဘယ်မျှလောက် ကြီးသည်ကို၎င်း၊ ယုံကြည်သောငါတို့၌ ပြတော်မူသော အလွန်ကြီး လှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက် ကြီးသည်ကို၎င်း၊ သင်တို့သည် သိစေခြင်းငှါ၊ သင်တို့၏ဥာဏ် မျက်စိကို လင်းစေပါမည်အကြောင်း ဆုတောင်းပဌနာပြု၏။   နဲ့နှိုင်းယှဉ် ပြီးလေ့လာကြည့်ရင် ဘာတွေကွာတယ်ဆိုတာ သိရပါလိမ့်မယ်။ ပဋိညာဉ်တရားသစ်ရဲ့ကောင်းကြီး မင်္ဂလာလျှို့ဝှက်ချက်၊ ဘုန်းစည်းစိမ်ကိုဖွင့်တဲ့သော့က သခင်ယေရှုဖြစ်ပါတယ်။ သခင်ယေရှုဘာတွေ လုပ်ဆောင်ပြီးခဲ့ပြီလဲဆိုတာကို နားလည်ထားခြင်းအားဖြင့် ဘုရားသခင်ရဲ့ကောင်းကင်ဘဏ္ဍာတိုက်ကို ခင်ဗျားအချိန်မရွေးဖွင့်နိုင်ပြီဖြစ်ပါတယ်။


၅။ သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။
ဒီအကြောင်းအရာနဲ့ပတ်သက်လို့ သခင်ယေရှုခရစ်တော်ပြောဆိုခဲ့တဲ့ ခွင့်လွှတ်ခြင်းစံနှုန်းတွေကို တဆက်တည်းလေ့လာကြည့်ကြဖို့ လိုအပ်ပါလိမ့်မယ်။ တကယ်တမ်းကျတော့ သခင်ယေရှုဟာ ဘုရားသခင်ရဲ့ပညတ်တရားအလုံးစုံကို လိုက်လျှောက်နိုင်တယ်လို့ သွေးနားထင်ရောက်နေတဲ့ ဖာရိရှဲတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို ပညတ်တရားရဲ့စံနှုန်းဟာ သူတို့ထင်ထားသလောက် မလွယ်ကူလှတာကို လူသိထင်ရှားထောက်ပြခဲ့တဲ့သူဖြစ်ပါတယ်။                             ပညတ်တရားက လူ့အသတ်ကိုမသတ်ရလို့ သွန်သင်ထားပေမယ့် သခင်ယေရှုကတော့ ဒေါသအမျက် ထွက်တယ်၊ ကဲ့ရဲ့တယ်၊ ကျိန်ဆဲတယ်ဆိုရင်ကို လူ့အသက်ကိုသတ်တာထက်ပိုပြီး အပြစ်ခံရမယ်လို့ မဿဲ ၅း ၂၁- ၂၂မှာပြောဆိုခဲ့ပါတယ်။                                                           ပညတ်တရားက သူ့မယားကိုမပြစ်မှားရလို့ သွန်သင်ထားပေမယ့် သခင်ယေရှုကတော့ ကိလေသာစိတ်နဲ့ ကြည့်မိရင်ကို ပြစ်မှားရာရောက်တယ်၊ လူတစ်ကိုယ်လုံးငရဲကျခံရတာထက် မှားယွင်းစေတဲ့မျက်စိကို ဖောက်ထုတ်ပစ်ရမယ်လို့ မဿဲ ၅း ၂၇- ၃၀မှာဆိုခဲ့ပါတယ်။      တကယ်တော့ သခင်ယေရှုက အဲဒီလိုပြောဆိုနေခြင်းဟာ ပညတ်တရားကို လူ့အနေနဲ့လိုက်လျှောက်ဖို့ မဖြစ်နိုင်တာကို အမြင်မှန်ရစေချင်လို့ဖြစ်ပါတယ်။ ပညတ်တရားရဲ့သဘောကတော့ လူ့ဘက်က ကောင်းရင် ဘုရားဘက်ကကောင်းမယ်၊ လူ့ဘက်က မကောင်းရင် ပညတ်တရားကမကောင်းဘူး။ လုပ်နိုင်ရင် ရမယ်၊ မလုပ်နိုင်ရင် မရဘူးဆိုတဲ့နည်းပါပဲ။                          ဘုရားသခင်ရဲ့ခွင့်လွှတ်ခြင်းနဲ့ ပတ်သက်ရင်လည်း ပညတ်တရားက အဲဒီလိုပဲဆိုတာကို              မဿဲ ၅း ၁၄- ၁၅မှာ ပိုပြီးထင်ထင်ရှားရှားဖော်ပြထားပါတယ်။ ဧဖက် ၂း ၁၅မှာဆိုရင်လည်း ပညတ်တရားဟာ ရန်ငျြိုးဖွဲ့ခြင်းအကြောင်းဖြစ်တယ်ဆိုတာ တွေ့နိုင်ပါတယ်။ အဲဒီလိုပညတ်တရားရဲ့တောင်းဆိုမှုက ဘယ်လောက်အထိတောင်ကြီးမားတယ်ဆိုတာကို သခင်ယေရှုက မဿဲ ၁၈- ၂၁- ၂၂မှာ ပေတရုကိုပြောဆိုခဲ့ပါတယ်။ ပေတရုက (၇)ကြိမ်တိတိ ခွင့်လွှတ်ရမှာလားလို့မေးတာကို သခင်ယေရှုက အကြိမ်(၇၀)၊ (၇)လီ စုစုပေါင်း (၄၉၀)တိုင်အောင် ခွင့်လွှတ်ရမယ်လို့ အဖြေပေးခဲ့ပါတယ်။ ဒါ့အပြင် မဿဲ ၁၈း ၃၅မှာလည်း စိတ်နှလုံးပါလျက်အပြစ် မလွှတ်ရင် ဘုရားသခင်ကလည်း မလွှတ်ဘူးလို့ဆိုထားပါသေးတယ်။ ကဲ ..... ဘယ်လိုလဲ?             မိတ်ဆွေအနေနဲ့ရော အဲဒီလိုမျိုးဖြစ်နိုင်ပါ့မလား။ သခင်ယေရှုရဲ့ လက်ဝါးကားတိုင်မှာ အသေခံပြီးတဲ့နောက် ခွင့်လွှတ်ခြင်းနဲ့ ပတ်သက်ပြီး ဘယ်လိုကွာခြားသွားတယ်ဆိုတာကို နားလည်ဖို့ အတွက် ဧဖက် ၄း ၃၂ ကိုလေ့လာကြည့်ကြရအောင်။                                                          အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်းအပြစ်လွှတ်ခြင်း ရှိကြလော့။ ဒီအချက်ကိုသေချာစိတ်ဖြာကြည့်ရင် (၁) ခရစ်တော်ကြောင့် ဘုရားသခင်ကအပြစ်လွှတ်တာကို ကျနော်တို့တွေ ဦးစွာခံစားရတာကြောင့်     (၂) ကျနော်တို့အချင်းချင်း အပြစ်လွှတ်ရမယ်လို့ ဆိုပါတယ်။ ပဋိညာဉ်တရားအဟောင်းရဲ့အောက်မှာ သွန်သင်ခဲ့တာနဲ့ လုံးဝကိုကွဲပြားသွားပါတယ်။ ခရစ်တော်ရဲ့အသေခံခြင်းက ဘုရားသခင်ရဲ့ပညတ် တရားနဲ့ လူရဲ့ကြားမှာရှိနေတဲ့ ရန်ကြွေးမှန်သမျှကို နိဂုံးချုပ်စေလိုက်ပြီဖြစ်ပါတယ်။     
အထက်က ဘုရားသခင်နှင့်ကွာရှင်း၍၊ ဆိုးညစ်သောအကျင့်ကိုကျင့်သဖြင့် စိတ်နှလုံး၌ ရန်သူဖြစ်သော သင်တို့ကို၊ ကိုယ်ခန္ခာတော်  အသေခံတော်မူသောအားဖြင့်၊ ယခုမိဿဟာယ ဖွဲ့စေတော်မူ၏။  ကောလောသဲ ၁း ၂၁
တယောက်၌တယောက်အပြစ်တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည်သင်တို့၏ အပြစ်ကိုလွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူ ပြုကြလော့။ စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကိုထပ်၍ ယူတင်ဝတ်ဆောင်ကြလော့။ ကောလောသဲ ၃း ၁၃- ၁၄                                                                                        ပဋိညာဉ်တရားသစ်ရဲ့အပြစ်ဖြေလွှတ်မှုရဲ့အဓိကသူက တရားဟောင်းတုန်းကလို ခင်ဗျားတို့၊ ကျနော်တို့မဟုတ်ပါဘူး။ ခရစ်တော်ဖြစ်ပါတယ်။ ခင်ဗျားက တပါးသူကိုခွင့်လွှတ်လို့ ဘုရားသခင်က ခင်ဗျားကိုခွင့်လွှတ်တာမဟုတ်ပါဘူး။ ပညတ်တရားရဲ့တောင်းဆိုမှုအတိုင်း စံမီအောင် ခွင့်မလွတ်နိုင်လို့ သခင်ယေရှုက ပညတ်တရားရဲ့အဖိုးအခကို ကျနော်တို့ကိုယ်စားလက်ဝါးကားတိုင်မှာ ပေးချေခဲ့တာ ဖြစ်ပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites