နောဧ သဘောင်္တွေ့ပြီ

ကမ္ဘာဦးကျမ်းစာလာ နောဧသဘောင်္အစိတ်အပိုင်းများ တွေ့ရှိ


တရုတ်နိုင်ငံနဲ့ တူရကီနိုင်ငံက ဧ၀ံဂေလိ ခရစ်ယာန်ဘာသာဝင်တွေဟာ တူရကီနိုင်ငံ အရှေ့ဘက်ရှိ အာရာရတ်တောင်ပေါ်မှာ နှစ်ပေါင်း ၄၈၀၀ သက်တမ်းရှိပြီးဖြစ်တဲ့ နောဧသဘောင်္ရဲ့ အစိတ်အပိုင်းတွေကို
တွေ့ရှိခဲ့ပါတယ်။ အဆိုပါတောင်ပေါ်က သဘောင်္ပျက် အစိတ်အပိုင်းတွေ တွေ့ရှိခဲ့တဲ့နေရာဟာ ကမ္ဘာဦးကျမ်းမှာ ဖော်ပြထားတဲ့အတိုင်း ဘုရားသခင်ရဲ့ ခိုင်းစေချက်ကြောင့် ဆောက်လုပ်ခဲ့တဲ့ နောဧသဘောင်္ကြီး ဆိုက်ကပ် ရပ်နားနာ နေရာလည်းဖြစ်ပါတယ်။ အဲ့ဒီသဘောင်္ပျက်အပိုင်းအစတွေကို ဟောင်ကောင်အခြေစိုက် နောဧသဘောင်္ မှတ်တမ်းရုပ်ရှင်ရိုက်ကူးရေးအဖွဲ့က တွေ့ရှိခဲ့ပြီးနောက် ကာဗွန်သက်တမ်းစစ်ဆေးနည်းနဲ့ စပ်သပ်ပြီး သက်တမ်း ၄၈၀၀ ရှိပြီဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ အဆိုပါသက်တမ်းဟာ နောဧသဘောင်္ရွက်လွှင့်ခဲ့တယ်လို့ ကမ္ဘာဦးကျမ်းမှာ ဖော်ပြထားတဲ့ ရက်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ယခုတွေ့ရှိခဲ့တဲ့ သဘောင်္ရဲ့အစိတ်အပိုင်းမှာ သီးခြားကန့်ထားတဲ့ အခန်းငယ်တွေပါဝင်ပြီး အဲ့ဒီအခန်းတွေဟာ တိရစ္ဆာန်တွေကို ထည့်သွားဖို့ ဆောက်လုပ်ထားခဲ့တဲ့ အခန်းတွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်၊ သင်္ဘာပျက်ကိုတွေ့ပြီးတဲ့နောက် အဲ့ဒီနေရာကို ကုလသမဂ္ဂယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခံရဖို့ လျှောက်ထားသင့်ကြောင်း ဒေသခံအာဏာပိုင်တွေက တူရကီအစိုးရကို တိုက်တွန်းသွားမယ်လို့ ဆိုတယ်။ ဘုရားသခင်ဟာ ကမ္ဘာကြီးမှာ ရာဇ၀တ်မှုတွေထူပြောလာလို့ ကမ္ဘာကို ရေလွှမ်းမိုးမှုနဲ့ ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်အပြီးမှာ နောဧလို့ အမည်ရတဲ့ အမျိုးသားတစ်ဦးကို ဧရာမသင်္ဘောကြီးတစ်စင်းဆောက်လုပ်စေပြီး တိရစ္ဆာန်မျိုး စိတ်တိုင်းရဲ့ ဖိုမတစ်စုံစီကို သင်္ဘောပေါ်တင်ဖို့ စီစဉ်ခဲ့ပါတယ်။ အဲ့ဒီနောက်ရေလွှမ်းမိုးမှုအပြီးမှာ သင်္ဘောကြီးဟာ အဲ့ဒီတောင်ပေါ်မှာ ရပ်တန့်သွားခဲ့တယ်လို့ ဆိုပါတယ်။






မူရင်းမှာ>>>http://www.thesun.co.uk/sol/homepage/news/2949640/Noahs-Ark-found-in-Turkey.html

ချစ်ခြင်းအားဖြင့်
((( သမ္မာအလင်း )))

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites