ကောရိ န္တု သြဝါဒစာပဌမစောင် ( ၁၃း ၄-၈ )

၎မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။ ၅လျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိ သည်ဟု မထင်တတ်၊ ၆မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ဝမ်းမြောက်တတ်၏။ ၇ခပ်သိမ်း သောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ ၈မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက် ဥာဏ်သော်၎င်း၊ အမျိုးမျိုးသောဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။

ဆာလံကျမ်း ( ၉၈း ၁ )

၁ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့၊၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ၊၊ လက်ျာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ၊၊

ရှင်လုကာခရစ်ဝင် ( ၅း ၄ )

စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်း လော့ဟု ရှိမုန်အား မိန့်တော်မူ၏။

ယေရမိအနာဂတ္တိကျမ်း ( ၂၀း ၇ )

၇အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူသည်အတိုင်း၊ အကျွန်ုပ် လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက်အားကြီး၍ နိုင်တော်မူပြီ။

ဧဖက်သြ၀ါဒစာ ( ၄း ၂၆-၂၇ )

၂၆အမျက်ထွက်ရာတွင် အပြစ်မရှိ စေနှင့်။ ၂၇အမျက် မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။

မှားယွင်းသော ပရောဖက်နဲ့ ပတ်သက်တာလေးပါ


ကျနော်တို့ ညီအစ်ကို၊ မောင်နှမတွေအတွက် ဗဟုသုတရစေဖို့ ရည်ရွယ်ပြီး တင်ပေးလိုက်တာပါ။
ပရောဖက်ပြုတယ်ဆိုတာ ကျမ်းစာမှာ အတိအလင်းဖော်ပြထားတဲ့ ဆုကျေးဇူးတစ်မျိုးဖြစ်ပါတယ်။
ဒါပေမယ့် သမ္မာကျမ်းစာပေါ်မှာ အခြေပြုတဲ့ မှန်ကန်တဲ့ ပရောဖက်ပြုချက် ဟုတ်၊ မဟုတ်ဆိုတာ
ကျနော်တို့တွေ ဘယ်လိုသိနိုင်မှာလဲ ........
ပရောဖက်ပြုခြင်းကို မထီမဲ့မြင် မပြုသင့်သလို အရမ်းကာရောကြီးလည်း မျက်စိမှိတ်ယုံလို့ မရပါဘူး။
ယုံကြည်သူတိုင်း အလိုတော်ကို သိနားလည်နိုင်ကြပါစေလို့ ဆန္ဒမွန်ပြုရင်း

ချစ်ခြင်းအားဖြင့်
သမ္မာအလင်း



King David *Full Movie* ဒါဝိဒ်မင်းကြီး


ဒါကတော့ ဒါဝိဒ်မင်းကြီး အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
ကြည့်လို့၊ ဒေါင်းလို့ အဆင်ပြေကြပါစေခင်ဗျာ ....

ချစ်ခြင်းအားဖြင့်
သမ္မာအလင်း

Esther *Full Movie* ဧသတာဝတ္ထု


ဒါကတော့ ဧသတာဝတ္ထု ကိုရိုက်ကူးထားတဲ့ ဇာတ်ကားပါ။
ကြည့်ရ၊ ဒေါင်းရ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

ချစ်ခြင်းအားဖြင့်
သမ္မာအလင်း

Paul the Apostle Full Movie* တမန်တော်ပေါလု


ဒီဇာတ်ကားကတော့ တမန်တော်ပေါလု အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
ကြည့်ရတာအဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ချစ်ခြင်းအားဖြင့်
သမ္မာအလင်း

Jeremiah the Prophet *Full Movie* ပရောဖက်ယေရမိ


ဒီဇာတ်ကားကတော့ ပရောဖက်ယေရမိ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။
မကြည့်ရသေးသူတွေအတွက်တော့ အသုံးဝင်မယ်ထင်ပါတယ်ခင်ဗျာ။
ဒေါင်းချင်ရင်တော့ Internet Download Manager ကို မိမိရဲ့စက်မှာ Install လုပ်ထားလိုက်ပါ။
အဆင်ပြေပြေဒေါင်းနိုင်ပါလိမ့်မယ်။

ချစ်ခြင်းအားဖြင့်
သမ္မာအလင်း

ကမ္ဘာဦးကျမ်း (The Book of Genesis *full movie*)

 

ဒီဇာတ်ကားကတော့ ကမ္ဘာဦးကျမ်း အကြောင်းကို ရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်။
တကူးတကွရှာမကြည့်ဖြစ်တဲ့ ညီအစ်ကို၊ မောင်နှမတွေအတွက် တင်ပေးလိုက်တာပါ။
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

ရှောလမုန်မင်းကြီး ( King Solomon *Full Movie)



ဒီဇာတ်ကားကတော့ ရှောလမုန်မင်းကြီးအကြောင်းကို ရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်။ ကြည့်ဖူးတဲ့သူတွေအတွက်တော့ ဘာမှအသုံးမ၀င်နိုင်ပေမယ့် မကြည့်ဖူးတဲ့သူတွေအတွက်တော့ အသုံးဝင်မယ်ထင်ပါတယ်။

The Book of Revelations *Full Movie* ဗျာဒိတ်ကျမ်း


ဒီဇာတ်ကားကတော့ ဗျာဒိတ်ကျမ်းအကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။
ကျနော်တို့လည်း YouTube ကနေ ရှာထားတာဖြစ်ပါတယ်။ 
မကြည့်ရသေးတဲ့သူတွေအတွက်ရော ကြည့်ဖူးတဲ့သူတွေအတွက်ရော
 မျှော်လင့်ခြင်း၊ ယုံကြည်ခြင်းတွေ အသစ်တဖန်အားပြည့်လာစေချင်ပါတယ်။
ဒေါင်းထားချင်ရင်လည်း ကိုယ့်ရဲ့ကွန်ပြူတာမှာ IDM သာတင်ထားလိုက်ပါ။
 ဒေါင်းရတာ အဆင်ပြေလွယ်ကူပါလိမ့်မယ်။ 

ချစ်ခြင်းအားဖြင့်
သမ္မာအလင်း

ဆားတိုင်ဖြစ်သွားတဲ့ လောတရဲ့ဇနီး


နောက်လှည့်ကြည့်မိလို့ ဆားတိုင်ဖြစ်သွားရရှာတဲ့ လောတရဲ့ဇနီးသည် အကြောင်းကို   
ကျနော်တို့အားလုံး နားရည်ဝပြီးသားပါ။ ဒီဗွီဒီယိုဖိုင်လေးက အဲဒီအကြောင်းအရာနဲ့ 
ပတ်သက်နေတာကြောင့် ကျနော်တို့ပရိသတ်တွေအတွက် လေ့လာနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။
ကမ္ဘာဦးကျမ်း ၁၉

နောဧ သဘောင်္တွေ့ပြီ

ကမ္ဘာဦးကျမ်းစာလာ နောဧသဘောင်္အစိတ်အပိုင်းများ တွေ့ရှိ


တရုတ်နိုင်ငံနဲ့ တူရကီနိုင်ငံက ဧ၀ံဂေလိ ခရစ်ယာန်ဘာသာဝင်တွေဟာ တူရကီနိုင်ငံ အရှေ့ဘက်ရှိ အာရာရတ်တောင်ပေါ်မှာ နှစ်ပေါင်း ၄၈၀၀ သက်တမ်းရှိပြီးဖြစ်တဲ့ နောဧသဘောင်္ရဲ့ အစိတ်အပိုင်းတွေကို
တွေ့ရှိခဲ့ပါတယ်။ အဆိုပါတောင်ပေါ်က သဘောင်္ပျက် အစိတ်အပိုင်းတွေ တွေ့ရှိခဲ့တဲ့နေရာဟာ ကမ္ဘာဦးကျမ်းမှာ ဖော်ပြထားတဲ့အတိုင်း ဘုရားသခင်ရဲ့ ခိုင်းစေချက်ကြောင့် ဆောက်လုပ်ခဲ့တဲ့ နောဧသဘောင်္ကြီး ဆိုက်ကပ် ရပ်နားနာ နေရာလည်းဖြစ်ပါတယ်။ အဲ့ဒီသဘောင်္ပျက်အပိုင်းအစတွေကို ဟောင်ကောင်အခြေစိုက် နောဧသဘောင်္ မှတ်တမ်းရုပ်ရှင်ရိုက်ကူးရေးအဖွဲ့က တွေ့ရှိခဲ့ပြီးနောက် ကာဗွန်သက်တမ်းစစ်ဆေးနည်းနဲ့ စပ်သပ်ပြီး သက်တမ်း ၄၈၀၀ ရှိပြီဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ အဆိုပါသက်တမ်းဟာ နောဧသဘောင်္ရွက်လွှင့်ခဲ့တယ်လို့ ကမ္ဘာဦးကျမ်းမှာ ဖော်ပြထားတဲ့ ရက်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ယခုတွေ့ရှိခဲ့တဲ့ သဘောင်္ရဲ့အစိတ်အပိုင်းမှာ သီးခြားကန့်ထားတဲ့ အခန်းငယ်တွေပါဝင်ပြီး အဲ့ဒီအခန်းတွေဟာ တိရစ္ဆာန်တွေကို ထည့်သွားဖို့ ဆောက်လုပ်ထားခဲ့တဲ့ အခန်းတွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်၊ သင်္ဘာပျက်ကိုတွေ့ပြီးတဲ့နောက် အဲ့ဒီနေရာကို ကုလသမဂ္ဂယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခံရဖို့ လျှောက်ထားသင့်ကြောင်း ဒေသခံအာဏာပိုင်တွေက တူရကီအစိုးရကို တိုက်တွန်းသွားမယ်လို့ ဆိုတယ်။ ဘုရားသခင်ဟာ ကမ္ဘာကြီးမှာ ရာဇ၀တ်မှုတွေထူပြောလာလို့ ကမ္ဘာကို ရေလွှမ်းမိုးမှုနဲ့ ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်အပြီးမှာ နောဧလို့ အမည်ရတဲ့ အမျိုးသားတစ်ဦးကို ဧရာမသင်္ဘောကြီးတစ်စင်းဆောက်လုပ်စေပြီး တိရစ္ဆာန်မျိုး စိတ်တိုင်းရဲ့ ဖိုမတစ်စုံစီကို သင်္ဘောပေါ်တင်ဖို့ စီစဉ်ခဲ့ပါတယ်။ အဲ့ဒီနောက်ရေလွှမ်းမိုးမှုအပြီးမှာ သင်္ဘောကြီးဟာ အဲ့ဒီတောင်ပေါ်မှာ ရပ်တန့်သွားခဲ့တယ်လို့ ဆိုပါတယ်။






မူရင်းမှာ>>>http://www.thesun.co.uk/sol/homepage/news/2949640/Noahs-Ark-found-in-Turkey.html

ချစ်ခြင်းအားဖြင့်
((( သမ္မာအလင်း )))

Share

Twitter Delicious Facebook Digg Stumbleupon Favorites