ဘာအရေးကြီးဆုံးလဲ

ယခုတွင် ယုံကြည်ခြင်း၊ မြော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက်ရှိ၏။ ဤသုံးပါတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။  (၁ကော ၁၃း၁၃)

ခရစ်တော် ပြန်လာချိန်နီးတဲ့အခါ မေတ္တာတွေ လျော့လာမယ်တဲ့။ ညီအစ်ကိုမောင်နှမအချင်းချင်း၊ မိဘနဲ့သားသမီး၊ လူသားအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် မေတ္တာတရားတွေ လျော့လာမယ်။
ဒါကြောင့် လျော့နည်းလာတဲ့ ဒီချစ်ခြင်းမေတ္တာကို ပြန်လည်အားသွင်းဖို့လိုပါတယ်။
ကျမ်းစာကပြောပါတယ်။ ဘုရားသခင်ကိုချစ်သော သူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကိုခပ်သိမ်းသော အရာတို့သည်တညီတညွတ်တည်း ပြုစုကြသည်ကိုငါတို့သိကြ၏။ ဘုရားသခင်၏ သားတော်သည် အများသောညီတို့တွင်သားဦးဖြစ်တော်မူမည်အကြောင်း၊ ဘုရားသခင်သည် ရှေ့မဆွေက သိတော်မူသောသူတို့ကို သားတော်၏ပုံသဏ္ဍန်နှင့် တညီတည်းဖြစ်စေခြင်းငှါ ရှေ့မဆွက ခွဲခန့်မှတ်သား တော်မူ၏။ (ရောမ ၈း၁၈-၁၉)
ဘုရားပုံသဏ္ဍာန်တော်အတိုင်း ဖန်ဆင်းခံသားသမီးတွေအနေနဲ့ ဘုရားသခင်ရဲ့ ဂုဏ်တော်တစ်ခုဖြစ်တဲ့ မေတ္တာကို ဖေါ်ပြဖို့ အလွန်အရေးကြီးပါတယ်။
ချစ်ခြင်းမရှိသောသူသည်ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ ၁ယော၎း၈
ဒါကြောင့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို မှီအောင်လိုက်ရင် အချင်းချင်း ချစ်ခြင်းမေတ္တာကို ပွားများကြပါစို့။


--
မူရင်း..........
http://thangno.com
http://blog.thangno.com
http://newdream.info/

1 comments:

ဘုရားရှင်ကောင်းချီးပေးပါစေ

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites